ရန်နိုင် ● ဆီးချိုဝေဒနာရှင်များအတွက် နံနက်စာ


နံနက်စာဆိုတာ တစ်နေ့တာရဲ့ အရေးကြီးဆုံးပါ။ ဆီးချိုသမားတွေအတွက်ဆိုရင် နံနက်စာကပိုလို့တောင်အရေးကြီးပါသေးတယ်။ ပြီးတော့ မှန်ကန်တဲ့ နံနက်စာက တစ်နေ့တာကို ခွန်အားဖြစ်နေစေမှာပါ။ ပြီးတော့ ဆီးချိုသွေးချိုထိန်းညှိရာမှာ ကူညီပေးဖို့နဲ့ကန်တဲ့ခနဿဓာကိုယ်အချိုးအစားကို ထိန်းညှိပေးတယ်။ အဲဒီတော့ ဆီးချိုဝေဒနာရှင်တွေ နံနက်စာကို ဘယ်လိုစားကြမလဲ။


  • ဟင်းနုနွယ်ရွက်၊ ခရမ်းချဉ်သီး


ဟင်းနုနယ်၊ ခရမ်းချဉ်သီးကို ကြက်ဥအကာနဲ့ကြော်စားတာကလည်း အာဟာရဖြစ်စေပြီး အစာခံစေမယ့် နံနက်စာတစ်မျိုးပါ။ ပရိုတင်းကြွယ်ဝပြီး အင်တီအောက်ဆီဒင့်တွေပါဝင်တဲ့အပြင် သွေးတွင်း သကြားဓာတ်ကိုလည်းထိန်းစေပါလိမ့်မယ်။


  • သစ်သီးဖျော်ရည်


သစ်သီးဖျော်ရည်တွေကသွေးတွင်းသကြားဓာတ်ကိုပြန်တက်စေပြီး ခန္ဓာကိုယ်ကို အာဟာရဖြစ်စေပါလိမ့်မယ်။ ဆီးချိုဝေဒနာ ရှင်တွေအတွက် အကောင်းဆုံးဖျော်ရည်လုပ်ဖို့အဆီမပါတဲ့နို့၊ အဆီမပါတဲ့ဒိန်ချဉ်တို့အသုံးပြုပြီး စတော်ဘယ်ရီသီး၊ ပန်းသီး၊ ဘလူး ဘယ်ရီ၊ ဟင်းနုနွယ်ရွက်တို့ကို ဖျော်ရည်အဖြစ်သောက်သုံးနိုင်ပါတယ်။


  • ဗာဒံစေ့


ဗာဒံစေ့မှာ အင်တီအောက်ဆီဒင့်ကြွယ်ဝနေပြီး ဘယ်ရီသီး၊ မက်မွန်သီး၊ ပန်းသီး၊ လိမေဿမ်ာသီးတို့နဲ့ တွဲဖက်စားသောက်မယ်ဆိုရင် ဆီးချိုရောဂါတွေအတွက် အကောင်းဆုံးနံနက်စာဖြစ်မှာပါ။


  • အဆီမပါတဲ့ဒိန်ချဉ်


ဒီလိုဒိန်ချဉ်အမျိုးအစားက ပရိုတိန်း၊ ကယ်ဆီယမ်နဲ့အခြားအာ ဟာရဓာတ်များစွာပါဝင်ပြီး တစ်နေ့တာလုံး အစာခံစေပါတယ်။ သစ်တော်သီး၊ ပန်းသီး၊ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီးတွေလည်း ထည့်သွင်းစားနိုင်ပါတယ်။


  • ဆန်းဝစ်ခ်ျ


ပေါင်မုန့်အဖြူ၊ ဂျုံမှုန့်၊ သကြားရောစပ်ထားတဲ့အတွက် ဆီးချိုကို ပိုဆိုးရွားစေပါတယ်။ ပေါင်မုန့်ကြမ်းနဲ့လုပ်ထားတဲ့ ဆန်းဝစ်ခ်ျကတော့ ကျန်းမာရေးအတွက်သင့်လျော်ပြီး အာဟာရပြည့်ဝစေပါလိမ့် မယ်။


  • ကွေကာအုပ်


ကွေကာအုပ်မှာပါဝင်တဲ့ ပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်က ခန္ဓာ ကိုယ်တွင်း ကာဗိုဟိုက်ဒရိတ်တွေကိုစုပ်ယူပြီး သွေးတွင်းသကြား ဓာတ်ကိုတည်ငြိမ်စေပါတယ်။ Omega 3 Fatty acid ၊ Folate ပိုတက်ဆီယမ်ပါဝင်တဲ့အတွက် ကျန်းမာရေးနဲ့လည်း သင့်လျော်ပါတယ်။

Share on Google Plus

0 comments:

Post a Comment