ဝဿန် ● ဆံပင်တွေဘာကြောင့်ဖြူလာသလဲ



ပထမဆုံး ဆံပင်ဖြူစတွေ့တဲ့အချိန်က သတိပေးတဲ့အချိန်တစ်ခုပါ။ ခေါင်းဖီးရင်း ကိုယ့်ဘာသာ တွေ့သွားတာဖြစ်စေ၊ တစ်စုံတစ်ယောက်က ပြတာမျိုးဖြစ်စေပေါ့။ ဒါပေမဲ့ ခေါင်းက ဆံပင်ဖြူကို စောစောစီးစီးသိခွင့်ရလိုက်တာကလည်း အရွယ်မတိုင်မီ ဆံပင်ဖြူတာကို ကာကွယ်ဖို့အခွင့်အရေး ရလိုက်တဲ့သဘောပါ။ တကယ်တော့ ဆံပင်ဖြူတာ လူတိုင်းတစ်နေ့မဟုတ်တစ်နေ့ကြုံတွေ့လာရမယ့်ဖြစ်စဉ်ပါ။ ဖြစ်စဉ်ဆိုပေမယ့် စသိကတည်းက အနည်းငယ်အချိန်ဆွဲလို့ရပါတယ်။

ပထမတစ်ချက်ကတော့ အသက်အရွယ် ကြီးရင့်လာတာပါ။ ဘယ်သူမှတော့ ဇရာကိုမလွန်ဆန်နိုင်ပါဘူး။ နောက်ဆုံး ဆံပင်ဖြူခေါင်းမှာထွက်လာတဲ့အခါ ရတဲ့နည်းလမ်းနဲ့တိုက်ဖျက်ဖို့ကြိုးစားကြတယ်။ တစ်ခုကတော့ ဇရာကိုလက်ခံလိုက်ဖို့ပါ။ ဒါမှမဟုတ် ဘ၀နေထိုင်မှုဖြစ်စဉ်ကို ပြောင်းလဲလိုက်ဖို့ပါပဲ။
ဆံပင်ဖြူခြင်းရဲ့အဓိကပြဿနာက အဲဒီဆံပင်ဖြူကို ကိုယ်တိုင်ရောတစ်ခါတစ်ရံ ပတ်ဝန်းကျင်ပါ မြင်နေရခြင်းပါ။ အသက်အရွယ်ကြောင့် ဆံပင်ဖြူလာတာကိုတော့ ဘယ်သူမှမလွန်ဆန်နိုင်ပါဘူး။ တချို့အမျိုးသမီးတွေဆိုရင် အသက် ၅၀ အရွယ်ဝန်းကျင်လောက်အထိ ဆံပင်မဖြူကြပါဘူး။ အဲဒီတော့ အရွယ်မတိုင်ခင် ဘာကြောင့်ဆံပင်တွေဖြူသွားကြသလဲ…။


  • ဆေးကုသမှု

တကယ်လို့ ကိုယ်က ရောဂါတစ်ခုခုကို နာတာရှည်ကုသနေရ ပြီဆိုရင် မျှော်လင့်ထားတာထက် ဆံပင်ဖြူမြင်ရတာစောပါပြီ။ ဘာကြောင့်လဲ ဆိုတော့ ဆံသားဆဲလ်လေးတွေ အပါအ၀င် ခန္ဓာကိုယ်တွင်းအနှံ့က ဆဲလ်လေးတွေက ရောဂါအတွက် တိုက်ခိုက်ခံနေရလို့ပါ။ Vilamin B12  ချို့တဲ့ခြင်းကလည်း စောစီးစွာ ဆံပင်ဖြူနိုင်ပါတယ်။


  • စိတ်ဖိစီးမှု

ဆံပင်ဖြူတဲ့လူတွေအတွက် ပြသဿသနာတစ်ခုက စိတ်ဖိစီးမှုပါ။ စိတ်ဖိစီးခြင်းက ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာတွေကို အိုမင်းရင့်ရောက်စေပါတယ်။


  • ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းက အရောင်ကင်းမဲ့စေပါတယ်။ ဆေးလိပ် ငွေ့တွေကြောင့် အိမ်နံရံ၊ မျက်နှာကျက်တွေ ဘယ်လောက်ဝါထိန်ပြီး အရောင်ကင်းမဲ့နေသလဲဆိုတာ သတိထားမိရင် ခန္ဓာကိုယ်တွင်း အရောင်တွေ ဘယ်လောက်ကင်းမဲ့နေတယ်ဆိုတာ သတိထားမိလောက်ပါပြီ။


  • ဗီတာမင်ချို့တဲ့ခြင်း

နောက်တစ်ခုကတော့ ဗီတာမင် ချို့တဲ့ခြင်းပါ။ အထူးသဖြင့် ဗီတာမင် B12 ချို့တဲ့တာက အရွယ်မတိုင်မီ ဆံပင် ဖြူစေပါတယ်။

Share on Google Plus

0 comments:

Post a Comment