လေယာဉ်အကြာကြီးစီး ကားအကြာကြီးစီးရတာ အသားအရေနဲ့ ဆံပင်ကို ညှိးနွမ်းစေပါတယ်။ အဲဒါဆို ရုပ်ရှင်ဇာတ်ကားတွေထဲက မိန်းကလေးတွေ လေယာဉ်ပေါ်ကနေထွက်လာတော့
Beauty Saloon ကနေထွက်လာသလို လှလှပပလေး ဘယ်လိုထွက်လာကြသလဲ။
နည်းလမ်းကောင်းလေးတွေရှိပါတယ်။
- လည်စည်းပုဝါဆောင်
လေယာဉ်ပေါ်မှာ အိပ်မယ်ဆိုတိုင်း ဆံပင်ပုံမပျက်သွားစေဖို့ ပုဝါလေးနဲ့ ခပ်ဖွဖွစည်းနှောင်ပြီးမှအိပ်ပါ။
- နေရောင်ကာလိမ်းဆေးသုံး
ကောင်းကင်နဲ့ပိုပြီး နီးနေတဲ့အတွက် နေရောင်ခြည်နဲ့လည်း ပိုနီးစပ်ပြီး အသားအရေအတွက် အန္တရာယ်ပိုများပါတယ်။ အဲဒါကြောင့်၂ နာရီတိုင်းတစ်ကြိမ်နေရောင်ကာ လိမ်းဆေးသုံးပေးပါ။
- လက်သန့်စင်ဆေးဆောင်
လက်သန့်စင်ဆေး ဒါမှမဟုတ် Wet Tissue တွေက လေယာဉ်စီးမယ့် လူတိုင်းမပါမဖြစ်ဆောင်သွားရမယ့်ပစ္စည်းပါ။ ကိုယ့်ကိုယ်ကိုယ်သန့်စင်ဖို့ရော၊ ကိုယ့်ထိုင်ခုံသန့်စင်ဖို့အတွက်ပါ အသုံးဝင်ပါလိမ့်မယ်။
- ရေများများသောက်
နောက်တစ်ချက်ကတော့ ရေများများသောက်ပေးဖို့ပါ။ ခန္ဓာကိုယ်တွင်းရော အသားအရေပါအစိုဓာတ်ဖြည့်ပေးဖို့ရေများများသောက်ပေးပါ။
- ခရီးဆောင်ပစ္စည်းအရွယ်လေးသာသုံး
လေကြောင်းလိုင်းတွေက တစ်ချို့သောပစ္စည်းတွေတင်ဖို့ တင်းကျပ်ထားပါတယ်။ အဲဒီတော့ မသွားခင်ကိုယ်စီးမယ့် လေကြောင်းလိုင်းရဲ့သတိပေးချက်တွေကိုဖတ်ထားပြီးလိုအပ်ရင် ခရီးဆောင်အရွယ်လေးတွေသာသုံးပါ။
- လေယာဉ်မစီးခင်ပေါင်းတင်
လေယာဉ်ကိုယ်ထည်ထဲက အေးပြီးခြောက်သွေ့တဲ့ လေက ဆံသားက အစိုဓာတ်ကိုစုပ်ယူပြီး ခြောက်သွေ့ကြမ်းတမ်းသွားစေပါတယ်။ အဲဒီတော့ လေယာဉ်မစီးခင် တစ်ညအလိုကတည်းက ဆံ ကေသာပေါင်းတင်တာမျိုးလုပ်ပေးပါ။
- မိတ်ကပ်မလိမ်းနဲ့
မိတ်ကပ်လိမ်းပြီး လေယာဉ်စီးတာကမိတ်ကပ်လိမ်းပြီး ညအိပ် သလိုပဲအသားအရေအတွက် အန္တရာယ်ရှိပါတယ်။ အဲဒီတော့ အသား အရေကိုစိုပြေနေအောင် အလှဆီလေးသာလိမ်းထားပေးပါ။
0 comments:
Post a Comment