အကောင်းဆုံးဇာတ်ကားဆုရတဲ့ Monlight ရဲ့ ကုန်ကျစရိတ်ဟာ (ငွေဖောင်းပွမှုနှုန်းနဲ့တွက်ရင်) ဒေါ်လာ ၁"၅ သန်းသာရှိလို့ အော်စကာဆု သမိုင်းမှာစရိတ်အနည်းဆုံးဖြင့်ဆုရတဲ့ဇာတ်ကားဖြစ်ပါတယ်။
အသံရောစပ်မှု အင်ဂျင်နီယာ ကက်ဗင်အိုလောနဲ(လ်)ဟာ အော်စကာဆု (၂၁)ကြိမ်လျာထားခံရပြီး ယခုနှစ်ကျမှ Hacksaw Ridge အတွက် အဲဒီဆုရလို့ အော်စကာဆုနဲ့နှစ်အကြာဆုံး ဆက်တိုက်လွဲနေခဲ့သူဖြစ်ပါတယ်။
Monl ငါ့အအတွက်ဇာတ်ပို့ ဆုရသူ မဟာရှားလားအလီဟာ အော်စကာဆုရတဲ့ ပထမဆုံး မွတ်ဆလင်ဘာသာဝင်ဖြစ်ပါတယ်။
Suicide Squad ဇာတ်ကားကို ဝေဖန်ရေးဆရာအများစုက ရှုတ်ချခဲ့ပေမယ့် မိတ်ကပ်နဲ့ဆံပင် ဆုရလို့ပွဲကြည့်ပရိသတ်အားလုံး အံ့အားသင့်သွားပါတယ်။
၂၀၁၆အတွင်း ကွယ်လွန်ခဲ့တဲ့ ရုပ်ရှင်အနုပညာသည်တွေရဲ့ ဓာတ်ပုံတွေကို ဗွီဒီယိုဖြင့်တန်းစီပြသရာမှာ ကွယ်လွန်သူဝတ်စုံဒီဇိုင်း ပညာရှင် ဂျဲနက်ပက်တာဆင်ရဲ့ ဓာတ်ပုံအစား အသက်ရှင်နေဆဲဖြစ်တဲ့ ရုပ်ရှင်ထုတ်လုပ်သူ ဂျန်ချက်(ပ်)မင်းပုံကိုမှားယွင်းဖော်ပြခဲ့ပါတယ်။
0 comments:
Post a Comment