3D ရုပ်ထွက်နဲ့ GamePlay ကအလွန်လိုက်ဖက်ညီတာကြောင့် အခမဲ့ရနိုင်တဲ့ဟဒီဂိမ်းကို လက်မလွတ်သင့်ပါ



Injustice: Gods Amond Us ကို ယခင်က Batman:Arkham City Locked Down ဂိမ်းဖန်တီးသူ NetherRelam Srtudio မှပြုလုပ်ကာ Warner Bros. မှထုတ်လုပ်ပါတယ်။ ဒီဂိမ်းမှာ DC Comics ထဲမှ ဟီးရိုးတွေနဲ့ဗီလိန်တွေ အဓိကပါဝင်ပြီး Vs fighting အမျိုးအစားပါ။ ဒါပေမဲ့ မိုဘိုင်းထိန်းချုပ်မှုစတိုင်နဲ့ကိုက်ညီအောင်ပြုပြင်ထားသလို တစ်ခါဆော့ဖို့အတွက် Energy ပြည့်တာကိုစောင့်ဆိုင်းရတဲ့ မိုဘိုင်းပလက်ဖောင်းဂိမ်းတွေရဲ့ ဆိုးကျိုးလည်းပါဝင်လာပါတယ်။  
ဆော့ကစားသူဟာ ထိန်းချုပ်မှုစနစ်ကို နားလည်စေဖို့ ပထမဆုံးကျူတိုရီရယ် Stageဆော့ကစားရမှာဖြစ်ပြီး Control ကအလွန်လွယ်ကူပါတယ်။ Chars တွေကိုကြေး၊ ငွေ၊ ရွှေ၊ အဆင့်သုံးမျိုးခွဲခြားထားပြီး HP/Damage ကွာခြားပါတယ်။ စစချင်း Bronze အဆင့် Chars သုံးကောင်ရမှာဖြစ်ကာ Level အနိမ့်ပိုင်းရန်သူတွေကို သုံးယောက်တစ်ဖွဲ့ဆီယှဉ်ပြိုင်ရမှာပါ။ မိမိရဲ့အသင်းမှာအနည်းဆုံး Chars ၃ကောင် ပါဝင်ရမှာဖြစ်ပြီး ရန်သူတွေကတော့ stage အလိုက် Boss တစ်ယောက်တည်းပါဝင်တာမျိုးလည်းရှိပါတယ်။ Mini Boss အပါအဝင် Bonus Stage ငယ်တွေလည်းပါဝင်ပြီး ၎င်းတို့က random enemy များနဲ့တိုက်ခိုက်ရမှာဖြစ်ကာ မိမိဟီးရိုးကို Level တစ်ခုချင်းစီမှာ Small Fight အများအပြားပါဝင်ပြီး Stage Level တစ်ခုအောင်မြင်တာနဲ့ Bonus အနေနဲ့ Chars Card or Support Cardများ ရရှိနိုင်ပါတယ်။ Injustice ဂိမ်းမှာ ဟီးရိုတွေကို Card အသွင်ပြောင်းထားပြီး တကယ် Fight ရတဲ့အချိန်မှ ဟီးရိုးအသွင်မြင်ရမှာပါ။ Chars တစ်ဦးချင်းစီဝယ်ယူနိုင်သလို Booster Pack ၃ မျိုးလည်းရှိပါတယ်။ Pack တစ်ခုချင်းစီကို Chars Card တစ်ခုအနည်းဆုံးပါဝင်တာကြောင့်အခုမှမဆော့တဲ့သူတွေအနေနဲ့ Chars တစ်ယောက်ချင်းဝယ်ယူတာထက်စာရင် Booster Pack များကို ဝယ်ယူခြင်းကပိုကောင်းပါတယ်။ နောင်ပိုင်း Level တွေမှာ Bronze အဆင့်ဇာတ်ကောင်များနဲ့မနိုင်နိုင်တာကြောင့် အစောပိုင်းရရှိခဲ့တဲ့ငွေကြေးနဲ့ Silver သို့မဟုတ် Gold ကိုစုပြီးဝယ်သင့်ပါတယ်။ Stage တစ်ခုမှာ Level 8 သို့မဟုတ် ၇ ခုစီနဲ့ Level တစ်ခုချင်းစီမှာ Small Fight များပါဝင်တာကြောင့် ကစားရတာခဏလေးနဲ့ငြီးငွေ့သွားမှာမဟုတ်ပါဘူး။ 3D ရုပ်ထွက်နဲ့
GamePlay ကအလွန်လိုက်ဖက်ညီတာကြောင့် အခမဲ့ရနိုင်တဲ့ဂိမ်းကို လက်မလွတ်သင့်ပါ။
Injustice: God Among Us ကို iOS 5.0 နဲ့ Androd 4.2 အထက်မှာထည့်သွင်းဆော့ကစားနိုင်ပြီး အခမဲ့ရနိုင်တဲ့ app ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ Control ရုပ်ရှင်အလားအသက်ဝင်တဲ့ 3 D Graphic တို့အပြင် အခမဲ့ရနိုင်တာကြောင့် မိုဘိုင်းပလက်ဖောင်းဂိမ်းချစ်သူများအနေနဲ့ ဆော့ကစားကြည့်သင့်တဲ့ ဂိမ်းကောင်းတစ်ခုပါ။

Share on Google Plus

0 comments:

Post a Comment