Who killed the princess Diana /
Princess of Wales?
ဟိုး မကြာသေးခင်ကာလ
ရှေးရှေးတုန်းကပေါ့။ တကယ်တော့ လွန်ခဲ့သောနှစ်၂၀ကပါ။ အတိအကျပြောရရင် ၁၉၉၇ ခုနှစ်
Aug-31 မြန်မာပြည်မှာလည်း Visit Myanmar
Year ၁၉၉၆ ဆိုတဲ့ အထိမ်းအမှတ်အတွက် ဂျပန်ကား ကျကားလေးများလည်းဝင်ရောက်လို့နေပါပြီ။
ထိုင်ခုံခါးပတ်ရောSRS
AirBag ပါတဲ့ကားများလည်း
ရောက်ရှိလို့နေပါပြီ။ အဲဒီအချိန်မှာပဲ တော်ဝင်မင်းသမီးဒိုင်ယာနာ တစ်နည်းအားဖြင့် ဘိလပ်မှာ
မိဖုရားဖြစ်မယ့် မိန်းမချောလေးတစ်ယောက် ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဂျာမနီနိုင်ငံထုတ်နာမည်ကြီး--
Mercedes-Benz S280 ကားအကောင်းစားကြီးနဲ့မတော်တဆ ကားအက်စီးဒင့်ဖြစ်ကာ အသက်သေဆုံးသွားပါတယ်
အဲဒီအချိန်က ခုလိုအွန်လိုင်းအင်တာနက်ကလည်း မဖွံဖြိုးသေးတော့ Hard Copy ဆိုတဲ့ နာမည်ကြီးသတင်းစာ
ဂျာနယ် မဂ္ဂဇင်းများမှာ သူမရဲ့သတင်းဓါတ်ပုံများနဲ့ တစ်လကိုးသီတင်းဝေဆာကာပြည့်နှက်လို့နေပါတော့တယ်။
အထူးသဖြင့်
ရေပန်းစားခဲ့တဲ့ ခေါင်းစဉ်လေးကတော့
Who
killed the princess Diana? ဆိုတဲ့ခေါင်းစဉ်လေးပါပဲ။
ဝေလမင်းသမီးလေးဒိုင်ယာနာကို
ဘယ်သူသတ်လိုက်သလဲ၊ အမျိုးမျိုးထင်ကြေးနဲ့တွေးကြည့်လို့ရတဲ့ အဓိပ္ပာယ်၂ခွမကထွက်တဲ့ ထင်ကြေးအမျိုးမျိုးနဲ့ပေါ့။
ဒီခေါင်းစဉ်လေးကတော်တော်ကိုရေပန်းစားခဲ့ပါတယ်။
အဓိပ္ပာယ်အမျိုးမျိုးကောက်လို့ရအောင် ရေးထားတာလည်းပါပါတယ်။
နာမည်ကြီးတော်ဝင်မင်းသမီး
ဘိလပ်ပြင်ပနိုင်ငံတစ်ခုက ပြင်သစ်မှာ အီဂျစ်လူမျိုး Boy Friend - ဖြစ်သူ Dodi Fayed
ဆိုသူနဲ့ပြန်အထွက် ပါပါရာဇီဆိုတဲ့ သတင်းမုဆိုးသားကောင်များနဲ့ ပက်ပင်းတိုးတော့ ကားမောင်းသူဒရိုင်ဘာကအတင်းလွတ်အောင်မောင်း
ထွက်မထင်မှတ်ဘဲ ကံအကြောင်းမလှစွာကားကလမ်းကြောင်းပြောင်းကာ ပြင်းထန်စွာတိုက်မိပြီး ကားနောက်ခန်းမှာထိုင်တဲ့
ဒိုင်ယာနာမင်းသမီးနဲ့သူ့အဖေါ်အီဂျစ်လူမျိုး ဒိုဒီတို့ မရှုမလှသေဆုံးခဲ့ရတယ်။
ကားမောင်းသူက
ဒိုဒီရဲ့ဒရိုင်ဘာ Henri Paul ရှေ့မှာထိုင်လာသူက ဒိုဒီရဲ့ကိုယ်ရံတော်Trevor Rees
Jone ဆန်းတာကရှေ့ခန်းထိုင်သူ၂ယောက်ပြင်းထန်စွာဒဏ်ရာရပြီးချက်ချင်းမသေခဲ့ပါဘူး။ ကားမောင်းသူကတော့
နောက်ပိုင်းမှာ သေခဲ့ပါတယ်။ ကိုယ်ရံတော်ကတော့ ကံကောင်းထောက်မစွာအသက်ရှင်ခဲ့ပါတယ်။ တော်ဝင်မင်းသမီးဒိုင်ယာနာကို
ဘယ်သူသတ်သလဲဆိုပြီးသံသယများကလည်း ဟိုတစ်မျိုးဒီတစ်မျိုးထင်ကြေးပေးလာကြကာ သတင်းများကလည်း
ဖတ်လို့ကောင်းခဲ့ပါတယ်။
အဲဒီအချိန်ကလူမှုရေးရှုထောင့်ကပဲ
ဇောင်းပေးကာအမျိုးမျိုးရေးနေကြလို့ နည်းပညာအရသုံးသပ်ချက်ကလည်း နည်းနည်းတော့မှေးမှိန်ခဲ့ပါတယ်။
အထူးသဖြင့်တော်ဝင်မင်းသမီး
ဘာသာမတူလူမျိုးခြားနဲ့ လူမှုရေးဖောက်ပြန်တာကိုတော်ဝင်အသိုင်းအ၀ိုင်းကဘယ်တော့မှလက်မခံနိုင်လို့လုပ်ကြံလိုက်တယ်ပြောသူပြော
မင်းသမီးမှာကိုယ်ဝန်ရှိနေပြီ ဒါကိုဘယ်လိုမှလက်ခံလို့မရဘူးဆိုလားပေါ့။ ကားမောင်းသူကလည်းအရက်သောက်ထားတာကိုတွေ့ရတယ်။
ဒါကြောင့်ဖြစ်တယ်ဆိုလားပေါ့။ နည်းပညာနဲ့ပတ်သက်သူအသိုင်းအ၀ိုင်းကလည်း ဒီလောက်ကောင်းတဲ့မာဆေးဒီးစ်ဘင့်ဇင့်ကားမှာ
နောက်ကထိုင်လာတဲ့သူ၂ယောက်စလုံးသေတာလွန်တာပေါ့လို့ပြောလိုပြော သုံးသပ်ဝေဖန်ချက်တွေလည်း အမျိုးမျိုးပြနဲ့ အဲဒီအချိန်ကဒီသတင်းဟာ
ကမ္ဘာမှာတော်တော်နာမည်ကြီးခဲ့ပါတယ်။
အဲဒီအချိန်ဆိုတာ
အတိအကျပြောရရင် ၁၉၉၇ August ၃၁ Earlier Morning 12:00 AM နောက်ပိုင်းမှာ ကားအက်ဆီးဒင့်ဖြစ်ခဲ့တာပါ။
လူကလည်းနာမည်ကြီးတော်ဝင်မင်းသမီး
ကားကလည်းနာမည်ကျော်မာဆေးဒီးစ်ဘင့်ဇ်ဆိုတော့ နာမည်ကြီးပြီပေါ့။ သေရင်ပြီးပြီဆိုတာလူမှာသဘာဝပါ။
မပြီးနိုင်တာက ကျန်နေတဲ့လူတွေပါ။ ဒီလိုကားမျိုးဒီလိုမျိုးနောက်ဖြစ်ရင်ဘယ်လိုလုပ်ရမလဲဆိုတာကို
သက်ဆိုင်ရာကားကုမ္ပဏီကခေါင်းခဲအောင် စဉ်းစားရပါပြီ။ သူကလည်းနာမည်တစ်လုံးနဲ့နေတာလေ။ ကားတိုက်မှုဖြစ်စဉ်မှာတိုက်မိရင်
ခေါင်းကကြေနိုင်သမျှကြေအောင်ထုတ်လုပ်ထားရပါတယ်။ ဒါကတော့ ထိခိုက်မှုဖြစ်စဉ်အရ ပြင်းထန်မှုကိုရှေ့ကခံနိုင်သမျှခံရမယ်။
ဒါမှနောက်ဘက်ပိုင်းကိုပြင်းထန်မယ့် ဒဏ်အားကလျော့နည်းပါမယ်။ ခေါင်းပိုင်းအလွန်ကားအတွင်းပိုင်းမှာလူထိုင်ပါတော့မယ်။
ဒါကြောင့်ကားတစ်စီးတိုက်လို့ ခေါင်းကြေမွသွားတာကိုတွေ့ရင်ကားမကောင်းဘူး။ ပျော့လိုက်တာလို့နှာခေါင်းမရှုံ့ပါနဲ့
အဓိကလူမသေရင်ပြီးရော။ လူကိုထိခိုက်မယ့်ဒဏ်လျော့ရင်ပြီးရောဒီသဘော။ နမူနာပြရရင် မီးရထား၂စီးခေါင်းချင်းဆိုင်တိုက်မိတာခဏခဏကြားမိကြတယ်မဟုတ်လား။
သူတို့တိုက်တာက ကားထက်ပြင်းပါတယ်။
ရှောင်စရာတိမ်းစရာကိုလမ်းကြောင်းမရှိတည့်တည့်မတ်မတ်ကိုအရှိန်ပြင်းပြင်းနဲ့တိုက်မိကြပါတယ်။
ဒါကြောင့်တချို့နိုင်ငံတွေက
စက်ခေါင်းတွဲနောက်မှာဒဏ်ခံနိုင်ဖို့ သီးသန့်တွဲတစ်တွဲထားပေးလေ့ရှိတယ်။ ဖြစ်တာနဲ့သူကရုပ်ပျက်
ဆင်းပျက်ကြေမွသွားရမယ်။ သူကြေမွပျက်စီးမှ နောက်တွဲတွေကို အဆင့်ဆင့်သက်ရောက်ဒဏ်ရောက်တာနည်းသွားမယ်။
သူကတောင့်ခံနေလို့ကတော့ နောက်တွဲတွေလည်းပိုးစိုးပက်စက်ထိခိုက်ပျက်စီးမှုဒဏ်ခံရပေလိမ့်မယ်။
ခု ဒိုင်ယာနာအတွဲစီးခဲ့တဲ့
မာဆေးဒီးစ်ဘင်ဇင့်ပျက်သွားတဲ့ပုံကိုလည်းကြည့်ပါဦးရုပ်ပျက်ဆင်းပျက်ပါပဲ။
ကိုသက်
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment