နစ်ကိုး(လ်)ရှာဇင်းဂါးက ပွဲတက်တုန်းအောက်စလွတ်











Pussycat Dolls မိန်းကလေးပေါ့(ပ်)ဂီတအဖွဲ့ဝင်ဟောင်း၊
လက်ရှိ X-Factor အဆိုပြိုင်ပွဲဒိုင်တစ်ဦးဖြစ်သူ နစ်ကိုး(လ်)ရှာဇင်းဂါး
Dirty Dancing ရုပ်ရှင်ကားဟောင်းကိုပြန်လည်ဆန်းသစ်ထားတဲ့ ရုပ်သံစီးရီးသစ်မိတ်ဆက်ပြသပွဲတက်တဲ့နေ့က ဒူးဆစ်မှာကန့်လန့် ဖြတ်ခွဲထားပြီး ကျောတစ်ပြင်လုံးပေါ်တဲ့ အဖြူရောင်ပိုးဂါဝန်ရှည်ဝတ်ပြီး လမ်းလျှောက်သွားစဉ် သူမရဲ့ အဖြူရောင်အတွင်းခံဘောင်းဘီ ပေါ်သွားမှန်းမသိလိုက်ရှာဘူး။ အဲဒီ ဂါဝန်ဟာ ရင်ဘတ်ဟိုက်လွန်းလို့ သူမရဲ့ မို့မောက်တဲ့ရွှေရင်အစုံလည်း တစ်ခြမ်းစီပေါ်နေပါတယ်။ ခြေထောက်မှာ ကြေးနီရောင်ဒေါက်ဖိနပ်စီးကာ ပခုံးတစ်ဘက်ပေါ်မှာ အနက်ရောင်ဘလေဇာကုတ်အင်္ကျီလွှားထားပါတယ်။ အထူးပွဲပြသပြီး တဲ့ TOA ကလပ်မှာ ကျင်းပတဲ့ ဧည့်ခံပွဲကိုဂျေလိုရဲ့ချစ်သူဟောင်း ကက်စပါစမတ်နဲ့အတူ သွားကြပါတယ်။ နစ်ကိုး(လ်) အောက်စလွတ်တာ သူမကိုယ်တိုင်သတိမထားမိလိုက်ပေမယ့် ပါပါရာဇီတွေကတော့ အမိအရ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။ နစ်ကိုး(လ်)ဟာ နှစ်ဆန်းတုန်းက လန်ဒန် ဖက်ရှင်ရက်သတ္တပတ်ပွဲကျင်းပတဲ့ခန်းမရှေ့ သူမကိုလာကြိုတဲ့ ကားပေါ်တက်စဉ် စကတ်ကတိုလွန်းလို့တင်ပါးပေါ်သွားခဲ့ပါသေးတယ်။

---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်



Share on Google Plus

0 comments:

Post a Comment