သင့်မှာတန်ဖိုးကြီး
Android စမတ်ဖုန်းတစ်လုံးရှိခဲ့မယ်ဆိုရင် ဒီ Apps ကို မဖြစ် မနေထည့်သွင်းရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့
အကြောင်းအမျိုးမျိုးကြောင့် သင်ဟာ သင့်ရဲ့ဖုန်းကို အမြဲတစေ မျက်စိထောင့်ထောက်စောင့်ကြည့်နေနိုင်မှာမဟုတ်ပါဘူး။
ဖုန်းအားသွင်းနေရင်းပဲဖြစ်ဖြစ်၊ ရုတ်တရက်အနီးအနားကို ထသွားထလာပြုလုပ်မိတာပဲ
ဖြစ်ဖြစ်
တန်ဖိုးကြီးလှတဲ့ ကိုယ့်ရဲ့စမတ်ဖုန်းဟာ ကိုယ်နဲ့ကင်းကွာသွားတတ်ကြပါတယ်။ ဒီလိုအချိန်အခါမျိုးဟာ
ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဆိုရင် အရေးမကြီးလောက်ပေမယ့် တခြား နေရာဒေသတစ်ခုခုကိုရောက်ရှိနေလို့
အစိမ်းသက်သက်ဖြစ်နေတဲ့ ပတ်ဝန်းကျင်နဲ့ဆိုရင်တော့ ကိုယ့်ရဲ့စမတ်ဖုန်းအတွက် စိုးရိမ်စရာဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။
ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်ကပဲ ခဏခဏသတိမေ့တတ်ပြီး ဖုန်းပျောက်ရှတာမျိုးကိုကာကွယ်ချင်
တာပဲဖြစ်ဖြစ်၊ ကိုယ်မရှိတဲ့အချိန်အခိုက်အတန့်ခဏလေးမှာကိုယ့်ရဲ့ဖုန်းကို သူတစ်ပါးယူသွားတာတို့၊
အချက်အလက်တွေကို ၀င်ကြည့်တာတို့ မဖြစ်ရအောင် ဒီ Anti theft alarm Apps လေးနဲ့ ကြိုတင်တားဆီးကာ
ကွယ်ထားနိုင်ပါလိမ့်မယ်။
ဒီ Apps ကို
ရယူဖို့အတွက် ပထမဆုံး Google Play Store ဒါမှမဟုတ် One Mobile Store လို နေရာမျိုးကနေ
Anti Theft Alarm လို့ ရိုက်ထည့်ပြီးရှာဖွေလိုက်ပါ။ ဒီလိုရှာဖွေလိုက်တာနဲ့ Anti
Theft Alarm ဆိုတဲ့နာမည်နဲ့ Apps တွေများစွာပေါ်လာတဲ့အထဲက
mmapps mobile ဆိုတဲ့ ကုမ္ပဏီကထုတ်လုပ်တဲ့ Anti Theft Alarm ဆိုတဲ့ နာမည်ပါတဲ့ Apps
ကိုရွေးချယ်ပြီးထည့်သွင်းရမှာဖြစ်ပါတယ်။
ထည့်သွင်းပြီးတာနဲ့
စတင်အသုံးပြုနိုင်ဖို့ Apps ထဲကို ၀င်လိုက်ရင် ပထမဆုံးမြင်ရတဲ့ Alarm Setting မှာ Motion လား Charger လားဆိုတဲ့ mode ကို ရွေးချယ်ပေးရပါလိမ့်မယ်။
နှစ်မျိုးစလုံးကိုရွေးချယ် ထားရင်လည်းရပါတယ်။ အဓိပ္ပါယ်ကတော့ Motion ဆိုတာကဖုန်းကိုလက်ရှိနေရာ
ကနေနဲနဲလေးရွေ့လိုက်တာ၊ လှုပ်လိုက်တာနဲ့ Alarm ပေးမှာဖြစ်ပြီး Charger ကတော့ အားသွင်းထား
ရာကနေဖြုတ်လိုက်တာနဲ့ Alarm ပေးမှာဖြစ်ပါတယ်။ ပြီးရင် အောက်ဘက်မှာဆက်ပြီးရွေးချယ်နိုင်တာကတော့
Security Setting နဲ့ Alarm ပေးမယ့်အသံ Tone တို့ဖြစ်ပါတယ်။ ပြီးရင် ကိုယ်ထသွားတော့မယ်ဆိုတာနဲ့
Activate Alarm ကိုနှိပ်ပြီး ဒီအတိုင်းထားခဲ့ရုံပါပဲ။ ဒါဆိုရင် ကိုယ်မရှိတုန်းကိုယ့်ရဲ့ဖုန်းကို
ကိုင်လိုက်တာနဲ့ ကျယ်ကျယ်လောင်လောင်အသံနဲ့ Alarm ထမြည်မှာဖြစ်ပါတယ်။
ပြီးရင် အောက်ဆုံးမှာဆက်ပြီးတွေ့ရမှာက
Advanced Settings ဖြစ်ပြီး ဖုန်းကိုဘယ်လောက်ထိလှုပ်ရှား မှုမျိုးမှာသိရှိနိုင်ဖို့ ထားမလဲ၊
မြည်တဲ့အသံရဲ့အကျယ်နှုန်းက ဘယ်လောက်လဲအစရှိသဖြင့် ဆက်လက်ချိန်ညှိ ရွေးချယ်နိုင်မှာဖြစ်ပြီး
ဖုန်းရဲ့လှုပ်ရှားမှုနှုန်းဖြစ်တဲ့ Motion Sensibility ကို ၁၀၀ အပြည့်တင်ထားတာအကောင်းဆုံးဖြစ်ပါတယ်။
ဒါမှကိုယ့်ရဲ့ဖုန်းကိုနည်းနည်းလေးထိတာနဲ့ထမြည်မှာဖြစ်ပါတယ်။
---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment