'ဒေါသဆိုတာ
ခန္ဓာကိုယ်တွင်း သွေးကြောလေးတွေအစပျက်စီးစေနိုင်တဲ့အက်ဆစ်ထက်ကို ပိုပါတယ် ဆိုပြီး ဟက်တွိန်းကပြောခဲ့ပါတယ်။
ဒေါသက သဘာဝကျပါတယ်။ ကျန်းမာတယ်ဆိုတဲ့ ခံစားချက်တစ်ခုပါ။ အမြဲတမ်းတော့ အဆိုးကြီးမဟုတ်ပါဘူး။
ကိုယ်ထိခိုက်နာကျင်ရတဲ့အချိန်မှာ ခွန်အားတစ်ခုအနေနဲ့ ပြောင်းလဲပေးနိုင်ပါတယ်။ ဒါပေမဲ့
ဒေါသကို ထိန်းချုပ်ဖို့ခက်လာပြီဆိုရင်တော့ ကိုယ့်ဘ၀ကို ထိခိုက်စေလာပါပြီ။ အဲဒီတော့
ခန္ဓာကိုယ်ကို ပျက်စီးစေတဲ့ ဒေါသတွေကို ဘယ်လိုထိန်းချုပ်ကြမလဲ…။
တရားထိုင်
တရားမှတ်လိုက်တဲ့အတွက်
စိတ်နဲ့ခန္ဓာကိုယ်တည်ငြိမ်အေးချမ်း သွားစေပါတယ်။ တရားမှတ်ဖို့အတွက် သက်သောင့်သက်သာထိုင်ပြီး
ဝင်လေထွက်လေနဲ့ လက်ရှိ ပစ္စုပ္ပန်ကိုစိတ်ထဲမှတ်ပါ။
အသက်၀၀ရှူ
အသက်ခပ်ပြင်းပြင်းရှူသွင်း/
ထုတ်ပြီးတော့လည်း ဒေါသကိုထိန်းချုပ်နိုင်ပါတယ်။ အသက်ပြင်းပြင်းရှူတဲ့အတွက် နှလုံးခုန်နှုန်းကို
နှေးသွားစေပြီးသွေးဖိအားကို တည်ငြိမ်စေသလို
ခန္ဓာကိုယ်လည်း
သက်သောင့်သက်သာဖြစ်သွားစေပါတယ်။
လမ်းလျှောက်
ဒေါသထွက်နေတဲ့အချိန်
လမ်းလျှောက်တာလိုမျိုး ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလုပ်တာအကောင်းဆုံးပါ။ လမ်းလျှောက်နေတဲ့အချိန်
ခန္ဓာကိုယ်ကထုတ်လွှတ်တဲ့ Endorphin ဟိုမုန်းက လူကို အကောင်းမြင်ပြီးပျော်ရွှင်စေပါတယ်။
အမှတ်စဉ်ရေ
ဒေါသတွေ ပြေလျော့သွားစေဖို့
နည်းလမ်းကောင်းတစ်ခုပါ။ ထိရောက်တဲ့နည်းလမ်းဟောင်းဆိုရင်လည်း မမှားပါဘူး။ ဒေါသထွက်ပြီး
တစ်ခုခုပြောတော့မယ်ကြံတိုင်း မပြောခင် ၁ ကနေ ၁၀ အထိရေတွက်လိုက်ပါ။
ဒါက ဒေါသနဲ့အတူ
ရန်လိုစိတ်တွေကိုပါလျော့ကျစေပါတယ်။
ဟာသလုပ်
ဟာသလုပ် ရယ်မောစရာကောင်းတာလေးတွေက
ဒေါသကို အရည်ပျော်ကျစေပါတယ်။ အဲဒါကြောင့် ဒေါသထွက်နေချိန် ဘာတုံ့ပြန်တာမျိုးမှမလုပ်ဘဲ
ဟာသစာအုပ်လေးဖတ်တာမျိုးလုပ်ပေးပါ။
လေ့ကျင့်ခန်းလုပ်
ဒေါသထွက်နေချိန်
အာရုံလွှဲဖို့အတွက် ကြွက်သားလေ့ကျင့်ခန်း တစ်ခုခုလုပ်ပေးမယ်ဆိုရင် ဒေါသကို ပြေလျော့သွားစေသလို
အိပ်စက်တဲ့အခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါလိမ့်မယ်။
ရန်နိုင်
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment