App တစ်ခုချင်းအတွက် သီးသန့်အသုံးပြုနိုင်ဖို့ Lockdown Pro







စမတ်ဖုန်းတွေဟာ အခုအချိန် မှာ လူအများစုအတွက် တစ်ကိုယ်ရေ အချက်အလက်တွေကို အလွယ် တကူအသုံးပြုသိမ်းဆည်းနိုင်တဲ့ အသုံးအဆောင်ပစ္စည်းတစ်ခု ဖြစ်လာခဲ့ပါပြီ။ အထူးသဖြင့် စမတ်ဖုန်းနဲ့ ဓာတ်ပုံရိုက်မယ်။ message တွေပို့မယ်။ လူမှုကွန်ရက်တွေ Web စာမျက်နှာတွေအသုံးပြုမယ် အစရှိသဖြင့် ကိုယ်အသုံးပြုခဲ့သမျှ အရာတွေအားလုံးကို တိတိကျကျ မှတ်သားသိမ်းဆည်းပေးနိုင်တဲ့အတွက် လူမှုပတ်ဝန်း ကျင်မှာမရှိမဖြစ် နေ့စဉ်အသုံးပြုလာကြတဲ့ နည်းပညာပစ္စည်းတစ်ခုအဖြစ် တဖြည်းဖြည်း ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် စမတ်ဖုန်းထဲကကိုယ့်ရဲ့ တစ်ကိုယ်ရေအချက်အလက်တွေဟာ ကိုယ့်အတွက် အလွန်အရေးကြီးသလို ကိုယ်တစ်ယောက်သာ အသုံးပြုနိုင်မယ့် သီးသန့်အချက်တွေ ဖြစ်နေဖို့ လိုလာခဲ့ပြီ ဖြစ်ပါတယ်။ Android စမတ်ဖုန်းတွေအတွက် လုံခြုံရေးစနစ်ဟာ အခုအခါမှာ OS အဆင့်မြင့်လာတာနဲ့အမျှ တဖြည်းဖြည်းပိုပြီး ကောင်းမွန်လာခဲ့ကြပါတယ်။ အထူးသဖြင့် စမတ်ဖုန်း ထုတ်လုပ်သူတွေဟာ ကိုယ့်ရဲ့ဖုန်းကို ကိုယ်ကလွဲပြီး တခြားသူတွေ အလွယ်တကူအသုံးမပြုနိုင်အောင် lock ချထားနိုင်ဖို့အတွက် builtin အနေနဲ့  Pattern,PIN,Passward စတဲ့ စနစ်တစ်ခုလုံးကို ကာကွယ်ထား နိုင်မယ့် လုံခြုံရေးစနစ်ကို ထည့်သွင်းပေးထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစနစ်ဟာဖုန်း Screen Off ဖြစ်တာနဲ့ ဖုန်းကို lock ပြုလုပ်လိုက်ပြီး ပေးထားတဲ့ Pattern,PIN,Passward အတိုင်း မှန်ကန်စွာ ပြန်လည်ထည့်သွင်း နိုင်မှ ဖုန်းကို ဆက်လက်အသုံးပြုနိုင်မှာဖြစ် ပါတယ်။ နေ့စဉ်ဖုန်းအသုံးပြုမှု များပြားတဲ့သူတွေဆိုရင်တော့ ဒီလိုအမြဲတမ်း ပြန်လည်ထည့်သွင်းနေရတာဟာ ဖုန်းအတွက် လုံခြုံပေမယ့် ငြီးငွေ့စရာတစ်ခုသဖွယ် ဖြစ်လာပါလိမ့်မယ်။ ဒီအခါမှာ ဖုန်းတစ်ခုလုံးကို lock ပြုလုပ်စရာမလိုဘဲ ထည့်သွင်းထားတဲ့ App တွေအကုန်လုံးကို တစ်ခုချင်းစီလိုအပ်သလို lock ပြုလုပ်နိုင်ခဲ့ရင် အလုပ်ရှုပ်သက်သာကာ ပိုပြီး အဆင် ပြေစေမှာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်နိုင်ဖို့ အတွက် သီးသန့် App တစ်ခုဖြစ် တဲ့ Lockdown Pro ဆိုတဲ့ App ကို အသုံးပြုနိုင်ပါတယ်။ ဒီ App ဟာ ဖုန်းထဲမှာရှိသမျှ App တွေ အကုန်လုံးကိုတစ်ခုချင်း lock ပြု လုပ်နိုင်ပြီး ထူးခြားချက်အနေနဲ့ Password ပေးတဲ့နေရာမှာ ပိုမိုရှုပ်ထွေးခက်ခဲတဲ့ calculator အနေနဲ့ ပေးထားနိုင်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် Smart lock လို့ခေါ်တဲ့တည်နေရာ၊ အသုံးပြုတဲ့ Wifi Spot ၊ ချိတ်ဆက်လေ့ရှိတဲ့ Bluetooth device တွေနဲ့လည်းကြိုတင်သတ်မှတ်ထားကာ အလိုအလျောက် umlock ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
 Lockdown Pro ကို အသုံးပြုဖို့ဖွင့်လိုက်တာနဲ့ passward မေ့သွားတဲ့အခါ ပြန်လည်ရယူနိုင်မယ့် email တစ်ခုပေးထားရမှာဖြစ်ပါတယ်။ ပြီးတာနဲ့ Lockdown Apps ကို စပြီးအသုံးပြုနိုင်ပါပြီ။ Apps ရဲ့အပေါ်ဘက် ပိုင်းမှာတော့ Basic Apps တွေကို ပုံမှန်အားဖြင့် တွေ့မြင်ရမှာဖြစ်ပြီး ကျန်တဲ့ Apps တွေကိုတော့ အောက်ဘက်က Nomal Apps ရဲ့ အောက်မှာတွေ့မြင်ရမှာဖြပါတယ်။ Apps တစ်ခုချင်းစီရဲ့ဘေးနား မှာ ရှိတဲ့ button လေးကိုနှိပ်ပြီးရွှေ့ကာ lock လုပ်ချင်တဲ့ Apps ကိုရွေးချယ်ပေးနိုင်တယ်။ lock ပြုလုပ်ထားတဲ့ အချိန်မှာ Lock ပြုလုပ်ထားမှန်း မသိသာစေချင်ရင် fake cover ဆိုတဲ့ လုပ်ဆောင်ချက်နဲ့ဖုံးအုပ်ထားနိုင်ပါ တယ်။ Lockdown Pro ရဲ့ ဘယ်ဘက်အပေါ်ထောင်နားက menu button လေးကိုနှိပ်လိုက်ပါ။ ပေါ်လာ တဲ့ menu ကနေတစ်ဆင့် fake Cover ကိုဝင်ပြီးဖွင့်ထားပေးပါ။ ပြီးရင် ကိုယ် lock ပြုလုပ်လိုက်တဲ့ Apps ရဲ့ on/off button လေးကိုခဏလေးဖိထားလိုက်ပါ။ ဒါဆိုရင် Apps ရဲ့ဘေးမှာ fake ဆိုတဲ့ စာတန်းလေး ပေါ်လာမှာဖြစ်ပါတယ်။
     ပြီးရင် Private Gallery ဆိုတဲ့နေရာမှာ ကိုယ့်ဖုန်းထဲကရှိတဲ့ပုံတွေကို ပုံမှန် Apps တွေ၊ File Manager တွေကနေ မမြင်အောင် hidef ပြုလုပ်ထားနိုင်တာမို့ သတ်မှတ်ပေးထားနိုင်ပါတယ်။ ဒီလို hide ပြုလုပ်တဲ့ အခါမှာ Lockdown Pro ကို အသုံးမပြုချင်တော့လို ပြန်ပြီးထုတ်ပစ်ချင်တဲ့အခါ မထုတ်ပစ်ခင် unhide  ပြန် လုပ်ထားမှ ပုံတွေကိုပြန်မြင်ရမှာဖြစ်ပါတယ်။ အဲဒီအောက်နားမှာရှိတဲ့ smart lock ကတော့ ကိုယ်နဲ့ချိတ် ဆက်အသုံးပြုနေကျ Bluetooth device, WiFi Sport, Location တစ်ခုခုရောက်တာနဲ့၊ lock ပြုလုပ်ထား သမျှတွေ အလိုလျောက်ပွင့်သွားအောင် ကြိုတင်သတ်မှတ်ထားနိုင်မှာဖြစ်ပါတယ်။ အောက်ဘက်မှာရှိတဲ့ password Mode ကိုပြန်လည်ရွေးချယ်ပြီး ကိုယ်တစ်ခါမှအသုံးမပြုဖူးသေးတဲ့ Password Patterm အသစ် တစ်ခုကို ဖန်တီးအသုံးပြုနိုင်ပါတယ်။

မင်းသုနောင်

---

ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်




Share on Google Plus

0 comments:

Post a Comment