ခရီးသွားရာသီမှာ အသင့်တော်ဆုံးစမတ်ဖုန်း APP



ကျွန်တော်တို့ဟာ Android စမတ်ဖုန်းတွေကိုဘက်စုံအသုံးပြုနိုင်အောင် Apps တွေထည့်သွင်းခဲ့ကြတာ အတော်လေးခရီးရောက်လာခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။ ဒီအထဲကမှ စမတ်ဖုန်းကိုအချိန် ရာသီလိုအပ်ချက်အလိုက် အသုံးချနိုင်မယ့် လုပ်ဆောင်ချက်လေးတွေကိုလည်း အခါအားလျော်စွာထည့်သွင်းပြီး အသုံးချတာမျိုးလည်း အသုံးပြုသူအတော်များများပြုလုပ်လာခဲ့ကြပါတယ်။ ဥပမာ ခရီးသွား အပန်းဖြေတဲ့ရာသီရောက်ရင် ခရီးသွားတဲ့အခါ ကိုယ်သွားမယ့်နေရာရဲ့အချက်အလက်၊ သဘာဝပတ်ဝန်းကျင်နဲ့တွေ့ကြုံရမယ့်အခက် အခဲလေးတွေကို ဖြေရှင်းနိုင်ဖို့ကြိုတင်လေ့လာထားကြသလိုလို အပ်တဲ့အခါ အသုံးပြုနိုင်ဖို့ ကိုယ်နဲ့ကိုက်ညီမယ့် App လေးတွေ ကို စမတ်ဖုန်းတွေထဲ ထည့်သွင်းထားတတ်ကြပါတယ်။ အထူးသဖြင့်ကိုယ်ခရီးသွားနေတဲ့အခါ ဘယ်နေရာရောက်နေသလဲဆိုတဲ့ တည်နေရာပြ(မြေပုံလမ်းညွှန်စနစ်)အပြင် ကိုယ်သွားခဲ့တဲ့ ခရီးမိုင် အကွာအဝေးဘယ်လောက်ရှိလဲ၊ သွားနေတဲ့ကားက အမြန်နှုန်းဘယ်လောက်နဲ့သွားနေတာလဲ၊ ဘယ်ရက်မှာ အကွာအဝေးမိုင် ဘယ် လောက်သွားခဲ့ပြီလဲ၊ လက်ရှိရောက်ရှိနေတဲ့အရပ်မျက်နှာက ဘယ်နေရာမှာလဲ အစရှိတဲ့ အသေးစိတ်အချက်အလက်တွေကို တစ်စုတစ်စည်းတည်း မှန်မှန်ကန်ကန်ဖော်ပြပေးနိုင်တဲ့ လေးတွေ ထည့်သွင်းပြီးအသုံးပြုလာကြပြီ ဖြစ်ပါတယ်။
ဒီ Apps ကို စတင်အသုံးပြု ဖို့အတွက် Google Play Store မှာ Ulysse Speedometer လို့ ရိုက်ထည့်ပြီးရှာဖွေပါ။ ဒါမှ မဟုတ် ပေးထားတဲ့ Link ကနေ Download ရယူပြီးထည့်သွင်းပါ။ ပြီးရင် install ပြုလုပ်ပြီးဖွင့် လိုက်ပါ။ ပထမဦးဆုံး ဒီ Apps ကို အသုံးပြုတဲ့ အခါ ကိုယ့်ဖုန်းရဲ့မျက်နှာ ပြင်နည်းပညာနဲ့ ဒါမှမ ဟုတ်တည်နေရာပြစနစ်တွေနဲ့ အခန့်မသင့်ရင်ရောထွေးသွားနိုင်တယ်ဆိုတဲ့သတိပေးချက်ကို မြင်ရမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် စမတ်ဖုန်း အတော်များများမှာ ဘာပြဿနာမှမရှိတာကြောင့်  ဒီသတိပေးချက်ကို Close နှိပ်ပြီးပဲကျော်သွားလိုက်ပါ။ ပြီးရင် Apps ကပေါ်လာတဲ့ License agreement ကိုလည်း accept နှိပ်ပေးပါ။ ဒီ Apps ဟာ Free Apps တစ်ခုဖြစ်ပေမယ့် လုပ်ဆောင်ချက်တူညီပြီး Adv(ကြော်ငြာ)မပါဝင်တဲ့ သီးသန့် Pro version ကိုလည်း Paid Version အနေနဲ့ အသုံးပြုနိုင်ပါသေးတယ်။
ပထမဆုံး Apps ဖွင့်လိုက်တဲ့အခါလိုအပ်တဲ့ GPS Signal ကိုရယူဖို့အတွက် အနည်းငယ်စောင့်ဆိုင်းပေးရပါလိမ့်မယ်။ (ဒီ အတွက် GPS ကို ကြိုတင်ဖွင့်ထားရပါမယ်)ပြီးရင် Apps မှာ လုပ် ဆောင်ချက်တစ်ခုချင်းစီကို ဒိုင်ခွက်ပုံစံ အ၀ိုင်းလေးတွေနဲ့ ဖော်ပြပေးထားပြီး ကျန်တဲ့အချက်အလက်ကလေးတွေကို ဘေးနားမှာ ၀န်းရံထားတာတွေ့ရမှာဖြစ်ပါတယ်။ ဒိုင်ခွက်ကလေးတွေမှာတော့ ကိုယ်သွားနေတဲ့ကားရဲ့အရှိန်ကို တိုင်းတာဖော်ပြမယ့်နေရာ၊ digital သံလိုက်အိမ်မြှောင်၊  GPS နဲ့ သွားခဲ့တဲ့ ပျမ်းမျှအမြန်နှုန်း အစရှိတဲ့ အချက်အလက်တွေကိုတွေ့ရမှာဖြစ်ပါတယ်။
ဖော်ပြထားတဲ့ဒိုင်ခွက်တစ်ခုချင်းစီဟာ တစ်နည်းအားဖြင့် button လေးတွေဖြစ်ပြီး အပေါ်ကို တစ်ချက်နှိပ်လိုက် တာနဲ့ သက်ဆိုင်ရာလုပ်ဆောင်နိုင်စွမ်းတွေ ထပ်မံပေါ်ပေါက်လာမှာဖြစ်ပါတယ်။ အထူးသဖြင့် အမြန်နှုန်းကို အဓိကဖော်ပြပေးတဲ့ mph Stamdard ကို နှိပ်လိုက်ရင် Button လေးတွေပါဝင်တဲ့ Menu တစ်ခုထဲကို ရောက်ရှိသွားမှာဖြစ်ပါတယ်။ အဲဒီကနေ လမ်းညွှန်မြေပုံနဲ့တွဲဖက်ဖော်ပြတာမျိုးအရှိန်အရမ်း များတဲ့အခါ သတိပေးတာမျိုးပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
တခြားကျန်တဲ့ဒိုင်ခွက်အသေး လေးတွေမှာလည်း sub-menu လေးတွေ ပါရှိနေမှာဖြစ်ပြီး ဘယ်ဘက် အောက်ဆုံးနားက Trip: Record မှာဆိုရင် ကိုယ်သွားချင်တဲ့၊ သွားခဲ့တဲ့ ခရီးတွေရဲ့ မှတ်တမ်းတစ်ခုချင်းစီကို ပြန်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Share on Google Plus

0 comments:

Post a Comment