Apple ID တစ်ခုဖန်တီးကြမယ်









လက်ရှိပြည်တွင်းဈေးကွက်မှာရော ပြည်ပမှာပါ လူကြိုက်အများဆုံးမိုဘိုင်းဖုန်းအမျိုးအစားအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်တဲ့ Apple ရဲ့ iPhone တွေဟာ အသုံးပြုသူတွေရဲ့ လက်ထဲကို တော်တော်လေးကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေကြပြီဖြစ်ပါတယ်။ ဈေးကွက်အနေအထားအရ တခြားစမတ်ဖုန်းများစွာနဲ့ ယှဉ်ပြိုင်နေရဆဲဖြစ်ပေမယ့် Apple အသုံးပြုသူပရိသတ် အခိုင်အမာရရှိထားတာကတစ်ကြောင်း၊ အရည်အသွေးနဲ့နည်းပညာပိုင်းမှာ ထိပ်ဆုံးကနေပဲဦးဆောင်လေ့ ရှိတာကတစ်ကြောင်း၊ ဈေးနှုန်းကြီးမြင့်ပေမယ့် အရည်အသွေးပိုင်းမှာ စိတ်ချရတဲ့အတွက် လူကြိုက်များရေပန်းစားတဲ့စမတ်ဖုန်းအဖြစ် လွှမ်းမိုးထားနိုင်တာ Apple ရဲ့ထူးခြားချက်တစ်ခုဖြစ်ပါတယ်။ 

ဒါပေမဲ့ အခုနောက်ပိုင်းမှာ Apple User တွေ အလွန်များပြားလာပေမယ့် iPhone အသုံးပြုသူတွေထဲမှာ မိမိကိုယ်ပိုင် Apple ID နဲ့ အသုံးပြုသူအရေအတွက်ဟာ အလွန်တရာနည်းနေသေးတာကို အံ့သြဖွယ်တွေ့ကြရပါတယ်။ ဖုန်းဝယ်ယူတဲ့အခါ ဖုန်းဆိုင်ကထည့်ပေးလိုက်တဲ့/ ဖွင့်ပေးလိုက်တဲ့ ID နဲ့သာ အသုံးပြုကြပြီး ဆိုင်တစ်ချို့သာ Customer တွေအတွက် သီးသန့် mail တစ်ခုနဲ့ကိုယ်ပိုင် Apple ID တစ်ခုဖန်တီးပေးတတ်ကြတာကိုလည်း အလွန်နည်းပါစွာတွေ့ကြရပါတယ်။ 

ဒီအတွက် အားနည်းချက်ကတော့ Apps တစ်ခုချင်းစီအတွက် Update ပြုလုပ်တဲ့အခါ Apps အသစ်ထည့်သွင်းချင်တဲ့အခါနဲ့ In-App-Parched Apps တွေအတွက် Payment ဝန်ဆောင်မှုတွေနဲ့အသုံးပြုချင်တဲ့အခါ အသုံးပြုလို့မရတဲ့အခက်အခဲတွေရှိလာတတ်ပါတယ်။ ဒါ့အပြင် Apple ရဲ့ အဓိကလုံခြုံရေးဝန်ဆောင်မှုဖြစ်တဲ့ iCloud နဲ့ချိတ်ဆက်အသုံးပြုတဲ့အခါမှာလည်း မိမိကိုယ်ပိုင် သီးသန့်အသုံးပြုတဲ့ Apple ID သာမဟုတ်ခဲ့ရင် အချက်အလက်တွေဟာ လုံခြုံမှုအပြည့်အဝရှိမှာ မဟုတ်တော့ပါဘူး။ ဒါဆိုရင်တော့ မိမိကိုယ်တိုင် Apple ID ဖွင့်ပြီးအသုံးပြုတာဟာ အကောင်းဆုံးပါပဲဆိုတဲ့အချက်ကို မလွဲမသွေဆိုက်ရောက်လာခဲ့ပြီးဖြစ်ပါတယ်။ 

ဒီလိုမိမိကိုယ်တိုင်ဖွင့်ပြီး အသုံးပြုဖို့အတွက်လည်း ခက်ခက်ခဲခဲလုပ်ဆောင်စရာမလိုဘဲ သာမန် Web Account တစ်ခုဖွင့်သလိုပဲ လွယ်လွယ်ကူကူပြုလုပ်နိုင်ပါတယ်။ မိမိကိုယ်တိုင် Apple ID ဖွင့်ဖို့အတွက်လိုအပ်ချက်တွေကတော့ Internet လိုင်းချိန်ဖြစ်ပြီးသားဖြစ်တဲ့ Laptop (သို့) PC ရယ်၊ Apple ရဲ့နောက်ဆုံးထွက် iTunes Software ရယ်၊ Gmail (သို့) mail အကောင့်တစ်ခုရယ်ပဲ လိုအပ်မှာဖြစ်ပါတယ်။

ပထမဆုံး Computer မှာရှိတဲ့ Browser ကနေ https://appleid.apple.com ကိုအရင်ဖွင့်လိုက်ပါ။ ပြီးသွားရင် Web စာမျက်နှာရဲ့ ညာဘက်အပေါ်ထောင့်နားလေးမှာရှိတဲ့ Create Your Apple ID ဆိုတဲ့ Button လေးကို နှိပ်လိုက်ပါ။ ဒါဆိုရင် Apple Id ဖွင့်ဖို့အတွက် လိုအပ်တဲ့အချက်အလက်တွေဖြည့်သွင်းရမယ့်စာမျက်နှာကို ရောက်ရှိသွားမှာဖြစ်ပြီး အဲဒီမှာ ကိုယ့်ရဲ့ mail address နဲ့တကွအခြားအချက်အလက်အကုန်လုံးကို ဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။ ပြီးရင် အောက်ဆုံးမှာရှိတဲ့ Continue ကိုနှိပ်ပြီး ဆက်သွားပါမယ်။

အခုဆိုရင် Apple ကနေပြီး ကိုယ့်ရဲ့ mail ဆီကို verification code (6) လုံးပါတဲ့ mail ပို့ပေးမှာဖြစ်ပြီး အဲဒီ code (6) လုံးကိုယူပြီး ထည့်ပေးရမှာဖြစ်ပါတယ်။
ခုဆိုရင် ကိုယ်ဖွင့်လိုက်တဲ့ Apple ID Account တစ်ခုပွင့်သွားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ အသုံးပြုဖို့အတွက် လိုအပ်တဲ့ Payment & Shipping အချက်အလက်တွေထည့်ပေးရပါဦးမယ်။ 

ဒီအချက်အလက်တွေကိုတော့ Browser ကနေမထည့်တော့ဘဲ iTunes Application ကနေထည့်ပါမယ်။  iTunes ကိုဖွင့်ပြီး ကိုယ် ခုဏကဖွင့်ထားတဲ့ Username, Passward နဲ့ Sign In ဝင်ပါမယ်။ အဲဒီလို Sign In ဝင်လိုက်တာနဲ့ ကိုယ့်ရဲ့လိုအပ်နေသေးတဲ့အချက်အလက်တွေကိုဆက်ပြီး ဖြည့်ခိုင်းဖို့အတွက် Review ပြုလုပ်ခိုင်းပါလိမ့်မယ်။ Review, Continue, Agree တို့ကိုနှိပ်ပြီး Review Your Address အထိရောက်အောင်သွားပါ။ 

Country အနေနဲ့ US ကိုပဲရွေးချယ်ပါမယ်။ Payment Type ကိုတော့ None ကိုပဲရွေးချယ်ပါမယ်။ ပြီးသွားရင် အောက်မှာရှိတဲ့ Billing Address ကိုဖြည့်ပါမယ်။ ဒီနေရာမှာ အနည်းငယ်သိထားသင့်တာက ဖြည့်ရမယ့် Billing Address ဟာ လက်ရှိအမှန်တကယ် US မှရှိနေတဲ့ နေရာ၊ ဖုန်းနံပါတ်အစရှိသဖြင့်မှန်ကန်ဖို့လိုပါတယ်။ ဒီတော့ ကျွန်တော်တို့က Google ကနေ US မှာ အမှန်တကယ်ရှိတဲ့လိပ်စာတစ်ခုကိုရှာဖွေရပါမယ်။ ဥပမာ (google New York office) လို့ ရိုက်ထည့်လိုက်ကြည့်ပါ။ Google ရဲ့ အမှန်တကယ် New York မှာရှိတဲ့လိပ်စာကိုတွေ့ ပါလိမ့်မယ်။ အဲဒီမှာရှိတဲ့အချက်အလက်တွေကိုယူပြီးဖြည့်သွင်းပါမယ်။

 ဒီနေရာ Apple ဟာ Apple ID အတွက် သင်ဘယ်သူဆိုတာထက် ဘယ်နေရာမှာနေတယ်ဆိုတာအသိအမှတ်ပြုတာကြောင့် Billing Address ရဲ့ အချက်အလက်အမှန်တကယ်မရှိလို့မရပါဘူး။ အလားတူပဲ Billing Address အတွက် Country ရွေးချယ်တဲ့နေရာမှာ ကိုယ်ရွေးချယ်တဲ့နေရာအပေါ်မူတည်ပြီး အမှန်တကယ်ရှိတဲ့လိပ်စာကို ရှာဖွေထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ အဲဒီလိုထည့်သွင်းပြီး Continue နှိပ်ကာဆက်သွားလိုက်ရင်တော့ ကိုယ့်ရဲ့ Apple ID ဟာ iTunes Store မှာ စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ဒီအချိန်မှာ ကိုယ့်ရဲ့ iPhone ထဲကိုထည့်သွင်းမယ်ဆိုရင်လည်း ထည့်သွင်းလို့ရပြီဖြစ်ပါတယ်။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment