ဒီဂိမ်းလေးကတော့
Action ဂိမ်းကြိုက်နှစ်သက်သူတွေအတွက်
Arcade ပုံစံဆော့ကစားရမယ့်
ဂိမ်းလေးဖြစ်ပါတယ်။ အရင်တုန်းက defense ဂိမ်းဆိုရင် tower တွေကနေ လက်နက်တွေနဲ့ ပစ်ခတ်နှိမ်နင်းရပေမယ့်
ဒီတစ်ခါကတော့ အဲဒါနဲ့ပြောင်းပြန်ဖြစ်ပြီး ကောင်းကင်ကကျရောက်လာမယ့် (မြားမိုးရွာသလို)
မြားတွေကို ခုခံကာကွယ်ရမယ့် ဂိမ်းဖြစ်ပါတယ်။ ကိုယ်ဆော့ကစားရမယ့် ကိုယ့်ရဲ့ Hero ကို
(၅)မျိုးအထိရွေးချယ်နိုင်ပြီး ခုခံနိုင်စွမ်းအားမြင့်တဲ့ Hero ကို ဦးစားပေးရွေးချယ်ရမှာဖြစ်ပါတယ်။
ဒီဂိမ်းဆော့ကစားဖို့အတွက် ဖုန်းရဲ့ On screen ပေါ်မှာ ထိန်းချုပ်ကိုင်တွယ်ရမယ့်
controk ပါရှိမှာဖြစ်ပြီး ရိုးရိုးလေးပဲ အသုံးပြုနိုင်ပါလိမ့်မယ်။ ကိုယ့်ရဲ့ Hero ကို
မြားမိုးထဲဖြတ်လျှောက်ရတဲ့အခါ ခုခံကာကွယ်ဖို့အတွက် ကျွမ်းကျင်အောင်ထိန်းချုပ်ဆော့ကစားတဲ့ပုံစံကို
အချိန်အနည်းငယ်လေ့ကျင့်ရမှာဖြစ်ပါတယ်။ ဒီလိုအနည်းငယ်လေ့ကျင့်ပြီးသွားရင်တော့ အလွယ်တကူပဲ
စတင်ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ဒီဂိမ်းဆော့ကစားမယ်ဆိုရင် အရေးကြီးဆုံးသိထားရမယ့်အချက်ကတော့
ဘယ်လိုအသက်ဆက်ရှင်သန်အောင် နေရမလဲဆိုတဲ့အချက်ပါပဲ။ အချိန်ဘယ်လောက်ကြာကြာထိအသက်ဆက်နေနိုင်သလဲဆိုတဲ့အချက်က
သင့်ရဲ့ကျွမ်းကျင်မှုကို ပြသပေးသွားပါလိမ့်မယ်။ ဆော့ကစားတဲ့အချိန် ကြာလာလေလေ ရင်ဆိုင်ရတဲ့
အခက်အခဲတွေက မြားတွေတင်မကဘဲ ထင်မှတ်မထားတဲ့အရာတွေပါ ပါဝင်လာတတ်တာကြောင့် level တက်လေလေ
သတိပိုပြီးထားရလေလေဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အားတော့မလျှော့လိုက်ပါနဲ့ဦး။ ကိုယ့်ရဲ့
Hero ကလည်း အချိန်ကြာလာတာနဲ့အမျှ လျင်မြန်လာပြီး ခံနိုင်ရည်စွမ်းအားမြင့်မားလာသလို
ရရှိလာတဲ့ gold တွေနဲ့ ချပ်ဝတ်တန်ဆာတွေရဲ့အဆင့်ကို မြှင့်တင်နိုင်ဦးမှာဖြစ်ပါတယ်။ ဒီဂိမ်းဟာ
ဆော့ကစားတဲ့သူတွေကို အသစ်အသစ်သောစိန်ခေါ်မှုတွေပေးစွမ်းနိုင်တာကြောင့် အမြင်ဆန်းပြီး
ထူးထူးခြားခြားဆော့ကစားရတဲ့ ဂိမ်းမျိုးဖြစ်ပါတယ်။ ဒီဂိမ်းမှာ ကိုယ့်ရဲ့google play
account နဲ့ ချိတ်ဆက်ထားခဲ့ရင် ကိုယ့်ရဲ့သူငယ်ချင်းတွေအပါအ၀င် ကမ္ဘာတစ်လွှား ဘယ်သူတွေက
ဘယ်လိုအမှတ်မျိုး၊ ဘယ်လိုအောင်မြင်မှုမျိုးရရှိနေတယ်ဆိုတာ အချိန်နဲ့တစ်ပြေးညီ ပြသပေးတဲ့
Leaderboard ကိုလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
ဒီဂိမ်းဟာWellborn
Entertainment က အခမဲ့ရေးသားဖြန့်ချီထားတဲ့ ဂိမ်းလေးဖြစ်ပြီး ဆော့ကစားသူတွေက သတ်မှတ်ပေးတဲ့အဆင့်သတ်မှတ်ချက်မှာ
5 star အထိရရှိထားတာကြောင့် စမ်းသပ်ဆော့ကစားကြည့်ဖို့ တိုက်တွန်းလိုပါတယ်။
Banruka
0 comments:
Post a Comment