ကမ္ဘာလွှမ်းမိုးမှုအကြီးမားဆုံး အမျိုးသမီးများ












ကမ္ဘာလွှမ်းမိုးမှုအကြီးမားဆုံး အမျိုးသမီးများ
တစ်ခါတလေတော့ ဘ၀မှာ အစက်အပြောက် အမှတ်အသား လေးတစ်ခုအဖြစ် ထင်ကျန်ရစ်ခဲ့ဖို့ နာမည်ကြီးလူပုဂ္ဂိုလ်တစ်ယောက်ဖြစ်စရာ မလိုပါဘူး။ သမိုင်းတစ်လျှောက် သာမန်အမျိုးသမီးတွေဟာ သာလွန်တဲ့စွမ်းဆောင်မှုတွေ ဆောင်ရွက်ခဲ့ပြီး သမိုင်းမှတ်တမ်းဝင်သွားကြတဲ့ အဖြစ်တွေ အများကြီးပါ။ ကိုယ် ကဘယ်နယ်ပယ်ထဲကပဲ ဖြစ်ပါစေ။ ဘယ်လိုအရည်အချင်း ကျွမ်းကျင်မှုတွေ တတ်မြောက်ပါစေ ကိုယ့် အိမ်မက်တွေနောက် တစိုက်မတ်မတ်လိုက်ရင်း လူတွေထဲက ထူးခြားတဲ့ လူတစ်ယောက်အဖြစ် ထူးထူးခြားခြားရပ်တည်နိုင်ပါတယ်…။

အောင်ဆန်းစုကြည်
အောင်ဆန်းစုကြည်ဆိုတာတော့ ကမ္ဘာ့နာမည်အကြီးဆုံး နိုင်ငံရေးအကျဉ်းသားတစ်ယောက် လက်ရှိမှာတော့ မြန်မာ့နိုင်ငံရေး ထိပ်တန်းခေါင်းဆောင်တစ်ဦးပါ။ စစ်တပ်ရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင် တွန်းလှန်တဲ့အတွက် နေအိမ် အကျယ်ချုပ် ၁၅ နှစ်ကျခဲ့ပြီး ဒီမိုကရေစီရှေ့ပြေးခေါင်းဆောင် တစ်ဦးဖြစ်ပါတယ်။ သူမလွတ် မြောက်ဖို့အတွက် နိုင်ငံတကာ လှုပ်ရှားမှုတွေပြုလုပ်ခဲ့ရပြီး သူ့ရဲ့ သတ္တိကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၉၉၁ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဗယ်ဆု ချီးမြှင့်ခဲ့ပါတယ်။

အော်ဒရီဟီဘန်
အော်ဒရီက 'ဘ၀မှာ အရေးကြီးဆုံးက ဘ၀ကို ပျော်ရွှင်ဖို့' ဆိုပြီးပြောခဲ့ဖူးပါတယ်။ နာမည်ကြီး ဇာတ်ကားများရဲ့ ကြယ်တစ်ပွင့်၊ ဖက်ရှင်လောကရဲ့ကြယ်တစ်ပွင့် ဖြစ်ခဲ့ဖူးသူ အော်ဒရီက သူမရဲ့ ကျန်ရှိနေတဲ့အချိန်ကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာကိစ္စတွေမှာ ပါဝင်ကူညီခဲ့ပြီ့း UNICEF က ချီးမြှင့်တဲ့ UNICEF သံတမန် ဆုရရှိခဲ့ပါတယ်။

အန်းဖရန့်
ဂျာမနီမှာ နာဇီပါတီ အာဏာရနေချိန် နယ်သာလန်နိုင်ငံမှာ ပုန်းခိုခဲ့ရတဲ့ ဂျူးလူမျိုးတစ်ဦးဖြစ်တဲ့ အန်းဖရန့်ရဲ့ ကြောက်မက်ဖွယ်ရာ ကောင်းနေတဲ့အချိန်မှာ ဂျူးလူမျိုး ကလေးငယ်တစ်ဦးဖြစ်ရခြင်းအပေါ်ရေးသားထားတဲ့ ခံစားချက်နေ့စဉ် မှတ်တမ်းကတွေးတော စဉ်းစားစရာတွေပေးခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အန်းက အသက် ၁၃နှစ် အရွယ်သာရှိပါသေးတယ်။ အသက် ၁၅ နှစ်အရွယ်မှာ သေဆုံးခဲ့ပါတယ်။ မသေဆုံးခင်မှာ နှစ်နှစ်တာအတွင်း ရှောင်ပုန်းရင်း ရေးသားခဲ့တဲ့နေ့စဉ်မှတ်တမ်းထဲမှာ အန်းက 'လူတွေက နှလုံးသား လှတယ်လို့ ကျွန်မယုံကြည်နေတုန်းပဲ။ မင်းပတ်ဝန်းကျင်မှာရှိတဲ့ ပျော်ရွှင်စရာကောင်းတာတွေကိုသာ စဉ်းစားပြီး ပျော်ရွှင်လိုက်စမ်းပါ' ဆိုတဲ့ စကားက သူ့ကို သမိုင်းမှာ နေရာတစ်ခုရရှိစေခဲ့ပါတယ်။

မာသာထရီဇာ
မာသာထရီဇာက ကမ္ဘာကြီးကတောင် ရှိတယ်လို့ မေ့လျော့နေတဲ့ လူသားတွေအတွက် တစ် ကိုယ်ကောင်းစိတ်ကင်းမဲ့၊ ပင်ပန်း ဆင်းရဲခြင်းကို အန်တုကာ အကူ အညီပေးခဲ့ပါတယ်။ သူမနှစ်ပေါင်းများစွာ အကူအညီပေးနေခဲ့ပေမယ့် နာမည်ကြီးဖို့ မရည်ရွယ်ခဲ့ပါဘူး။ ၁၉၇၉ ခုနှစ်မှာတော့ သူ့ရဲ့လုပ်ဆောင်မှုတွေကို ချီးကျူးဂုဏ်ပြုသောအားဖြင့် ငြိမ်းချမ်းရေးနိုဗယ်ဆုချီးမြှင့်ခဲ့ပါတယ်။

အမ်မလီဒေဗစ်ဆန်
အမ်မလီက ၁၉၀၀ နှစ်များ အတွင်းက အမျိုးသမီးများ မဲဆန္ဒပေးပိုင်ခွင့် ရရှိရေးအတွက် အမျိုး သမီးအခွင့်အရေးတက်ကြွလှုပ်ရှား သူတစ်ဦးဖြစ်ပါတယ်။ ၉ ကြိမ် အိမ်ထောင်ကျခဲ့ပြီး ဆန္ဒပြတဲ့အနေနဲ့ မြင်းပြိုင်ပွဲတစ်ခုမှာ ဘုရင်ရဲ့မြင်း အောက်ကိုပြေးဝင်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် သေဆုံးခဲ့ပြီး သူမရဲ့ အသုဘမှာ လူထောင်ပေါင်းများစွာက စီတန်းလှည့်လည်ပြီး အသိအမှတ်ပြုပေးခဲ့ကြပါတယ်။ 

ကိုကိုးရှန်နယ်
ကိုကိုးရှန်နယ်ကတော့ ၂၀ ရာစုအတွက် Time Mazazine ရဲ့ လွှမ်းမိုးမှုအကြီးမားဆုံးလူစာရင်းဝင်ခဲ့သူပါ။ သူမရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့ Channel No.5 နဲ့ အနက်ရောင်ဝတ်စုံက လက်ရှိအချိန်အထိ အမျိုးသမီးတွေရဲ့ မရိုးနိုင်တဲ့ အသည်းစွဲဖြစ်နေဆဲပါ။ ဒီထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက ဖခင်ကလမ်းဘေးဈေးသည်ဖြစ်ပြီး မိခင်က အ၀တ်လျှော်သူဖြစ်ခဲ့ရင်းကနေ ဘ၀ကိုဒီလိုအခြေအနေမျိုးရောက်အောင်ကြိုးစားခဲ့တဲ့ သူ့ရဲ့ စိတ်ဓာတ်ပါ။
 ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment