လတ်တလော
မြန်မာပရိသတ်တွေအကြား ရေပန်းစားနေတဲ့အနုပညာရှင်မှာ မအေးသောင်းဟု သူ့ရဲ့
ပရိသတ်များက ချစ်စနိုးခေါ်ကြတဲ့ အေးဝတ်ရည်သောင်းပဲဖြစ်ပါတယ်။
သူ့ရဲ့အနုပညာသက်တမ်းမှာ အနှစ် ၂၀ခန့်ပင်ရှိနေပြီဖြစ်ကာ သူ့ကိုယ်သူ
ပေါက်စီဟုရည်ညွှန်း
ပြောဆိုတတ်သလိုmntv ရုပ်သံလိုင်းတွင် ထုတ်လွှင့် ပြသလျက်ရှိသော
ရတနာပုံဇာတ်လမ်းတွဲတွင်
ပါဝင်သရုပ်ဆောင်နေသူ တစ်ယောက်ဖြစ်ပါတယ်။ သူမနဲ့တွေ့ဆုံခိုက်…..
အေးဝတ်ရည်သောင်းရဲ့ လတ်တလောအနုပညာလှုပ်ရှားမှု…..
လတ်တလောအနေနဲ့ ကြော်ငြာတွေ၊ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ၊ ဓာတ်ပုံတွေရိုက်ပေးဖြစ်နေပါတယ်။ Myanmar Media 7 က ရိုက်ကူးမယ့် မင်္ဂလာရှိသောအရပ်ရုပ်သံ
ဇာတ်လမ်းတွဲမှာလည်းပါဝင်သရုပ် ဆောင်ဖို့ ရှိပါတယ်။
ပရိသတ်တွေရဲ့အားပေးမှု အတွက်ပြောလိုတာကရော…..
ပေါက်စီပြန်ပြီးရိုက်ဖြစ်တဲ့အထဲမှာ ပထမကားက ဖြိုးငွေစိုးတို့နဲ့ရိုက်တဲ့ Charm
2 ပါ။ ဒုတိယမြောက် ကတော့ ရတနာပုံဇာတ်လမ်းတွဲပါ။ ဒုတိယမြောက်ကားမှာတင် ပရိသတ်ရဲ့ အသိအမှတ်ပြုမှုခံရတော့
အတိုင်းမသိဝမ်းသာတယ်။ မျှော်လည်းမျှော်လင့်မထားဘူး။ ပရိသတ်တွေ ဒီလောက်အထိအားပေး လိမ့်မယ်လို့
မထင်ထားဘူး။ ဒါပေမဲ့ ကိုယ့်ဘက်ကတော့ အကောင်းဆုံးပြင်ဆင်ထားပါတယ်။ ပရိသတ်တွေ အားပေးတဲ့
အတွက် အရမ်းကျေးဇူးတင်ပါတယ်။ အရမ်းလည်းအံ့သြပြီး ပီတိဖြစ်ရပါတယ်။
လူမှုကွန်ရက်ပေါ်မှာရေးသား တာတွေအပေါ်ဘယ်လိုသဘောရလဲ…..
တချို့ကလည်းပျော်ချင်လို့ ၀င်ဖတ်တဲ့သူလည်းရှိတယ်။ ပေါက်စီကတော့ ကဗျာတော့မရေးတတ်ပါဘူး
ဒါပေမဲ့ အဲ့လိုရေးတာလေးတွေကို ဖတ်ရတာသဘောကျတယ်။
စိတ်လည်းချမ်းသာတယ်။
ရုပ်ရှင်ကားကြီးနှစ်ကားရှိတယ်။ ကြော်ငြာတစ်ခုရိုက်ဖို့ရှိတယ်…..
အနုပညာနဲ့ပတ်သက်ပြီး ကမ်းလှမ်းလာတာတွေရှိတဲ့အခါ ကိုယ်နဲ့လည်းကိုက်ညီတယ်။ ဇာတ်လမ်းတို့
ကာရိုက်တာတို့ကလည်း ကိုယ်သဘောကျမယ့်ကာရိုက်တာ ဖြစ်မယ်ဆိုရင်တော့ ပေါက်စီအမြဲတမ်း ရိုက်ဖြစ်
နေမှာပါ။ ဒီကြားထဲမှာ မရိုက်ဖြစ်ဘူးဆိုတာကလည်း တချို့သူတွေက နိုင်ငံခြားမှာ ကျောင်းသွားတက်နေတယ်
ဆိုပြီး မေ့နေကြတာပေါ့နော်။ မြန်မာနိုင်ငံမှာ မရှိဘူးလို့ပဲထင်ကြတယ်။ ရှိတယ်ဆိုတာမသိကြတဲ့သူတွေ၊
မငှားဖြစ်ကြတဲ့သူတွေ အခုတော့ ရှိတယ်ဆိုတာသိသွားကြတော့ ပြန်ပြီးဆက်သွယ်ကြတယ်။ ကမ်းလှမ်း
ထားတာတွေက ဘာရှိလဲဆိုတော့ ရုပ်ရှင်ကားကြီးနှစ်ကားရှိတယ်။ ကြော်ငြာတစ်ခုရိုက်ဖို့ရှိတယ်။
ဇာတ်လမ်းက မင်္ဂလာရှိသောအရပ် ဆိုတာ မြင့်မြတ်နဲ့ ဒါရိုက်တာကိုသြရသ ရိုက်မှာပါ။
အခုအချိန်မှာ ကိုးတန်း ကျောင်းသူ၊ဆယ်တန်းကျောင်း သူရုပ်ရှင်ဆိုရင်ဘယ်လိုမှ
လိုက်ဖက်မှာမဟုတ်ဘူး…..
ဘယ်လိုကာရိုက်တာတွေ စဉ်းစားဖြစ်လဲဆိုတော့ ကိုယ်နဲ့လိုက်မယ့်ဇာတ်ရုပ်ပေါ့။ အခုအချိန်မှာ
ပေါက်စီကို ကလေးတုန်းကပုံစံ၊ လွန်ခဲ့တဲ့ ၁၅နှစ် နှစ်၂၀တုန်းကဆိုရင် အသက် ၁၃နှစ် ၁၄နှစ်ပဲရှိ
သေးတာ လေ။ အဲဒီတုန်းက ၇နှစ် တန်း ၈တန်းကျောင်းသူလောက်ပဲ ရှိသေးတာ။ အဲဒီတုန်းက ကျောင်းသူဘ၀ဆိုတော့
ကျောင်းသူပုံစံနဲ့လိုက်တယ်။ ကျောင်းသူကားရိုက်ရင်အဆင်ပြေတယ်။ အခုအချိန်မှာ ကိုးတန်းကျောင်းသူ၊
ဆယ်တန်းကျောင်းသူ ရုပ်ရှင်ဆိုရင်ဘယ်လိုမှ လိုက်ဖက်မှာမဟုတ်ဘူး။ အဆင်ပြေမှာလည်းမဟုတ်ဘူး။
ကိုယ့်အသက်၊ ကိုယ့်အရွယ်၊ ကိုယ့်အတွေ့အကြုံနဲ့ လိုက်ဖက်တဲ့ကာရိုက်တာ ဇာတ်ရုပ်ဆိုရင်လိုက်ဖက်မယ်။
အဆင်ပြေမှာပါ။ အဲဒါကိုပဲရွေးချယ် ဖြစ်မှာပါ။
ရည်မှန်းချက်နဲ့ပန်းတိုင် ကမတူဘူး။ အောင်မြင်မှုဆိုတာ ကိုယ့်ရဲ့ပန်းတိုင်ဟုတ်ချင်မှဟုတ်မှာ။
တစ်ခုခုဖြစ်နေ တတ်တယ်…..
ရည်မှန်းချက်ဆိုရင် တစ်ခါတလေကျရင် ရည်မှန်းချက်နဲ့ပန်းတိုင်က မတူဘူး။ အောင်မြင်မှုဆိုတာ
ကိုယ့်ရဲ့ပန်းတိုင်ဟုတ်ချင်မှဟုတ်မှာ။ တစ်ခုခုဖြစ်နေတတ်တယ်။ ပေါက်စီအတွက်ကတော့ အောင်မြင်မှုက
ပန်းတိုင်မဟုတ်ဘူး။ အောင်မြင်မှုထက် ပိုတာလည်းဖြစ်ချင်ဖြစ်မယ်။ ဘယ်လိုရည်မှန်းချက်ထားလဲဆိုတော့
ရည်မှန်းချက်တွေက အမျိုးမျိုးထားကြတာပေါ့နော်။ ပေါက်စီအတွက် အနုပညာနဲ့ပတ်သက်တဲ့ ရည်မှန်းချက်
ကတော့ ကိုယ်လုပ်နိုင်သ၍ အကောင်းဆုံးလုပ်သွားမယ်လို့ ရည်မှန်းထားပါတယ်။ ဘယ်အခြေအနေမျိုးအထိ၊
အသက်ဘယ်လောက်အထိ လုပ်မယ်လို့ရည်မှန်းထားတာ ထက်စာရင်တော့ ကိုယ်လုပ်ဖြစ်တဲ့အလုပ်ကိုပဲ
အကောင်းဆုံးဖြစ်အောင် လုပ်သွားမယ်လို့ ရည်မှန်းထားပါတယ်။
Facebook နဲ့ အွန်လိုင်း မီဒီယာတွေကြောင့်မို့ ပရိသတ်တွေသိသွားကြတာ…..
အဓိက က ဒီတစ်ခေါက် အေးဝတ်ရည်သောင်းဆိုပြီးဖြစ်လာတာက Facebook အွန်လိုင်းက ပရိသတ် တွေရဲ့အားပေးမှုက တစ်စိတ်တစ်ပိုင်းဖြစ်သလို
အွန်လိုင်းမီဒီယာတွေရဲ့ ပံပိုးကူညီမှုကြောင့်လို့လည်း ပြောလို့ ရပါတယ်။ ပေါက်စီအတွက်
ကဗျာလေးတွေရေးပေးတဲ့ အဖွဲ့တွေရှိတယ်။ We Love ဆိုတဲ့ အဖွဲ့တွေဖွဲ့လာ ပေးတာရှိတယ်။
Poem For Ma Ma Aye Thaung ဆိုပြီးဖွဲ့လာပေးတာရှိတယ်။ သူတို့တွေ တစ်ယောက် နှစ်ယောက်ကနေစပြီး
လုပ်လာပေးရင်းကနေ အကြီးကြီးဖြစ်သွားတာပေါ့နော်။ သူတို့ တွေကြောင့်ပေါက်စီကို လူပိုသိသွားကြတယ်။
အရမ်းကိုကျေးဇူးတင်ပါတယ်။ အဓိကကတော့ facebook နဲ့ အွန်လိုင်းမီဒီယာတွေ ကြောင့်မို့
ပရိသတ်တွေသိသွားကြတာ။ အရမ်းကိုကျေးဇူးတင်ပါတယ်။ အဓိကကတော့ အေးဝတ်ရည်သောင်း ဖြစ်ရတာသူတို့ကြောင့်ပါလို့
ပြောလို့ရပါတယ်။
ပိုပြီးကြိုးစားသွားမယ်လို့ ပေါက်စီကတိပေးချင်ပါတယ်…..
အွန်လိုင်းပေါ်က ပရိသတ် ၇၀ ရာခိုင်နှုန်းလောက်ပေါ့။ ၅၀ ရာခိုင်နှုန်းထက်ပိုမယ်ထင်တယ်။
အခု ခေတ်ကမြို့ရောနယ်ပါ အွန်လိုင်းသုံးနေကြတော့ အွန်လိုင်းက ပရိသတ်အများဆုံးဖြစ်မှာပါ။
ဒါပေမဲ့ တချို့ အွန်လိုင်းမသုံးပဲ ဇာတ်လမ်းတွဲကြည့်ပြီး အားပေးကြတဲ့ ပရိသတ်တွေရော အရင်ကတည်းက
အေးဝတ်ရည်သောင်းကို အားပေးကြတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒါကြောင့်မို့ ပိုပြီး
ကြိုးစားသွားမယ်လို့ ပေါက်စီကတိပေးချင်ပါတယ်။ မကြာခင်ရိုက်ကူးမယ့် မင်္ဂလာရှိသောအရပ်ဇာတ်ကားမှာ
ကျောင်းဆရာမလေးပုံစံ အကောင်းဆုံးအတတ်နိုင်ဆုံး ကာရိုက်တာနဲ့ ကျောင်းဆရာမတစ်ယောက် ပုံစံဖြစ်
အောင် ကြိုးစားပြင်ဆင်နေတယ်လို့ ပြောချင်ပါတယ်။
-NZA-
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment