တော်ရုံဆိုင်မှာဝယ်လို့မရတဲ့ပစ္စည်းလေးတွေ တင်ပေးထားတယ်… ဘေဘီမောင်




သရုပ်ဆောင်ဘေဘီမောင်ကတော့ အခုလက်ရှိမှာ အနုပညာအလုပ်တွေ အပြင် ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့  Baby & Barani (Beauty & Fashion House) ဆိုတဲ့ အမျိုးသမီးဖက်ရှင်ဆိုင်နဲ့ အလှအပနဲ့ပတ်သက်တဲ့ Beauty Saloon ကိုလည်း ဖွင့်လှစ်ထားခြင်းရဲ့ ရည်ရွယ်ချက်နဲ့ သူ့ရဲ့အနုပညာလှုပ်ရှားမှုအကြောင်းတွေ မေးမြန်းဖြစ်ခဲ့ပုံကို ဖော်ပြပေးလိုက်ပါတယ်။

အလှအပနဲ့ပတ်သက်တဲ့ ဆိုင်လေးဖွင့်ရတဲ့ရည်ရွယ်ချက်လေး ပြောပြပေးပါ…
မြန်မာအမျိုးသမီးလေးတွေကို ခေါင်းအစ ခြေအဆုံးလှပစေချင်တဲ့ ရည်ရွယ်ချက်နဲ့ဖွင့်ခဲ့တာပါ။ အ၀တ်အစားဆိုလည်း ဒီဇိုင်းတွေကိုUp To Date ဖြစ်ရမယ်။ အလှအပဆိုင်ရာတွေမှာလည်း ခရီးတွေထွက်ပြီးလို့ပြန်လာရင် အသားအရေတွေ ပြောင်းလဲလာတာတွေအတွက် လာရောက်ထိန်းသိမ်းတာပဲဖြစ်ဖြစ် လက်သည်းခြေသည်းတွေလုပ်တာတွေရော အကောင်းဆုံး ၀န်ဆောင်မှုတွေနဲ့ဆောင်ရွက်ပေးထားပါတယ်။

အမျိုးသမီးဖက်ရှင်ဆိုင်တွေ တော်တော်များများရှိတာကြောင့်ကိုယ့်ရဲ့ ဖက်ရှင်ဆိုင်နဲ့ပတ်သက်လို့ကရောဘယ်လို တွေလေ့လာဖြစ်လဲ…
အဓိကကတော့ Active ဖြစ်ရမယ်။ ဘန်ကောက်မှာ ဘာတွေခေတ်စားလဲ အဲဒီလို အ၀တ်အစားလေးတွေကိုအစ်မတို့ဆိုင်မှာ ၀ယ်လို့ရတယ်။ ဒီဇိုင်းဆန်းဆန်းပြားပြားလေးတွေပေါ့။ တော်ရုံဆိုင်မှာဝယ်လို့မရတဲ့ပစ္စည်းလေးတွေတင်ပေးထားတယ်။
ဆိုင်အတွက် လိုအပ်တဲ့ပစ္စည်းတွေကရော ဘယ်ကမှာတာလဲ…
ပစ္စည်းတွေအ၀တ်အစားတွေကိုလည်း ရှုတင်အားတဲ့ရက်တွေမှာ ဘန်ကောက်ကိုသွားပြီး ကိုယ်တိုင်ဝယ်ဖြစ်တယ်။ ကိုယ်တိုင်ပဲဝယ်ဖြစ်တာများပါတယ်။
ဈေးနှုန်းတွေကရော…
လာရောက်အားပေးကြတဲ့ ပရိသတ်တွေအတွက် ဈေးနှုန်းကိုလည်းအဆင်ပြေအောင် ရောင်းချပေးထားတယ်။ နောက်ပြီးတော့ ပစ္စည်းအရည်အသွေးလည်း ကောင်းဖို့တာဝန်ယူတယ်။


နောက်ထပ်အနုပညာလှုပ်ရှားမှု အနေနဲ့ကရော ဘာတွေလုပ်ဖြစ်နေလဲ။
လောလောဆယ်တော့ ဗီဒီယိုဇာတ်ကားတွေရိုက်ဖြစ်နေတယ်။ ရုပ်ရှင်ဇာတ်ကားကြီးလည်း ရိုက်ဖို့ရှိပါတယ်။ ပြီးတော့ တစ်ရွာလုံးဆူလို့ညံလို့ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်း ရုံတင်ဖို့ရှိပါတယ်။

အဲဒီဇာတ်ကားကြီးထဲကကိုယ့်ရဲ့ ကာရိုက်တာလေးနဲ့ မိတ်ဆက်ပေးပါဦး…
ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အမွှေစိန်သဘောမျိုးလေးပေါ့။ ရွာဇာတ်ကား လေးဖြစ်တဲ့အတွက် ရွာသူပုံစံလေးနဲ့ မြန်မာဝတ်စုံဝတ်ရတာပေါ့။ အဲဒီအထဲမှာလည်း ကိုယ်ကရွာထဲက အပျိုကြီးတွေနဲ့ တွဲတဲ့ အပျိုပေါက်လေး။ ရန်တွေဖြစ်တယ် ကိုယ်တိုင်ကလည်းရည်းစားမထားတဲ့သူ။ တကယ်တော့ကိုယ်ကြိုက်နေတာက အခြောက်မကိုရဲလေးကိုကြိုက်နေတာပေါ့။ သူကချစ်စရာလေးနဲ့ ပုန်းနေတာလေ။ ကိုယ့်ကိုလည်း သူကစိတ်ဝင်စားတာ မဟုတ်ဘူး။ ကိုယ်ကလှတော့လှတယ်။ ဒါပေမဲ့ ဆတ်ဆတ်ထိမခံပေါ့။ ပေါက်တတ် ကရတွေပြောတတ်တယ်။ ရွာထဲက ပွဲလုပ်တိုင်းမှာလည်းကိုယ်က အမြဲတမ်းပါချင်တဲ့ ကောင်မလေးတစ်ယောက်နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။


ပရိသတ်တွေအတွက်စကား လက်ဆောင်လေးပြောပြပေးပါဦး…
ဘေဘီ အခုလိုရပ်တည်နိုင်တာက ပရိသတ်တွေရဲ့အားပေးမှုကြောင့်ပါ။ သရုပ်ဆောင်တဲ့နေရာမှာလည်း လိုအပ်ချက်လေးတွေရှိနေသေးရင်လည်း အကြံကောင်း လေးတွေဝေဖန်ပေးကြပါ။ ဘေဘီလည်း အကောင်းဆုံးဖြစ်အောင်ကြိုးစားနေပါတယ်။

---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်


Share on Google Plus

0 comments:

Post a Comment