ချိုင်းချွေးထွက်ရင် ဒီလိုလုပ်ပါ…





ချိုင်းချွေးထွက်များတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုထိခိုက်စေတဲ့ ပြဿနာတစ်ခုပါ။
ဒါပေမဲ့လည်း ဘယ်လိုပဲတားတား လူတိုင်းချွေးထွက်ပါတယ်။ ဘယ်နေရာဘယ်လိုပဲချွေးထွက်ထွက် ချိုင်းချွေး မထွက်ရင်တော့ အကောင်းဆုံးပေါ့။ အဲဒါဆို ဒီချိုင်းချွေးထွက်တဲ့ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။

အစားအစာ
တချို့သောအစားအစာတွေမှာ ခန္ဓာကိုယ်တွင်း ဓာတ်ပြုမှုဖြစ်စေတဲ့ ဓာတုတွေပါပါတယ်။ ကြက်သွန်ဖြူ ကော်ဖီတွေက လူကို ချွေးထွက်များစေပါတယ်။ အဲဒါကြောင့် ကဖိန်းများများသောက်လေ ချွေးထွက်လေပါပဲ။

ချိုင်းလိမ်းတောင့်သုံး
ချိုင်းချွေးထွက်သူတွေအနေနဲ့ မသူ သည သုံးတာ အကောင်းဆုံးပါ။ သူတို့က ချိုင်းကြားကမကောင်းတဲ့ အနံ့အသက်တွေကို ဖယ်ရှားပေးပြီး ချိုင်းကြား အသားအရေကို ခြောက်သွေ့စေပါတယ်။

ချွေးနံ့ပျောက်ဆေးသုံး
ချိုင်းလိမ်းတောင့်က ခဏတာ ချွေးနံ့ ပျောက်နေပေမယ့် ချိုင်းက ချွေးဂလင်းတွေ ပိတ်ဆို့သွားစေဖို့ ချွေးနံ့ပျောက်ဆေးသုံးပေးရင် အကောင်းဆုံးပါ။

ပေါ့ပေါ့ပါးပါးဝတ်
ချွေးထွက်တာ အ၀တ်အစား ကြောင့်လည်းဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် လေ၀င်လေထွက်ကောင်းပြီး ပေါ့ပါးတဲ့ အ၀တ်အစားမျိုးသာ ရွေးချယ်ဝတ်ပါ။

စိတ်ငြိမ်ငြိမ်ထား
ချိုင်းချွေးထွက်များတဲ့ အကြောင်းတစ်ခုကတော့ စိတ်လှုပ်ရှားလွန်းတာလည်းပါပါတယ်။ အဲဒါကြောင့် စိတ်လှုပ်ရှားစရာတွေ၊ စိတ်ပူပင်သောကရောက်တာတွေ တတ်နိုင်ဆုံးလျှော့ပါ။ စိတ်တည်တည်ငြိမ်ငြိမ်ထားပါ။

စိတ်ဖိစီးမှုလျှော့ချ
စိတ်ဖိစီးမှုတွေများလွန်းတာကြောင့်လည်း ချိုင်းချွေးထွက်နိုင်ပါတယ်။ အဲဒါကြောင့် စိတ်ဖိစီးမှု လျော့ကျစေတဲ့ အစားအစာတွေ စားပေးပါ။ စိတ်လှုပ်ရှားမလွယ်ပါနဲ့။

ဝဿန်

---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်

 
Share on Google Plus

0 comments:

Post a Comment