Beach Buggy Racing
ဒီဂိမ်းလေးကတော့
ကျွန်တော်တို့ ငယ်ငယ်က တော်တော်များများ ဆော့ကခဲ့ကြဖူးတဲ့ PS2 ဂိမ်းထဲက ကားမောင်းရင်း
တိုက်ခိုက်ရတဲ့ ဂိမ်းလေးတစ်ခုလိုပဲ ကမ်းခြေမှာ ပုံစံအမျိုးမျိုးရှိတဲ့ အမိုးပွင့်ကားလေးကို
မောင်းရင်း ပန်းတိုင်ကို အရင်ဆုံးရောက်အောင် သွားရသလို သွားရင်းနဲ့လည်း တိုက်ခိုက်ရမယ့်
ဂိမ်းလေး တစ်ခုဖြစ်ပါတယ်။
မိုဘိုင်းဖုန်းပေါ်မှာ ဆော့လို့ရတဲ့ Graphic ကောင်းတဲ့ ဂိမ်းတွေထဲက
တစ်ခုဖြစ်ပြီး 3D ပုံထွက် ရုပ်လုံးကြွတဲ့ ပုံရိပ်တွေ လှုပ်ရှားမှုတွေကြောင့် မျက်စိ ပသာဒ
ရှိစေတဲ့အပြင် လှုပ်ရှားမှုတွေ၊ တုန့်ပြန်မှုတွေဟာလည်း အထေ့အငေါ့မရှိ လျင်မြန်သွက်လက်နေတာကြောင့်
စပြီးဆော့တဲ့ အချိန်မှာပဲ လက်ဖျားကမချချင်လောက်အောင် စွဲလမ်းစေပါလိမ့်မယ်။ ဒီဂိမ်းဟာ
Xbox နဲ့ PS4 တို့လို့ Gaming Platform ကြီးတွေနဲ့အပြိုင် မိုဘိုင်းဖုန်းတွေမှာ တစ်ချိန်တည်းဆော့ကစားခွင့်ပြုထားတဲ့အတွက်
ဂိမ်းရေးသားပေးတဲ့ Vector Unit ကုမ္ပဏီကို ကျေးဇူးတင်ရပါလိမ့်မယ်။
ဒါ့အပြင် ဂိမ်းကိုလည်း
အခမဲ့ဆော့ခွင့်ပြုထားပြီး ကိုယ်ကျွမ်းရင် ကျွမ်းသလောက် နောက်ထပ် မောင်းရမယ့် အခန်းတွေ
ပွင့်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဂိမ်းရဲ့ ဇာတ်ကောင်နဲ့ မောင်းနှင်ရမယ့် ကားကိုလည်း
ဆော့ကစားရင်း ရရှိတဲ့ gold တွေကနေတစ်ဆင့် အဆင့်မြှင့်တင် ရယူနိုင်ဦးမှာဖြစ်ပါတယ်။
ရရှိတဲ့ ဇာတ်ကောင်တစ်ဦးချင်းစီကနေ မတူညီတဲ့ စွမ်းရည် တစ်မျိုးစီ လည်း ပူးတွဲ ရရှိစေမှာဖြစ်ပြီး
အဲဒီစွမ်းရည်တွေနဲ့ ပြိုင်ပွဲတွေ မောင်းနှင်တဲ့အခါ တိုက်ခိုက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
မတူညီတဲ့ ဂိမ်း mode ပေါင်း 6 မျိုးမှာ မတူညီတဲ့ စွမ်းရည်ပေါင်း ၂၅ မျိုးထိ ရရှိနိုင်မှာဖြစ်တဲ့အတွက်
တစ်ခု အဆင့်မြှင့်လိုက်တိုင်း ဘယ်လို စွမ်းရည်မျိုးပါဝင်လာမလဲ ဆိုတဲ့ စိတ်လှုပ်ရှားစရာ
ခံစားမှုမျိုးလည်း ရရှိစေပါလိမ့်မယ်။ ယှဉ်ပြိုင်တိုက်ခိုက်ရမယ့် လမ်းအမျိုးအစားပေါင်းလည်း
၁၅ မျိုးထိ ရောက်ရှိနိုင်မှာဖြစ်သလို ၀ယ်ယူလိုက်တဲ့ ကားတွေကိုလည်း အစိတ်အပိုင်းတစ်ခုချင်းစီအလိုက်
ထပ်ပြီး အဆင့်မြင့်တင်နိုင်မှာဖြစ်ပါတယ်။ ဒီဂိမ်းဟာ Joypad နဲ့ အဓိက ဆော့ကစားရတဲ့
Xbox, PlayStation အစရှိတဲ့ ဂိမ်း Platform စစ်စစ်တွေကနေ ဆင်းသက်လာတာဖြစ်တဲ့အတွက် ထိန်းချုပ်မောင်းနှင်ရတဲ့
အစပိုင်းမှာတော့ အနည်းငယ် အခက်အခဲရှိနိုင်ပါတယ်။
ဒါပေမဲ့ control setting ထဲမှာ မိမိနဲ့
ကိုက်ညီမယ့်ပုံစံ ပြောင်းပြီး မောင်းနှင်နိုင်ဖို့ ပြင်ဆင်နိုင်ပါလိမ့်မယ်။ ဒီဂိမ်းဟာ
တခြား နာမည်ကျော် racing ဂိမ်းတွေလိုပဲ Android TV, Tablet တွေကနေတစ်ဆင့် သူငယ်ချင်း(၄)ယောက်အထိ ချိတ်ဆက်ပြီး အတူတူကစားနိုင်တဲ့ multiplayer ဂိမ်းတစ်ခုဖြစ်သလို
ပန်းတိုင်ရောက်ဖို့ ခက်ခဲတဲ့ အတားအဆီးတွေကို ကျော်ဖြတ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဒီဂိမ်းကို ဆော့ကစားချင်တယ်ဆိုရင်တော့ Google
Play Store မှာ Beach Buggy Racing လို့ ရိုက်ထည့်ပြီး ရှာဖွေကာ ထည့်သွင်းနိုင်ပါတယ်။
ဂိမ်းအနေနဲ့ အခမဲ့ ဖြစ်ပေမယ့် ဂိမ်းထဲမှာ အသုံးပြုရတဲ့ Coin, Gold, Gem အစရှိတဲ့ အရာတွေကိုတော့
in-app-purchase အနေနဲ့ ၀ယ်ယူရမှာဖြစ်ပါတယ်။ ဒါပေမယ့် မဖြစ်မနေ ၀ယ်ယူမှ ဆော့ကစားရမှာမျိုးမဟုတ်ဘဲ
ကိုယ့်ရဲ့ ကျွမ်းကျင်မှုနဲ့ စိတ်ရှည်သည်းခံနိုင်စွမ်းပေါ်မူတည်ပြီး Coin, Gold, Gem တွေ
ရရှိနိုင်မှာဖြစ်ပါတယ်။
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment