ကိုယ်အလျင်လိုနေတဲ့အချိန်
အလှပြင်တုန်း အလွဲအချော်ဖြစ်သွားတာ တကယ်ဆိုးတဲ့ပြဿနာပါ။ ပြန်ဖျက်ပြန်ပြင်ချင်ပေမယ့်လည်း
အချိန်ကမရနဲ့ စိတ်သောကရောက်ရပါတယ်။ ဒါကို မိန်းကလေးတိုင်း သိကြပါတယ်။ အဲဒီ တော့ ဒီလိုအလွဲလေးတွေကို
ပြန်ပြင်ဖို့အဖြေရှာကြတာပေါ့။
မျက်တောင်ကော့ဆေး
မျက်တောင်ကော့ဆေးသုံးနေရင်း
မျက်လုံးဝန်းကျင်၊ နှာခေါင်းကို ပေကျံသွားတတ်တယ်ဆိုပါတော့။ ချက်ချင်းဖျက်လိုက်ဖို့
မကြိုးစားပါနဲ့။ ပိုပြီးပျံ့ကုန်ပါလိမ့်မယ်။ ခြောက်သွား အောင်ထားလိုက်ပါ။ ခြောက်သွားမှ
ဂွမ်းစလေးနဲ့ပွတ်လိုက်ပြီး မိတ်ကပ်ပျက်သွားရင် နည်းနည်းပြန်သုံးပေးလိုက်ပါ။
နှုတ်ခမ်းဆိုးဆေး
နှုတ်ခမ်းဆိုးဆေးသုံးရင်း
သွားတွေကို ပေကျံသွားမှာစိတ်မပူပါနဲ့။ နှုတ်ခမ်းကို ဒဥဒ ပုံစံလုပ်ပြီး လက်ညှိုးကို ပါးစပ်ထဲကနေထုတ်တဲ့
ပုံစံလုပ်လိုက်ပါ။ သွားမှာပေမယ့် နှုတ်ခမ်း ဆိုးဆေးတွေ လက်မှာသာပေသွားပါ လိမ့်မယ်။
ခြောက်သွေ့ကွဲအက်နေတဲ့ နှုတ်ခမ်း
နှုတ်ခမ်းတွေခြောက်သွေ့အက်ကွဲပြီး
အဖက်တွေကွာလို့ စိတ်မညစ်ပါနဲ့။ Lip Balm လေးသုံးပြီး သွားပွတ်တံလေးနဲ့ ခပ်ဖွဖွပွတ်ပေးလိုက်ပါ။
ပင်ပန်းနေတဲ့အရေပြား
ညဘက်အိပ်ရေးပျက်လို့
မျက်လုံးတွေ ဖောင်းအစ်၊ မျက်ကွင်းညိုပြီး ဘာလိမ်းလိမ်း မျက်နှာပေါ် ပြွတ်ခဲနေလို့ ဘာမှစိတ်မပူပါနဲ့။
Moisturizer လေးသာ သေသေချာချာသုံးပေးပါ။
အဖုအထစ်တွေ
မျက်နှာပေါ်မှာ
ရုတ်တရက် ထွက်လာတဲ့ အဖုအထစ်တွေကြောင့် ကိုယ့်အလှပျက်သွားမှာ ဘာမှမစိုးရိမ်ပါနဲ့။ ရေခဲတုံးလေးနဲ့
အသာအယာပွတ်ပေးပါ။ နီရဲ နေတာတွေ အဖုအထစ်တွေ ပျောက်သွားပြီး အသားချောလာ ပါလိမ့်မယ်။
အရောင်ရင့်ရင့်ဖောင်ဒေးရှင်း
အသစ်ဝယ်လာတဲ့ဖောင်ဒေးရှင်း
အရောင်ရင့်နေလို့ အသားညိုပြီး အိုသွားမှာ ဘာမှမစိုးရိမ်ပါနဲ့။ အလှဆီလေးအနည်းငယ်ရောပြီးမှ
သုံးကြည့်ပါ။ အရောင်လျော့သွားပါလိမ့်မယ်။ တကယ်လို့ အရောင် ဖျော့လွန်းသွားတယ်ထင်ရင်တော့
Bronzer လေး အနည်းငယ်ပြန်သုံးပေးလိုက်ပါ။
#၀ဿန်
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment