ဧငြိမ်းဖြူ ● သရုပ်ဆောင်နဲ့ပတ်သက်တာတွေ အချိန်နဲ့အမျှကြိုးစားနေရတဲ့အတွက် တစ်နှစ်ကုန်သွားတိုင်း ကြိုးစားရတာကိုပိုအားရလာတယ်



ညီမ Journal Magaine Cover တွေရိုက်တယ်။ MTRV Entertainment က ကက်ဆက် ရေဒီယိုဇာတ်လမ်းလည်းရိုက်နေပါတယ်။ 
အနုပညာလောကထဲကို မှော်ဝင်နတ်ဆိုးဆိုတဲ့ကား ကိုနိုင်နိုင်းနဲ့ရိုက်တယ်။ အနုပညာလောကထဲကို ညီအသက် ၈နှစ်လောက်ကတည်းက Dancer အနေနဲ့စ၀င်တယ်လို့ပြောလို့ရပါတယ်။ အခုဆိုသရုပ်ဆောင်သက်တမ်းက ၃နှစ်လောက်ရှိပြီ။ ကလေးဘ၀ကတည်းက အနုပညာအလုပ်လုပ်တာဆိုတော့ ၁၀နှစ်ကျော်လောက် ရှိပါပြီ။

သရုပ်ဆောင်နဲ့ပတ်သက်တာတွေ အချိန်နဲ့အမျှကြိုး စားနေရတဲ့အတွက်တစ်နှစ်ကုန်သွားတိုင်းကြိုးစားရတာကို အားရတယ်…
ပြောင်းလဲသွားတာတစ်နှစ်နဲ့ တစ်နှစ်မတူဘူး။ အကနဲ့ပတ်သက်တာတွေရော သရုပ်ဆောင်နဲ့ပတ်သက်တာတွေရောအချိန်နဲ့အမျှကြိုးစားနေရတဲ့အတွက် တစ်နှစ်ကုန် သွားတိုင်းကြိုးစားရတာကို အားရတယ်။
ညီမ အမေနဲ့တွဲပြီး ရိုက်ဖြစ်တယ်။ အမေနဲ့ ပထမဆုံးရုပ်ရှင်ကားကြီး ရိုက်ထားတယ်။ အဓိကတော့ ညီမရိုက်ကွင်း ရောက်ရင် သားအမိဆိုတဲ့ စိတ်ကိုဖယ်ထားပြီးတော့ ဆရာတပည့်စိတ်ပေါ့နော်။ အမေက ကိုယ့် သားသမီးဆိုပြီးတော့ မညှာဘူး။ တကယ့် ဆရာသမားလိုပဲ ညီမကသတ်မှတ်ထားပါတယ်။ ကိုယ့်သားသမီးဆိုပြီး အလျှော့ပေးတာမျိုးမရှိဘူး။

ဒုတိယရုပ်ရှင်ကား အကကားကို ဒါရိုက်တာကိုဝိုင်းနဲ့ရိုက်ဖို့စီစဉ်ထားပါတယ်….
ညီမ ဒုတိယရုပ်ရှင်ကား အကကားကို ဒါရိုက်တာကိုဝိုင်းနဲ့ရိုက်ဖို့ စီစဉ်ထားပါတယ်။ ညီမငယ်ငယ်တုန်းကတော့ ကိုဝိုင်းနဲ့တစ်ခေါက်ဆုံဖူးတယ်။ ကလေးဘ၀တုန်းက။ သစ္စာစောင့်နတ်သမီးဆိုတဲ့ကားမှာပေါ့။ တခြားဇာတ်ကားတွေနဲ့တော့ မရိုက်ဖူးသေးဘူး။ တစ်ခါတလေ MTV ရိုက်တာတို့တော့ရှိတယ်။ ကွာခြားတာတော့ ထွေထွေထူးထူးမရှိဘူး။ အမေနဲ့အလုပ်လုပ်ရတာ ပိုရင်းနှီးမှုရှိတယ်။
ညီမက ဒါရိုက်တာအနေနဲ့လည်း ၀ါသနာပါတယ်။ တစ်ခါတလေသရုပ်ဆောင်ရင် အမေရိုက်တဲ့ ပုံစံလေးတွေ ဘယ်လိုလုပ်တယ်။ ဘယ်လိုစီစဉ်တယ်ဆိုတာ လေ့လာဖြစ်တယ်။ တစ်ခါတလေအမေ့ရိုက်ကွင်းတွေလိုက်ပြီးလေ့လာဖြစ်တယ်။


ညီမကလေးဘ၀တုန်းက ညီမရယ်၊ ညီမအစ်မ စောယုနန္ဒာရယ်၊Unranium အဖွဲ့က မဂျူဂျူးရယ် ၃ယောက်ပေါင်းပြီး ကလေး Dancer လုပ်ခဲ့တာ
ညီမကလေးဘ၀တုန်းက ညီမရယ်၊ ညီမအစ်မ စောယုနန္ဒာရယ်၊့မညေငကာ အဖွဲ့ကမဂျူဂျူး ရယ် ၃ယောက်ပေါင်းပြီး ကလေး Dancer လုပ်ခဲ့တာ။ အစ်မနဲ့က အနုပညာလောကထဲကိုဝင်လာတာ အတူတူပဲ။ သူလည်း အခုရေဒီယို ကက်ဆက်ခွေဇာတ်လမ်းရိုက်နေတယ်။
ညီမတို့နှစ်ယောက်က သွားတူ၊ လာတူ၊ စားတူဆိုတော့ ဘာပဲဖြစ်ဖြစ် တိုင်ပင်ဖြစ်ပါတယ်။ တစ်ခါတလေကျရင် ညီမဒါလေးလုပ်လိုက်လိုက်ရင် အဆင်ပြေမလားဆိုပြီးအကြီးတစ်ယောက်အနေနဲ့ တိုင်ပင်ဖြစ်ပါတယ်။
ဆယ်ကျော်သက်အရွယ်တုန်းကတော့ ကိုယ်သဘောကျတဲ့ အနုပညာရှင်ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီးနည်းနည်းတော့ Leeling ဖြစ်တာပေါ့…
ကိုယ်ဖြစ်ချင်တဲ့ idol တစ်ယောက်အနေနဲ့ ပရိသတ်တွေက သူ့တို့ပဲချစ်စေချင်တယ်။ သူတို့ချစ်တဲ့လူတစ်ယောက်ကိုဆုံးရှုံးသွားရမှာဆိုတဲ့စိတ်လေးနဲ့ပေါ့။ ညီမလည်းသဘောကျတဲ့အနုပညာရှင်တွေရှိတယ်။ အများကြီးတော့ သူတို့ရဲ့ကိုယ်ရေးကိုယ်တာစိတ်မ၀င်စားပါဘူး။ အနုပညာကိုအားပေးတယ်။ ဆယ်ကျော်သက်အရွယ်တုန်းကတော့ ကိုယ်သဘောကျတဲ့ အနုပညာရှင်ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီးနည်းနည်းတော့ Feeling ဖြစ်တာပေါ့။ ကြီးလာတဲ့အခါကျတော့လည်း ဥပမာ Justin Biber ကိုအရမ်းကြိုက်တယ်။ သူဆိုရင် တစ်ယောက်ပြီးတစ်ယောက်တွဲတာ ကိုယ်အရမ်း Crazy ဖြစ်တော့ နည်းနည်းတော့ Feeling လေးတော့ဖြစ်တာပေါ့။ ဒါလူတိုင်းသဘာဝပါပဲ။
တချို့တွေက ညီမ Facebook မှာ  လေးတွေ တင်တာသဘောကျကြပြီး တချို့ကျတော့ ရေဒီယိုကက်ဆက် ခွေဇာတ်လမ်းမှာ သဘောကျတာရှိတယ်။ တချို့က Photo Model လုပ်တာကြောင့်သိကြတယ်။ တစ်ယောက်နဲ့တစ်ယောက်တော့မတူကြဘူး။ တချို့က ကတာလေးတွေပို သဘောကျတယ်။ အဲဒါကြောင့်မို့လို့လည်း ဒါရိုက်တာကိုဝိုင်းနဲ့ သရုပ်ဆောင်နဲ့ အကတွဲမိသွားအောင် စီစဉ်ဖြစ်တာပါ။
ညီမကိုတော်တော်များများ Social ကျတယ်လို့ထင်ကြတယ်။ အပြင်မှာတချို့ဆိုညီမကို မာနကြီးတယ်။ စကားသိပ်မပြောဘူးလို့ ထင်ကြတယ်။ ညီမက ငယ်ငယ်လေးကတည်းက ကိုယ့်ဖာသာ ဖာသိဖာသာနေပြီး စကားအပြောနည်းတယ်။ မာနကြီးတာမဟုတ်ပါဘူးလို့။

ဧပြီလမှာမွေးတာရယ်၊ ဧရာဝတီမြစ်ကိုသဘောကျလို့ ကိုယ်စားပြုပြီးတော့ ပေးထားတာပါ။ အဲဒါနဲ့ 'ဧ'ဖြစ်သွား တာ…
ညီမက ဧပြီလမှာမွေးတာရယ်၊ ဧရာဝတီမြစ်ကိုသဘောကျ လို့ကိုယ်စားပြုပြီးတော့ ပေးထားတာပါ။ အဲဒါနဲ့ 'ဧ'ဖြစ်သွားတာ။ အဲဒါကြောင့် 'ဧ'နဲ့ 'အေး'နဲ့ အရမ်းမှားကြတယ်။ ညီမအရင်က အိမ်ခေါ်နာမည်က ရတနာဆိုပြီးသုံးတာလေ။ အခုနောက်ပိုင်း ကိုယ်လည်းအနုပညာလုပ်ကတော့ 'ရတနာ'ဆိုတဲ့ နာမည်ကြီးနဲ့အဆင်မပြေတာနဲ့ 'ဧ'လို့ခေါ်တာနဲ့ 'ဧ'လို့ခေါ်တာလည်းသဘောကျတယ်။

Share on Google Plus

0 comments:

Post a Comment