သားညီ ● အနုပညာဖန်တီးတဲ့အခါမှာ အစ်ကိုအနေနဲ့ သရုပ်ဆောင်နဲ့ ဒါရိုက်တာဘယ်အရာကပိုအခွင့်ရေးသာလဲ



ကျွန်တော်ကသရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့အတွက် ဒီထက် ပိုပြီးတော့ကြိုးစားရဦးမှာပါ။ ဘာကြောင့်လဲဆိုရင် ဒါရိုက်တာ တစ်ယောက်အဖြစ် ဒီလောကထဲ ကိုဝင်ရောက်လာတာမဟုတ်တဲ့အတွက် ကျွန်တော့်ရဲ့လေ့လာမှုအားကနည်းနေပါသေးတယ်။ အဲဒီ အတွက်လည်း တချို့ဇာတ်ကားလေးတွေမှာ အခက်အခဲတွေရှိခဲ့တယ်။ ဒါကြောင့်စာတွေလည်း အများကြီး ပြန်ဖတ်ရတယ်။ သိတဲ့တတ်တဲ့ သူတွေဆီကလည်းပညာသင်ရပါတယ်။ ကျွန်တော် အခုထိ လေ့လာနေရဆဲပါပဲ။ ဒီထက်ပိုပြီး ဒါရိုက်တာပညာနဲ့ပတ်သက်ရင် ကြိုးစားပြင်ဆင်ရပါဦးမယ်။ သရုပ် ဆောင်ဘ၀မှာထက်စာရင် ဒါရိုက် တာဘ၀မှာ ကျွန်တော်လုပ်ချင်တဲ့ ပုံစံလေးတွေလုပ်ပြခွင့်ရတယ်ဆို
တဲ့ အခွင့်အရေးလေးတစ်ခုက တော့ပိုရှိလာတာပေါ့။ ရုပ်ရှင်ဇာတ်ကားသွားကြည့်ရင် ဘယ်မင်းသားကတော့ ဘယ်လိုလေးကောင်းလိုက်တာ၊ ဘယ်မင်း သမီးကတော့ ဘယ်လိုလေးတော် လိုက်တာဆိုပြီးတော့ ပြောသံတွေရှိတယ်။ ဇာတ်ကားမကောင်း ရင်တောင်သရုပ်ဆောင်တွေကောင်း နေရင်တော်သေးတယ်။ သရုပ် ဆောင်ကောင်းနေရက်နဲ့ ဇာတ်ကားမကောင်းရင်တော့ ဒါရိုက်တာ အပြစ်ဖြစ်သွားပါပြီ။ အဲဒီအတွက် တာဝန်ပိုကြီးတာပေါ့။ ဒါရိုက်တာဆို တာကတော့ဇာတ်ကားတစ်ကားလုံးရဲ့ကောင်းခြင်း၊ ဆိုးခြင်းကသူ့ အပေါ်မှာမူတည်နေတာပေါ့နော်။

Share on Google Plus

0 comments:

Post a Comment