ပိုးအိအိခန့် ● ကားရိုက်များလေလေ ကိုယ့်အတွက်အသိများလေလေပေါ့…အနုပညာဆိုတာကလည်း သင်ယူစရာမကုန်နိုင်ဘူး


အတွေ့အကြုံများလေလေ ကိုယ့်အတွက် ၀မ်းစာတွေရော သင်ယူစရာတွေရော များလေလေပေါ့နော်။ ဒါရိုက်တာတွေမှာလည်း သူတို့ရဲ့တစ်ဦးချင်းစီ အတတ်ပညာတွေ အတုယူစရာတွေလည်း အများကြီးရှိတယ်။ ကားရိုက်များလေလေ ကိုယ့်အတွက်အသိပညာများလေလေပေါ့။ အနုပညာဆိုတာကလည်း သင် ယူစရာတွေမကုန်နိုင်ဘူးလေ။ ဆုံးခန်းတိုင်တယ်လို့မရှိပါဘူး။ ငယ်ငယ် ကတည်းက ဒီသရုပ်ဆောင်ဆို တာကိုဝါသနာပါခဲ့တာပါ။ ဒီအလုပ်ထဲကို ထဲထဲဝင်ဝင်မလုပ်ခင်က ဘယ်လိုလေ့ကျင့်ရမယ်ဆိုတာတွေ မသိဘူး။ ကားတွေ စရိုက်ပြီဆိုမှ ကိုယ့်ထက်စီနီယာတွေက ဘယ်လိုလုပ်၊ ၀တ္ထုဖတ်ရင်လည်း သူ့ရဲ့ Flow တွေမှန်အောင်လို့ အသံထွက်ပြီးဖတ်ရမယ်ဆိုတာတွေသိလာတယ်။ သမီး ဘယ်ကားပဲရိုက် ရိုက်ကိုယ့်ရဲ့စီနီယာတွေ  မင်းသား မင်းသမီးတွေ တခြားဇာတ်ပို့ဇာတ် ရံတွေအကုန်လုံးကလည်း သင်ပေးပါ တယ်။ တစ်ယောက်ချင်းဆီသင်ပြပေးတဲ့အတွက် ဘယ်သူ့ဆီကဘယ်လိုလေးရတာဆိုပေမယ့် အကုန်လုံးဆီကပညာတွေရတယ်။
Share on Google Plus

0 comments:

Post a Comment