စိတ်အရမ်းမွန်းကျပ်နေရင် ရှုတင်အားတဲ့ရက်မှာ ဘောလုံးကန်တယ်၊ဒါမှမဟုတ်အိမ်မှာ ဂိမ်ဆော့တယ်… မြင့်မြတ်



ကျွန်တော်ကတော့ စိတ်အရမ်းမွန်းကျပ်နေလို့ရှိရင် ရှုတင်အားတဲ့ရက်မှာ ဘောလုံးသွားကန် တယ်။ ဒါမှမဟုတ် အိမ်မှာဂိမ်းဆော့တယ်။ ကျွန်တော့်ရဲ့စိတ်ကို အဲဒီလိုနည်းတွေနဲ့ပဲထွက်ပေါက်ပေးတတ်ပါတယ်။ အနုပညာသမားတစ်ယောက် အနေနဲ့ ဆုံးရှုံးမှုဆိုတာကတော့ တစ်ခုလိုချင်ရင် တစ်ခုတော့ပြန် ပေးဆပ်ရမှာပေါ့။ အဓိကကတော့ လွတ်လပ်မှုတစ်ခုပဲရှိမယ်လို့ထင်ပါ တယ်။ ကျန်တဲ့ဟာကတော့ ကြီး ကြီးမားမားပြဿနာမရှိပါဘူး။ကျွန်တော် ငယ်ငယ်က ၀ါသနာပါတာက Boxing ပါ။ လက်ဝှေ့သမား ဖြစ်ချင်တယ်။ ဘောလုံးကို ၀ါသနာပါခဲ့ပေမယ့် ဒီလောက်မဟုတ်ဘူး။ သရုပ်ဆောင်ဖြစ်လာမှ မင်းသားတွေ၊ သရုပ်ဆောင်တွေစုပြီး ဘောလုံးကစားကြတယ်။ အသင်းဖွဲ့ကြတယ်။ ရန်ပုံငွေပွဲတွေ ကန်တယ်။ အများနဲ့အတူတွဲပြီး ကစားရတဲ့ဘောလုံးကို ပျော်လာတယ်။ ၀ါသနာပါလာတယ်။ အခုဆို ကျွန်တော်တို့ဘောလုံးကန်ရင် ဒါရိုက်တာတွေလည်းပါတယ်။ ပျော်စရာကောင်းပါတယ်။ မင်းသားတွေ ဘောလုံးကောင်းကောင်းမကန်တတ်ဘူးထင်ကြတာ။ တကယ်ကစားတတ်တဲ့သူတွေ၊ ကစားနိုင်တဲ့သူ တွေရှိပါတယ်။ အနုပညာအလုပ်တွေနဲ့ ပုံမှန်လေ့ကျင့်ခန်းမဆင်းနိုင်ကြလို့သာ စနစ်မကျတာ။ သရုပ် ဆောင်ဖြစ်လာတော့ Boxing မဆော့ဖြစ်တော့ဘူး။
Share on Google Plus

0 comments:

Post a Comment