ခန္ဓာကိုယ်အချိုးအစားကျဖို့
ဘရာစီယာကလည်း အရေးကြီးတယ်
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းနိုင်စေမယ့်အရာက
အခြေခံအကျဆုံး ၀တ်စားဆင်ယင်မှုပဲဖြစ်ပါတယ်။ အခြေခံကျတဲ့ ၀တ်စားဆင်ယင်မှုဆိုတာက ပြင်ပက၀တ်စုံတွေကို
ပြောတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်အချိုးအစားကို ပေါ်လွင်ထင်ရှားစေမယ့် ခန္ဓာကိုယ်အတွင်း ကနေထောက်ပံ့ပေးတဲ့
အတွင်းခံဝတ်စားမှုကိုပြောတာပါ။ မှန်ကန်တဲ့ ဘရာစီယာဝတ်ဆင်ခြင်းက မိန်းကလေးတစ်ယောက်ကို
ယုံကြည်မှုအပြည့်နဲ့ ပေါ့ပါးလွတ်လပ်စေပါတယ်။ မိန်းကလေးတစ် ယောက်က ဘ၀မှာ ဘရာစီယာပေါင်းမြောက်များစွာ
ဝယ်ယူဝတ်ဆင်ဖူး ပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ်ခန္ဓာအချိုးအစားနဲ့အံဝင်ခွင်ကျတဲ့ ဘရာစီယာဖြစ်ဖို့ကတော့
ခက်ခဲပါလိမ့်မယ်။ အဲဒီတော့ ဘရာစီယာ ဘယ်လိုရွေးချယ်ရမလဲဆိုတာ ဒါလေးဖတ်ပြီးလေ့လာကြည့်ရအောင်။
ခန္ဓာကိုယ်အရွယ်အစားနဲ့
အံဝင်ခွင်ကျရှိပါစေ
လေ့လာတွေ့ရှိချက်အရ
အမျိုးသမီးအများစုက ဘရာစီယာဝတ်ဆင်တဲ့အခါ မှားယွင်းတဲ့အရွယ်အစား ကို ၀တ်ဆင်မိတဲ့ရာခိုင်နှုန်းက
၈၀ခန့် ရှိပါတယ်။ ဒီပြဿနာရဲ့အဓိကအကြောင်းအရင်းကတော့ ကိုယ့်ရဲ့ရင်သားအရွယ်အစားကိုမသိတာနဲ့
ရင်သားအရွယ်အစားကိုထောက် ပံ့ပေးမယ့်ဘရာစီယာကို သေချာအချိန်ပေးပြီး မရွေးချယ်ခြင်းဖြစ်ပါတယ်။
အဲ့ဒါကြောင့် ဘရာစီယာဝယ်မယ်လို့ ဆုံးဖြတ်တဲ့အခါ အရည်အသွေးကောင်းပြီး သေချာလေ့ကျင့်သင်ကြားပေးထားတဲ့
ဝန်ထမ်းတွေရှိတဲ့ဆိုင်မျိုးမှာ ရွေးချယ် ၀ယ်ယူတာအကောင်းဆုံးဖြစ်ပါတယ်။
ကိုယ်ခန္ဓာအရွယ်အစားကို
နားလည်ပါ
ကိုယ်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ လှပပုံစံကျမှုကို
ပုံဖော်ပေးနိုင်တာက ဘရာစီယာပဲဖြစ်ပါတယ်။ အဲဒါကြောင့် ခန္ဓာကိုယ်အရွယ်အစားကို နားလည်လက်ခံထားပါ။
ပြီးမှ ဘရာစီယာမ၀ယ်ခင် အကြိမ်ကြိမ်စဉ်းစားပြီးမှဝယ်ပါ။
ဆွဲဆန့်ကြည့်ဖို့
မမေ့ပါနဲ့
ဘရာစီယာအများစုက ဆွဲဆန့်လို့ရတဲ့ ပိတ်သားအ၀တ်စကိုအခြေခံပြီး
ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ ၀တ်ဆင်တာအချိန်ကြာလာတာနဲ့အမျှ အ၀တ်သားကကျယ်ပြီး
ကျုံ့နိုင်ဆန့်နိုင်စွမ်း လျော့သွား မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဘရာစီယာကို စမ်းသပ်ဝတ်ဆင်ကြည့်ကတည်းက
ရင်သားကို အကျယ် ပြန့်ဆုံးဖုံးအုပ်ပေးထားနိုင်တဲ့ ကျုံ့နိုင်ဆန့်နိုင်အားပိုကောင်းတဲ့ဘရာစီယာမျိုး
ရွေးချယ်ဝယ်ယူပါ။
ဘရာစီယာကိုဘယ်လိုစစ်ဆေးမလဲ
ခုနကပြောထားတဲ့ အချက်တွေအားလုံးနဲ့ ညီသွားတိုင်း
ပြီးပြည့်စုံသွားနိုင်တာမဟုတ်ဘူး။ အ၀တ်လဲခန်းထဲဝတ်ဆင်ကြည့်ပြီးတဲ့အခါ အပေါ်က အင်္ကျီမ၀တ်ရသေးခင်မှာ
ခန္ဓာကိုယ်ကို မှန်ရှေ့မှာတစ်ပတ်လှည့်ကြည့်ပါ။ လက်တွေကို မိုးပေါ်အထိမြှောက်ကြည့်ပါ။
ဘယ်လက်ကို ညာဘက်ရွှေ့၊ ညာလက်ကိုဘယ်ဘက်ရွှေ့၊ ခန္ဓာကိုယ်ကို ရှေ့ကိုင်းကြည့် နောက်လှန်ကြည့်
အမျိုးမျိုးပြုလုပ်ကြည့်ပါ။ အဲဒီလိုတွေလုပ်တာတောင်မှ ဘရာစီယာက နေရာမရွေ့သွားရင် လိပ်ပြီးမတက်သွားရင်
ဒီလိုဘရာစီယာမျိုးကို ရွေးချယ်ဝယ်ယူနိုင်ပါပြီ။
ဘရာစီယာကို
ဂရုစိုက်ပါ
အရည်အသွေးကောင်းပြီး ဈေးကြီးကြီးပေးဝယ်ထားရတဲ့ ဘရာစီယာတိုင်း
ပစ်စလတ်ခတ်ထားလိုက်လို့တော့မရပါဘူး။ ဘရာစီယာမှာ ပါဝင်တဲ့ ထိန်းသိမ်းပုံအညွှန်းတွေကို
သေချာဖတ်ရှုပါ။ ပြီးမှသေချာလိုက်နာပါ။
crystal
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment