မတော်တဆထိမိတဲ့ သင်တုန်းဓားဒဏ်ရာတွေ ဘယ်လိုကုသမလဲ









မတော်တဆထိမိတဲ့ သင်တုန်းဓားဒဏ်ရာတွေ ဘယ်လိုကုသမလဲ
အလှအပဆိုတာ လူတိုင်းနဲ့မကင်းပါဘူး။ အလှအပလို့ပြောလိုက်ရင် အသားအရေထိန်းသိမ်းတာတွေပါမယ်။ မိတ်ကပ်လိမ်းခြယ်နည်းတွေပါမယ်။ ခေါင်း အစခြေအဆုံးပေါ့။ အဲဒါအပြင် အမျိုးသား အမျိုးသမီးတိုင်း လုပ်လေ့လုပ်ထရှိတဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ ခန္ဓာကိုယ်ပေါ်ကမလိုလားတဲ့ အမွေးအမျှင်တွေ ဖယ်ရှားခြင်းဖြစ်ပါတယ်။ ဥပမာ နှုတ်ခမ်းမွေး၊ ချိုင်းမွေး၊ ခြေသလုံးမွေး အစရှိသဖြင့်ပေါ့။ အမွေးအမျှင်တွေ ဖယ်ရှားတာတော့ မှန်ပါရဲ့။ အဲဒီလို ဖယ်ရှားတဲ့အခါဖြစ်တတ်တဲ့ သင်တုန်းဓားရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ဘယ်လိုပြန်လည်ကုသကြမလဲ။ အဲဒီ အတွက် နည်းလမ်းကောင်းလေးတွေ တင်ဆက်ပေးလိုက်ပါတယ်။
မကုတ်ပါနဲ့
ဒီလို သင်တုန်းဓားဒဏ်ရာတွေအတွက် ပထမဆုံးရှောင်ရှားရမယ့်နည်းလမ်း ကောင်းတစ်ခုကတော့ မကုတ်ဖဲ့ဖို့ဖြစ်ပါတယ်။ ကုတ်ဖဲ့တာက ဒဏ်ရာကို ပိုပြီးကြီးလာ စေတဲ့အပြင် အခန့်မသင့်ရင် အမာရွတ်တွေဖြစ်သွားနိုင်ပါတယ်။ ပိုပြီး ဆိုးရွာလာ မယ်ဆိုရင် ဒဏ်ရာထဲပိုးဝင်သွားစေနိုင်ပါတယ်။
တစ်ခါသုံးသင်တုန်းဓားကိုသာ အသုံးပြုပါ
သင်တုန်းဓားတစ်ခုတည်းကို ထပ်ခါတလဲလဲအသုံးပြုခြင်း၊ တုန်းပြီးဆွေးမြေ့ နေတဲ့ဓားကို အသုံးပြုခြင်းက အနတရာယ်ရှိပါတယ်။ ဒီလို ဓားမျိုးမှာ သံချေးတွေ၊ ဘက်တီးရီးယားပိုးမွှားတွေ ကပ်တွယ်နေမယ့်အပြင် အဲဒီပစစည်းကို အသုံးပြုတဲ့ အတွက် လူ့အရေပြားကိုလည်း ဒုကခပေးနိုင်ပါတယ်။ တုံးနေတဲ့ဓား သွားတွေကြောင့် ဒဏ်ရာပိုပြီးဖြစ်လွယ်စေပါတယ်။ အဲဒါကြောင့် တစ်ခါသုံးသင်တုန်းဓားမျိုးကို အသုံးပြုတာကအကောင်းဆုံးပါ။
မှန်ကန်တဲ့ Shaving Cream ကို အသုံးပြုပေးပါ
အမွေးအမျှင်တွေ ဖယ်ရှားတဲ့အခါ သင်တုန်းဓားအပြင်နောက်ထပ်သုံးစွဲလေ့ရှိ တာကတော့ Shaving Cream ပဲဖြစ်ပါတယ်။ အများစုကတော့ သာမန်ကိုယ်တိုက်ဆပ်ပြာ၊ Shower Gel လို မျိုးကိုသာ အသုံးပြုကြလေ့ ရှိပါတယ်။ အဲဒီလို ဆပ်ပြာတွေနဲ့ မတူတာက Shaving Cream မှာ အရေပြားရဲ့ အစိုဓာတ်ကို ထောက်ပံ့ ပေးနိုင်တဲ့ Moisturizing Agent ပါဝင်ခြင်းဖြစ်ပါတယ်။ သာမန်ဆပfပြာတွေအသုံးပြKတဲ့အတွက် သင်တုန်းဓား ကြောင့် ဒဏ်ရာဖြစ်တဲ့အခါ ဆပ်ပြာကြောင့် အသားအရေကို ယားယံစေပြီး စပ်ဖျဉ်းဖျဉ်းဖြစ်စေပါတယ်။
ချည်သားအတွင်းခံကို ၀တ်ဆင်ပါ
တင်ပါး၊ ပေါင်တို့က အမွေးအမျှင်တွေ ဖယ်ရှားလေ့ရှိတဲ့ အမျိုးးသမီး အမျိုးသားတွေ အနေနဲ့ ချည်သား အတွင်းခံဝတ်ဆင်ဖို့ လိုပါတယ်။ သင်တုန်းဓားဒဏ်ရာကြောင့် အသားအရေက ဒဏ်ရာဖြစ်နေတဲ့အချိန်မှာ သာမန်အတွင်းခံဝတ်စုံတွေကြောင့် အရေပြားက လေ၀င်လေထွက်မကောင်းတဲ့အတွက် ဒီဒဏ်ရာတွေကို ပိုပြီးဆိုးရွားစေနိုင်ပါတယ်။ ချည်သားအတွင်းခံဝတ်စုံဝတ်ဆင်တဲ့အတွက် လေ၀င်လေထွက်ကောင်းပြီး အရေပြားက အသက်ရှူရအဆင်ပြေပြီး ချွေးကိုခြောက်သွေ့စေပါတယ်။
အက်စ်ပရင်ဆေးပြား အသုံးပြုပေးပါ
ဒီသင်တုန်းဓားဒဏ်ချက်တွေကို သက်သာစေဖို့ နောက်ထပ်နည်းလမ်းကောင်း တစ်ခုကတော့ အက်စ်ပရင်ဆေးပြားဖြစ်ပါတယ်။ အက်စ်ပရင်းဆေးပြားကိုခြေပြီး ရေအနည်းငယ်နဲ့ ခပ်ပျစ်ပျစ်ဖျော်ပြီးတဲ့အခါ အဲဒီဒဏ်ရာပေါ်မှာ လိမ်းပေးပါ။ ၁၅-၂၀ မိနစ်ခန့်အကြာ ခြောက်သွေ့သွားတဲ့အခါ ရေ နွေးနွေးလေးဖြင့် ဆေးချလိုက်ပါ။ ပြီးမှ သန့်ရှင်း တဲ့အ၀တ်ကလေးနဲ့သုတ်ပေးပါ။ အက်စ်ပရင်မှာ Salicylic Acid ပါဝင်ပြီး ယင်းက အရေပြားဆဲလ်အသေ တွေ ကို ဖယ်ရှားပေးနိုင်ရုံသာမက ဘက်တီးရီးယား ပိုးမွှားတွေ ကိုသေစေနိုင်ပြီး ချွေး ပေါက်တွေကို သန့်ရှင်းစင်ကြယ စေပါတယ်။
Rose Water ဒါမှမဟုတ် လက်ဖက်ရည်ကြမ်း အသုံးပြုပေးပါ
အအေးခံထားတဲ့ Rose Water နဲ့ လက်ဖက်ရည်ကြမ်းကလည်း သင်တုန်းဓားဒဏ်ရာတွေကို သက်သာ အောင်ကုသပေးရာမှာ အသုံးဝင်တဲ့နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ အအေးခံထားတဲ့ ယင်းအရည်က အရေပြားရောင်ရမ်းခြင်း၊ အရေပြားစပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းကို သက်သာစေပါတယ်။
ရှားစောင်းလက်ပတ်ဂျယ်လ် အသုံးပြုပေးပါ
ရှားစောင်းလက်ပတ်ကတော့ ဘက်စုံအသုံးဝင်တဲ့ပစ္စည်းတစ်ခုဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ ဘက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်ပြီး ရောင်ရမ်းခြင်းကို လျှော့ချပေးပါတယ်။ အရေပြားကိုလည်း အေးမြစေပြီး အစိုဓာတ်ကိုဖြည့်ပေးပါတယ်။ ရှားစောင်းလက်ပတ်အသုံးပြုတဲ့အခါ သတိထားရမှာကတော့ ကိုယ်နဲ့ဓာတ်တည့် မတည့်သတိထားဖို့ပါပဲ။
နေ့စဉ် အမွေးအမျှင်တွေ ဖယ်ရှားခြင်းရှောင်ပါ
စေ့ဉ် အမွေးအမျှင်ရိတ်ခြင်းက အဆိုးရွားဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ တစ်ခေါက်ရိတ်ထားလို့ ဖြစ်လာတဲ့ ဒဏ်ရာပေါ် နောက်ထပ်ရိတ်တဲ့အတွက် ဒဏ်ရာကပိုပြီးဆိုးလာနိုင်မှာ အသေအချာပဲဖြစ်ပါတယ်။ ဒီထက်ပို ဆိုးတာကတော့ အမွေးအမျှင်တွေက ရိတ်ပေးလေ ပိုပြီးသန်မာလာလေ ဖြစ်လာပြီး ပိုပြီးကြည့်ရဆိုးစေမှာပါ။ အကောင်းဆုံးနည်းလမ်းကတော့ တစ်ပတ်တစ်ကြိမ် ဒါမှမဟုတ် ၅ ရက်တစ်ကြိမ်ခန့် လုပ်ပေးတာ အကောင်း ဆုံးဖြစ်ပါတယ်။
အနည်းငယ်အနွေးဓာတ်ပေးပါ
အမွေးအမျှင်တွေ ရိတ်ပြီးသွားတဲ့အခါ လူတိုင်းနီးပါး လုပ်တတ်ကြတာကတော့ ဆပ်ပြာတိုက်ပြီး သန့်ရှင်း လိုက်ခြင်းပဲ ဖြစ်ပါတယ်။ အားလုံးမေ့လျော့နေတာကတော့ ယင်းဧရိယာ တစ်ဝိုက်ကို အ၀တ်သန့်သန့်လေး တစ်ခုကို ရေနွေးနွေးလေးဖြင့် စိမ်ပြီးအုပ်ထားပေးဖို့ပါပဲ။ ဒီအနွေးဓာတ်က အရေပြားပွန်းပဲ့သွားတာကို သက် သာစေပြီး ဘက်တီးရီးယားတွေကို သုတ်သင်ပေးပါလိမ့်မယ်။
နူးညံ့စွာကြေးချွတ်ပေးပါ
ကြေးချွတ်ပေးခြင်းက အရေပြားဆဲလ်အသေတွေ ကို ဖယ်ရှားပေးနိုင်ရုံသာမက ချွေးပေါက်တွေကို သန့်ရှင်းစေပါတယ်။ ဒါပေမဲ့ ကြေးချွတ်တဲ့အခါ နူးညံ့တဲ့ပစ္စည်းတွေ အသုံးပြုပေးဖို့တော့ လိုအပ်ပါလိမ့်မယ်။
ရေအေးအေးဖြင့်ဆေးချပါ
သင်တုံးဓားဒဏ်ရာပြဿနာတွေကို သက်သာပျောက်ကင်းစေဖို့ အလွယ်ကူဆုံး အရိုးရှင်းဆုံးနည်းလမ်းက တော့ အမွေးအမျှင်တွေ ဖယ်ရှားပြီးတဲ့အခါတိုင်း ရေအေးအေးလေးနဲ့ ဆေးချလိုက်ဖို့ပဲ ဖြစ်ပါတယ်။ ယင်းက ချွေးပေါက်များကို ပြန်လည်ကျဉ်းမြောင်းသွားစေပြီး ဘက်တီးရီးယားတွေ ၀င်ရောက်ကူးစက်ဖို့ ခက်ခဲသွားပါ လိမ့်မယ်။

ဝဿန်

--------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
Share on Google Plus

0 comments:

Post a Comment