အဆိုးရွားဆုံးလမ်းခွဲနည်း


တစ်စုံတစ်ယောက်နဲ့ ပြတ်စဲဖို့ဆိုတာ ဘ၀မှာတစ်ကြိမ်တစ်ခါလောက်တော့ လူတိုင်းလုပ်ရမယ့် ကိစ္စတစ်ခုပါ။ တချို့ကိစ္စတွေမှာတော့ သူ့ကိုမမုန်းပါဘူး။ ဒါပေမဲ့ လမ်းခွဲရမယ့်အခြေအနေတစ်ခုကြောင့် ခွဲကိုခွဲရမှဖြစ်မယ်။ အဲဒါဆို ဒီကိစ္စပြောဖို့ အတွက် မျက်နှာချင်းဆိုင်ပြီး ဆွေးနွေးတိုင်ပင်မှာလား။ ဒါမှတခြားနည်းလမ်းရှာ ဖွေမှာလား။ သူနဲ့ပြတ်စဲဖို့ မျက်နှာချင်းဆိုင်ပြောတာထက် တခြားနည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ အခြေအနေနဲ့အချိန်အခါတော့ ရွေးချယ်ရဦးမှာပေါ့။
စာတိုပို့
ပြတ်စဲဖို့အကြောင်းကြားစာတိုပို့လိုက်တာ အလွယ်ကူ အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းဖြစ်မှာပါ။ ဒါမှမဟုတ် အဆိုးဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်မှာပါ။ ကိုယ်စာပို့လိုက်တဲ့အချိန်က သူအစည်း အဝေးခန်းထဲမှာ အရေးကြီး ကိစ္စဆွေးနွေးနေချိန် ဒါမှမဟုတ် အင်တာဗျူးဖြေဖို့ စာမေးပွဲဖြေဖို့ တစ်ခုခုကြိုးစား နေတဲ့အချိန်ဆို ဘယ်လိုလုပ်မလဲ စိတ်ကူးကြည့်လိုက်ပါ။
Facebook မှာ စာတင်
ဒါက သတ္တိမရှိတဲ့နည်းလမ်းတစ်ခုလို့တောင် ပြောလို့ရပါတယ်။ ကိုယ်ကတော့ တစ်ကိုယ်တည်းဖြစ် သွားပြီဖြစ်ကြောင်း စာတိုလေးတစ်ခုကောက်တင် လိုက်တာပေါ့။ ဒါပေမဲ့ သူ့အနေနဲ့ လွယ်လွယ်ကူကူ နားလည်နိုင်ပါ့မလား။
လူအများရှေ့မှာပြော
လမ်းခွဲကြောင်းအများရှေ့မှာ ပွင့်ပွင့်လင်းလင်း ပြောတာ အမှားတစ်ခုပေမယ့် လူတိုင်းကျူးလွန်နေ ကြတဲ့ကိစ္စပါ။ တကယ်တော့ နှစ်ယောက်သား အတွင်းရေးကို လူသိရှင်ကြားဖွင့်ပြောဖို့မလိုအပ်ပါဘူး။
ဒါကိုယ်တွေနှစ်ယောက်ပဲသိရမယ့် ပြောသင့်တဲ့ကိစ္စဆိုတာ ဦးနှောက်ရှိသူတိုင်းသိပါတယ်။
သူ့ကိုရှောင်ဖယ်
သူ့ကိုရှောင်ဖယ်ရှောင်ဖယ်လုပ်နေတာလည်း အကြံကောင်းတော့မဟုတ်ပါဘူး။ သူ့ကိုမပြောတော့ သူကဘယ်သိမှာပါလဲ။ ကိုယ့်ကိုတွေ့ဖို့ပဲကြိုးစားနေမယ်။ ပုံမှန်အတိုင်း ဖုန်းခေါ်မြဲခေါ်နေတယ်။ သူ့ အချိန်တွေကုန်တာပဲ အဖတ်တင်ပါတယ်။
သူ့ကိုမုန်းသမျှဖွင့်ပြော
လမ်းခွဲပြတ်စဲတော့မျှ သူ့ကိုမုန်းတဲ့ အချက်တွေပြောတာလည်း ရူးကြောင်ကြောင် လုပ်ရပ်တစ်ခုပါ။ ဘာကြောင့်များ မကြိုက်တာတွေ မုန်းတီးစိတ်တွေရှိနေလျက်နဲ့တွဲခဲ့တုန်းကတွဲပြီး အခုကျမှရုတ်တရက် ပြတ်စဲဖို့စကား ဘာကြောင့်ပြောတာပါလဲ။ စဉ်းစားစရာပါ။
သူ့ကိုလှည့်စား
ရုပ်ရှင်ထဲမှာ အတွေ့များတဲ့ကိစ္စပါ။  သူ့အတွက်ကိုယ့်အတွက်လည်း အကျိုးမရှိသလိုသူ့နေရာ အစားထိုးခံရသူအတွက်လည်း မကောင်းပါဘူး။ ကြားထဲက ကိုယ်ပဲသစ္စာမဲ့သူ၊ မျက်နှာများသူဖြစ်ရတာပေါ့။
တစ်ဆင့်ပြောကြား
ကိုယ်တိုင်မပြောချင်ဘူးဆိုလည်းထားပါတော့။ ဘာကြောင့်ကြားထဲက ရှေ့နေငှားပြီးပြောခိုင်းနေတာပါလဲ။ ကိုယ့်ကိုယ်ကိုယ် မလုံခြုံသင်္ကာမကင်းဖြစ်စေပါတယ်။
သူငယ်ချင်းလိုပဲ ဆက်ခင်မယ်
သူ့အနေနဲ့ကတော့ ပြဿနာမဟုတ်ဘဲ ထားခံခဲ့ရတဲ့အတွက် သူငယ်ချင်းလိုပဲဆက်ပြီးခင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်နေ့မှာတော့ သူငယ်ချင်းတွေဖြစ်သွားကောင်းဖြစ်သွားနိုင်တာပေါ့။ ဒါပေမဲ့ သူ့နဲ့လမ်းခွဲလိုက်တဲ့အချိန်မှဖြစ်ချင်ဖြစ်မှာပေါ့။

Share on Google Plus

0 comments:

Post a Comment