ဝက်ခြံများကပြောပြနေသော အရေပြားကျန်းမာရေး













ဝက်ခြံများကပြောပြနေသော အရေပြားကျန်းမာရေး
အသားအရေဆိုတာ ခန္ဓာကိုယ်တွင်းမှာ ဘာတွေဖြစ်ပျက်နေတယ် ဆိုတာကို ဖော်ပြပေးတဲ့ မှန်သားပြင် တစ်ချပ်ဖြစ်ပါတယ်။ အရေပြားပေါ်က ပြဿနာတွေဆိုတာ ပြဿနာတစ်ခုခုမဖြစ်ဘဲနဲ့ အကြောင်းမဲ့ ပေါ်ပေါက် လာတာတော့ မဟုတ်ပါဘူး။ လူအများစုမှာ အဖြစ်တတ်ဆုံးပြောရရင် ၀က်ခြံပေါ့။ ၀က်ခြံက ကိုယ့်ရဲ့ကျန်းမာရေး၊ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ပတ်သက်ပြီး အရှင်းလင်းဆုံး ပြောပြပေးနိုင်တဲ့အရာတစ်ခု ဖြစ်ပါတယ်။ ၀က်ခြံနဲ့ ခန္ဓာကိုယ်တွင်း ကျန်းမာရေးဘယ်လို အဆက်အစပ်ရှိတယ် ဆိုတာသိရှိနိုင်အောင် ရေးသားဖော်ပြပေးလိုက်ပါတယ်။

မေးစေ့၊ မေးရိုးနဲ့လည်ပင်းတစ်ဝိုက်ပေါက်တဲ့ ၀က်ခြံ
ဒီနေရာတစ်ဝိုက်မှာ ပေါက်ရတဲ့ အဓိကအကြောင်းရင်းပြဿနာကတော့ ဝှေးစေ့ကနေထွက်တဲ့ ဟိုမုန်း မတည်ငြိမ်မှုအပြောင်းအလဲဖြစ်မှုကြောင့်ဖြစ်ပါတယ်။ ဒီဟိုမုန်းတွေ မတည်ငြိမ်တဲ့အတွက် အရေပြားပေါ်က အဆီအိတ်တွေကို ပိုပြီး အဆီထွက်စေတဲ့အတွက် ရလဒ်က ချွေးပေါက် ပိတ်ပြီး ၀က်ခြံထွက်လာရပါတယ်။ ဒီပြဿနာကတော့ ကြိုတင်ခန့်မှန်းလို့မရတဲ့ ပြဿနာတစ်ခုဖြစ် ပါတယ်။ 

တကယ်လို့ဖြစ်လာတဲ့အခါမှာတော့ နြညထသပူ ဏနမသထငိန ဒါမှမဟုတှ်ေူငခပူငခ ဗခငိ ပါဝင်တဲ့ ၀က်ခြံသမားတွေအတွက် သီးသန့် ထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆပ်ပြာလိုမျိုးကို အသုံးပြုပေးနိုင်ပါတယ်။ ၀က်ခြံဖြစ်ပေါ်တဲ့ နေရာတွေဖြစ်တဲ့ မေးစေ့၊ မေးရိုး တစ်လျှောက်နဲ့ လည်ပင်းအရေပြား တစ်ဝိုက်အပြင် ကျန်မျက်နှာပြင် ဧရိယာတွေကိုလည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ အသုံးပြုပေးနိုင်ပါတယ်။ တစ်လတစ်ကြိမ် ဆိုးရွားစွာ ဖြစ်ပေါ်တတ်သူတွေအနေနဲ့ဆိုရင် ဆရာဝန်လို နားလည်တတ် ကျွမ်းသူနဲ့ပြသတာ အကောင်းဆုံးဖြစ်ပါတယ်။

နှာခေါင်းနဲ့ နဖူးမှာပေါက်တဲ့ဝက်ခြံ
ဒီနေရာမှာပေါက်တဲ့ ၀က်ခြံကတော့ အထူးသဖြင့်ွှ-ဖသညန ၀က် ခြံလို့ခေါ်ပါတယ်။ စိတ်ဖိစီးမှုများနေတဲ့အခါအဖြစ်များတဲ့ သကေင်တ တစ်ခုဖြစ်ပါတယ်။ စိတ်ဖိစီးမှုများနေတဲ့အခါ စိတ်လှုပ်ရှားနေတဲ့အခါ နှလုံးခုန်နိုင်စွမ်းနဲ့ စွမ်းအင်တုံ့ပြန်မှုကို ပိုမိုထက်မြက်စေတဲ့ အရည် တစ်မျိုး ဖြစ်တဲ့ အဒရီနလင်ဆိုတဲ့အရည်ကို ခနဓာကိုယ်က ထုတ်လွှတ်ပါတယ်။ အဲဒီအရည်က အဆီထုတ်လုပ်မှုကို တိုးပွားစေပြီး ၀က်ခြံဖြစ်ဖို့အလား အလာတိုးပွားစေပါတယ်။

ဒီလိုပြသသနာကို ဖြေရှင်းဖို့အတွက်ကတော့ စိတ်ဖိစီးမှုတွေများ နေတဲ့အခါ များလာတဲ့အခါမှာ ၀က်ခြံကုသပေးတဲ့ အလှကုန်၊ ဆေးတွေ လိုမျိုးသုံးစွဲဖို့ပဲဖြစ်ပါတယ်။

နဖူးအစပ်၊ ဆံပင်နားမှာထွက်တဲ့ဝက်ခြံ
ဒီပြသသနာကတောံ့ငေမ ဏမသိကခအ ဆံသားထိန်းသိမ်းပစစည်းတွေ အလွန်အကျွံ သုံးစွဲမှုကြောင့်ဖြစ်ပါတယ်။ ဆံသားက ဂရုစိုက်မှု လိုအပ်တယ် ဆိုပေမယ့် အဆီများလွန်းတဲ့ပစစည်းတွေ အလွန်အကျွံအသုံးပြုမိတဲ့အခါ နဖူးစပ်မှာ ၀က်ခြံထွက်လာရခြင်းဖြစ်ပါတယ်။ ဆံသားအလှဆီလို ပစ္စည်း တွေသုံးစွဲမိပြီး ခေါင်းမလျှော်တဲ့ အခါဆံပင်မှာ ဖုန်မှုန့် တွေ ချွေးတွေကပ်ညိနေတဲ့အခါ အဲဒါတွေက ဦးရေပြားကချွေးပေါက်လေး တွေကိုပိတ်ဆို့ပြီး ၀က်ခြံထွက်လာပါတယ်။

ကာကွယ်ဖို့ အရိုးရှင်းဆုံးနည်းလမ်းကတော့ အဲဒီနဖူးစပ်နားတစ် ၀ိုက်မှာ ဆံသားထိန်းအလှဆီတွေ၊
Hair Spary  လို ပစ္စည်းတွေ အသုံး ပြုခြင်းရှောင်ရှားပါ။ ပုံမှန်ခေါင်းလျှော်ပေးပါ။ မျက်နှာသစ်တဲ့အခါမှာ နဖူးအစပ်နားကိုပါ ဆပ်ပြာဖြင့် သေချာသန့်ရှင်းပေးပါ။ ကြမ်းတမ်း စွာ ပွတ်တိုက်ခြင်းကိုတော့ရှောင်ပါ။ ကြမ်းတမ်းစွာပွတ်တိုက်ရင် အရေပြားကိုပါ ရောင်ရမ်းယားယံစေပြီး အနတရာယ်ရှိစေပါတယ်။ တကယ်လို့ ဒီဝက်ခြံပြသသနာက ပိုပြီးဆိုးရွာလာတဲ့အခါ နေ့စဉ် အသုံး ပြုနေတဲ့ တိုနာကို နဖူးစပ်နားမှာ နေ့စဉ်အသုံးပြုပေးနိုင်ပါတယ်။

ပါးမှာထွက်တဲ့ဝက်ခြံ
အကြောင်းရင်းကတော့ ညစ်ပတ်တဲ့ဖုန်တွေ၊ ညစ်ပတ်တဲ့ လက် တွေနဲ့ ထိတွေ့မိတာကြောင့် အဖြစ်များ ပါတယ်။ ကိုယ့်မျက်နှာကို အချိန် အတော်ကြာအောင်ထိတွေ့နေတဲ့ ဘယ်အရာမဆို ချွေးပေါက်ပိတ်စေတဲ့ အညစ်အကြေးတွေ ဒါမှမဟုတ် ဘက်တီးရီးယားတွေကို မျက်နှာပြင် အရေပြားကိုပို့ဆောင်ပေးပါတယ်။
ဖြေရှင်းဖို့နည်းလမ်းကတော့ ကိုယ်အသုံးပြုနေတဲ့ ဖုန်းလိုပစစည်း မျိုးတွေကို ဘက်တီးရီးယားတွေ ဖယ်ရှားပေးတှဲျွ့နအ တစ်ရှူးလိုမျိုးနဲ့ ပုံမှန်သန့်ရှင်းရေးလုပ်ပေးပါ။ လက်ကို မကြာခဏဆေးကြောပါ။ မျက်နှာ အသားအရေနဲ့ လက်မကြာခဏကိုင်တွယ်ခြင်းကို အတတ်နိုင်ဆုံးရှောင် ရှားပါ။

ပါစပ်နားတစ်ဝိုက် ထွက်တတ်တဲ့ဝက်ခြံ
ဒီပြသသနာကတော့ အစားအသောက်ကြောင့် အဖြစ်များပါတယ်။ သံပုရာ၊ ဗီနီဂါ တို့ပါဝင်တဲ့ အချဉ် ဓာတ်အခြေခံထားတဲ့ အ စားအစားရဲ့ အြွကင်း အ ကျန်တွေက အရေပြားကို ယား ယံစေပြီး ရောင်ရမ်းစေ ပါတယ်။ အဆီ ပါတဲ့ အစားအစာတွေ ဥပမာ အာလူး ကြော်၊ ဆီကြော်မုန့်တို့ လိုအစားအစာတွေ က ပါးစပ်နားတစ်ဝိုက် အရေပြားက ချွေး ပေါက်တွေကို ပိတ်စေပါတယ်။ ရလဒ်ကတော့ ပါးစပ်တစ် ၀ိုက်နဲ့ နှုတ်ခမ်းသားတွေမှာ ၀က်ခြံ ပေါက်လာပါတော့တယ်။

ဒီပြသသနာကို ကာကွယ်ဖို့ အကောင်းဆုံးနည်း လမ်းကတော့ အစာစားပြီးတိုင်း ပါးစပ်ကို သန့်ရှင်း သွားအောင်သုတ်ဖို့ပဲဖြစ်ပါတယ်။ သုတ်တဲ့အ၀တ်က လည်းသန့်ရှင်းတဲ့အ၀တ်ဖြစ်ဖို့လိုအပ်ပါတယ်။ ညစ် ပေနေတဲ့ အ၀တ်တွေက ၀က်ခြံပြသသနာတွေ အပြင်တခြားမလိုလားအပ်တဲ့အရေပြားဆိုင် ရာပြသသနာတွေပါဖြစ်ပေါ်လာစေနိုင်ပါတယ်။

ရင်ဘတ်နဲ့နောက်ကျောပြင်မှာပေါက်တဲ့ဝက်ခြံ
ပြသသနာကတော့ ချည်သားအတွင်းခံ ဘရာစီ ယာတွေ၊ ချည်သားအတွင်းခံဝတ်စုံတွေကြောင့် အဖြစ်များပါတယ်။ ချည်သားဝတ်စုံတွေမှာ ချွေးတွေက စိမ့်ဝင်နေပြီး အဲဒီချွေးက အရေ ပြားကို ဒုကခပေးပါတော့တယ်။ ၀က်ခြံဖြစ် စေတတ်တဲ့ ဘက်တီးရီးယားတွေက စွတ်စို တဲ့နေရာမှာဖြစ်ပေါ်တတ်တဲ့အတွက် ချွေး ထွက်တဲ့အခါ အရေပြားမှာ ၀က်ခြံ ဖြစ်ပေါ်လာရပါတယ်။
အဲဒါကြောင့် ချွေးထွက်တတ် သူတွေအနေနဲ့ ဏသူပျအနမ ဒါမှမဟုတ် ငြခမသ်ငဘနမ တို့လို လုပ်ထားတဲ့ အ၀တ်အစားမျိုး ၀တ်ဆင်ဖို့က အရေးကြီး ပါတယ်။ ချွေးထွက်လွန် တဲ့အခါ ချွေးသုတ်ပြီး အ၀တ်အစားမကြာ ခဏလဲပေးနိုင် ရင် တော့ အကောင်း ဆုံးဖြစ်ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment