အနုပညာလောကထဲမှာ
အကယ်ဒမီလွင်မိုးသမီးရယ်လို့လူသိများပြီး ပရိသတ်အားပေးမှုရနေ သူကတော့ ချစ်စရာဆယ်ကျော်သက်ကောင်မလေးယွန်းဝတီလွင်မိုးပါ။
ဖခင်ဖြစ်သူလွင်မိုးကတော့ သမီးဖြစ်သူအပေါ်ပရိသတ်တွေအားပေးမှုကိုကျေနပ်အားရစွာ သမီးဖြစ်သူအကြောင်းကို
အခုလို ပြောပြလိုက်ပါတယ်။
''သမီးကတော့
ရုပ်ရှင်အသိုင်းအ၀ိုင်းနဲ့ခင်မင်ရင်းနှီးသလို ပရိသတ်အားပေးမှုလည်းရှိတယ်။ အနုပညာအလုပ်မှာ
သူ့ပရိသတ်နဲ့သူရှိနေပေမယ့်အရေးကြီးတာက ပညာရေးအပိုင်းပေါ့နော်။ ပညာတတ်တစ်ယောက်ဖြစ်ဖို့က
နံပါတ်တစ်ဖြစ်သွားတာပေါ့နော်။ ကျန်တာ အနုပညာလား စီးပွားရေးလားဆိုတာ သူ့ရဲ့ဆန္ဒပါပဲ။
ဒီခေတ်ကြီးကအရင်လိုတော့မဟုတ်တော့ဘူးလေ။ ထိန်းထိန်းသိမ်းသိမ်းတော့ လုပ်ပေးရတာပေါ့။ အိမ်ထောင်ရေးမှာဖြစ်ဖြစ်
အချစ်ရေးမှာဖြစ်ဖြစ် မိဘတွေကို ပွင့်ပွင့်လင်းလင်းပြောနိုင် အောင်လုပ်ပေးထားတယ်။
သူကလည်းကလေးတစ်ယောက်ဖြစ်တဲ့အတွက်ဖြစ်ချင်တာတွေလုပ်ချင်တာတွေ
အရမ်းများတယ်။ ပညာရေးဘက်မှာ အကောင်းဆုံးဖြစ်အောင် တိုက်တွန်းပြီးလုပ်ထားရတာပေါ့။ ပညာရေးလည်း
ထူးချွန်ပါတယ်။ ကြိုးစားရင်ကြိုးစားသလို အောင်မြင်တတ်တဲ့သူဖြစ်တဲ့အတွက် မိဘဆုံးမမှုနဲ့သူရဲ့ဆုံးဖြတ်မှုပေါ့လေ။
အသက်၂၀၊ ၂၃ကြားကာလလေးမှာ ကြိုးစားသွားမယ်ဆိုရင် ကောင်းကောင်း မွန်မွန်နဲLife တစ်ခုကိုထူထောင်သွားမယ့်
အမျိုးသမီးဖြစ်သွားမှာပါ။ ပညာရေးပြီးလို့ အနုပညာအလုပ်တွေလုပ်ချင်တယ်ဆိုရင်လည်း အတတ်နိုင်ဆုံးကူညီပံ့ပိုး
ပေးသွားမှာဖြစ်တယ်''လို့ ပြောပါတယ်။
---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment