ဖြူဖြူဖွေးဖွေး ရေဆေးငါးလိုလှချင်ရင်…
အသားအရေထိန်းသိမ်းမှုနည်းစနစ်တွေ၊
နည်းလမ်းကောင်းတွေ အကြောင်းပြောရရင် ချန်လှပ်မ ထားခဲ့လို့ရတာရှိပါတယ်။ အဲဒါကတော့တရုတ်လူမျိုးတွေပါ။
တရုတ်အမျိုးသမီးတွေမှာလည်း အသားအရေလှပဖို့ ဘိုးဘွားအစဉ် အဆက်လက်ဆင့်ကမ်းလာတဲ့နည်း လမ်းကောင်းလေးတွေရှိပါတယ်။
အခုချိန်မှာတော့ဒီနည်းလမ်းတွေက လျို့ဝှက်ချက်မဟုတ်တော့ဘူးပေါ့။ ဘယ်ပစ္စည်းတွေကတရုတ်လူမျိုး
အမျိုးသမီးတွေရဲ့အသားအရေကို လှပစေသလဲဆိုတာကြည့်ရအောင်။
ဆန်ဆေးရေ
တရုတ်အမျိုးသမီးတွေဟာ
နို့နှစ်ရောင်ဖြူဖွေးပြီးပြစ်မျိုးမှဲ့မထင် လှပတဲ့အသားအရေကြောင့်နာမည် ကြီးကြပါတယ်။
လျို့ဝှက်ချက်က ရိုးရှင်းပါတယ်။ ဘယ်အသားအရေ ထိန်းပစ္စည်းမှမဟုတ်ပါဘူး။ ဆန် ဆေးရေပါ။
ဆန်ဆေးရေထဲဂွမ်းစ လေးနှစ်ပြီးမျက်နှာကိုနေ့စဉ်ပုံမှန် ပွတ်ပေးတာက အသားအရေကိုလှ ပစေပါတယ်။
ဖယောင်းအဆီ
နောက်ထပ်တရုတ်လူမျိုးတို့ရဲ့လက်ဆွဲကတော့ဖယောင်းအဆီပါ။
ဆံသားပြုပြင်ထိန်းသိမ်းမှုတွေ အတွက်အများဆုံးသုံးကြပါတယ်။ ဖယောင်းပန်းအဆီက ဆံသားကို
ပျော့ပျောင်းစေပြီး ဆံသားကြီးထွား မှုကိုထောက်ပံ့ပေးပါတယ်။ ဆံသား အတွက်တင်မကပါဘူး။ အရေပြား
အလှဆီ၊ အကြောပြတ်ဒဏ်ရာ တွေအတွက် ကုထုံးဆီအနေနဲ့ လည်းသုံးပါတယ်။
ပဲစေ့
ပဲစေ့ကိုတော့
တရုတ်နိုင်ငံ သာမန်လူတန်းစားတွေ၊ ရှင်ဘုရင် မျိုးနွယ်တွေဟာ မျက်နှာပေါင်းတင် ဖို့အတွက်အသုံးပြုကြပါတယ်။
ပဲစေ့ကိုထောင်း၊ ရေနဲ့စေးပျစ်နေ အောင်လုပ်ပြီးမျက်နှာပေါ်မှာနာရီ ၀က်ခန့်တင်ထားမယ်ဆိုရင်
ဝက်ခြံတွေကို လုံးဝကုသပေးနိုင်ပါတယ်။
ခရုခွံ
မျက်နှာအသားအရေနုပျိုစေဖို့
တရုတ်အမျိုးသမီတွေရဲ့လျို့ဝှက်နည်းနောက်တစ်ခုကခရုခွံအမှုန့်ပါ။ ခရုခွံက တရုတ်အသားအရေထိန်း
ပစ္စည်းတွေမှာမပါမဖြစ်ပါဝင်ပစ္စည်း တစ်ခုဖြစ်နေပါတယ်။ ဒီခရုခွံအမှုန့်က အသားအရေယားယံတာကို
သက်သာစေပြီးမျက်နှာပြင်ကိုဝင်းပစေပါတယ်။ ခရုခွံအမှုန့်၊ ကြက်ဥအနှစ်၊ ပျားရည်ရောစပ်ပြီးလိမ်းပေးမယ်ဆိုရင်
အသားအရေကိုနုပျိုစေပါတယ်။
လက်ဖက်စိမ်း
လက်ဖက်စိမ်းက
တရုတ်လူမျိုးတို့ရဲ့လက်စွဲပါ။ လွန်ခဲ့တဲ့နှစ် ပေါင်းများစွာကတည်းကလက်ဖက် စိမ်းဟာ တရုတ်လူမျိုးတွေအတွက်
အလှအပ၊ ဆေးဝါးကုသမှုတွေမှာ မရှိမဖြစ်ပါဝင်ပစ္စည်းအနေနဲ့သုံးကြပါတယ်။ လက်ဖက်စိမ်းမှာပါဝင်တဲ့
အင်တီအောက်ဆီဒင့်တွေက ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်တွေရဲ့ဖြစ်ပျက် မှုတွေကိုကူညီပေးပြီး ခန္ဓာကိုယ်အလေးချိန်လည်းကျစေပါတယ်။
နှိပ်နယ်ပေးခြင်း
နှိပ်နယ်ပေးတဲ့အလေ့အကျင့်ကိုတော့
အခုအချိန်မှာအနောက် နိုင်ငံကလူတွေပါအသုံးပြုလာကြပါပြီ။ ဒါပေမဲ့တရုတ်လူမျိုးတွေကတော့
ခြေဖ၀ါးကိုနှိပ်နယ်ပေးခြင်းကသွေးလည်ပတ်မှုကောင်းမွန်စေ ပြီးခန္ဓာကိုယ်ကအဆိပ်အတောက်တွေဖယ်ရှားပစ်နိုင်တယ်လို့
ယုံကြည်ထားကြပါတယ်။ မျက်နှာနှိပ် နယ်ပေးတာကတော့ အသားအရေကိုကြည်လင်တောက်ပစေပြီး ဖောင်းအစ်နေတဲ့နေရာတွေကို
လျှော့ချပေးနိုင်ပါတယ်။
ကျောက်စိမ်း
တရုတ်အမျိုးသမီးတွေရဲ့အလှအပရေးရာလျို့ဝှက်ချက်တစ်ခုကတော့ကျောက်စိမ်းပါ။
ကျောက်စိမ်းက သွေးလည်ပတ်မှုကောင်းမွန်စေပြီး အသားအရေကိုကုသပေးနိုင်တဲ့ အတွက်ကျောက်စိမ်းနဲ့အရေပြားကို
ပွတ်သပ်နှိပ်နယ်ပေးပါတယ်။
ပင်စိမ်းရွက်
ကြည်လင်တောက်ပတဲ့အသား
အရေလေးပိုင်ဆိုင်ဖို့ တရုတ်အမျိုး သမီးတို့ရဲ့လက်စွဲတစ်ခုကပင်စိမ်းပါ။ ပင်စိမ်းကအသားအရေကိုဝင်းလက်စေပါတယ်။
ပင်စိမ်းရွက်ကိုခြေ၊ ပျစ်စေးအောင်ပြုလုပ်ပြီးမျက်နှာပြင် ပေါ်မှာလိမ်းထားပေးမယ်ဆိုရင်
အသားအရောင်ကို ညီညာစေပြီး တောက်ပ၀င်းလက်နေစေပါတယ်။
ရှောင်သင့်တာကိုရှောင်
ဒီလိုသဘာဝပစ္စည်းတွေသုံးနေလို့
ဓာတုနည်းနဲ့ထုတ်ထားတဲ့ အသားအရေထိန်းပစ္စည်းတွေကို မသုံးတာတော့မဟုတ်ကြပါဘူး။ တရုတ်လူမျိုးအမျိုးသမီးတွေကလည်း
မိတ်ကပ်၊ အလှကုန်တွေ သုံးကြပါတယ်။ ဒါပေမဲ့သုံးသင့်တဲ့ အခါသုံးပြီးမသုံးသင့်တာကိုရှောင်ရှားကြပါတယ်။
နနွင်း
နောက်ဆုံးအလှအပရေးရာ
လျို့ဝှက်ချက်တစ်ခုကတော့ နနွင်းပါ။ တရုတ်အမျိုးသမီးတွေကတော့ နနွင်းကိုအရေးအကြောင်းတွေကင်း
စင်စေဖို့အသားအရေညီညာစေဖို့ သုံးစွဲကြပါတယ်။
ဝဿန်
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment