ခန္ဓာကိုယ်နည်းနည်းပေါ်စေမယ့် အ၀တ်အစားမျိုးဝတ်ဖြစ်တယ်… ရတနာဗို












ကိုယ့်နဲ့လိုက်ဖက်မယ့် ခန္ဓာကိုယ်နည်းနည်းပေါ်စေမယ့် အ၀တ်အစားမျိုးဝတ်ဖြစ်တယ်… ရတနာဗို

ပရိသတ်တွေကြားမှာ ကိုယ့်ရဲ့ဖက်ရှင်က မရိုင်းလည်းမရိုင်းရအောင် ရိုးလည်းမရိုးသွားအောင် ဖက်ရှင်ကို ဘယ်လိုစဉ်းစားပြီးဝတ်ဖြစ်သလဲဆိုရင် ညီမက အပြင်တွေဘာတွေလည်းသိပ်မထွက်ဖြစ်ဘူး။ 

အရင်တုန်းကလည်း ပွဲတွေဘာတွေ သိပ်မတက်ဖြစ်တော့ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီး အားနည်းတယ်။ ဒါပေမဲ့ ဇာတ်ကားတစ် ကားမှာတော့ သူတို့ပေးတဲ့ကာရိုက်တာအရ အဲဒီကာရိုက်တာကို စီးမျောနိုင်အောင် အ၀တ်အစားကို အရမ်းလည်းမရိုင်းအောင် အရမ်းကြီးလည်းကွာဟမနေအောင် သေချာစီစဉ်ပြီးဝတ်ဖြစ်တယ်။ 

အပြင်မှာဆိုရင်တော့ ပေါ့ပေါ့ပါးပါးဝတ်တာများတယ်။ အဓိက တကယ်ကြိုက်တာက ဘောင်းဘီအပွ အင်္ကျီအပွကိုကြိုက်တယ်။ အဲဒီဖက်ရှင်က နေလို့ထိုင်လို့ သွားလို့လာလို့ကောင်းတယ်။ ဒါပေမဲ့ တချို့နေရာတွေကျတော့လည်း အဲဒီလိုသွားလို့ မသင့်တော်တဲ့အခါ လူကောင်က နည်းနည်းသေးတော့ ကိုယ်နဲ့လိုက်ဖက်မယ့် ခန္ဓာကိုယ်ကိုနည်းနည်းပေါ်စေမယ့်အ၀တ်အစားမျိုးဝတ်ဖြစ်တယ်။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment