ပြိုကွဲသွားတဲ့ဆက်ဆံရေးတစ်ခု ကုသပေးဖို့ အစားထိုးမယ့်သူ တကယ်လိုအပ်ပါရဲ့လား














ပြိုကွဲသွားတဲ့ဆက်ဆံရေးတစ်ခု ကုသပေးဖို့ အစားထိုးမယ့်သူ တကယ်လိုအပ်ပါရဲ့လား

         ဆက်ဆံရေးတစ်ခုအဆုံးသတ်သွားတဲ့အခါ နောက်ထပ်ဆက်ဆံရေးတစ်ခုကို အလျင်အမြန်ခုန်ကူး နေမိတယ်လို့ ကိုယ့်ကိုယ်ကိုယ်ခံစားနေရပါသလား။ ကိုယ်က ဘယ်အရာကိုမှ မစဉ်းစားဘဲနဲ့ အရာရာ ကို အလျင်အမြန်လုပ်ဆောင်နေတဲ့သဘောပါ။ နောက်ပြီး မစတင်ရသေးတဲ့ ဆက်ဆံရေးတစ်ခုကို လျင်လျင်မြန်မြန်နဲ့ အဆုံးသတ်ဖို့ အလားအလာရှိတယ်လို့လည်း အဓိပ္ပါယ်သက်ရောက်ပါတယ်။ 

ဘယ်သူမဆို တည်ငြိမ်အေးချမ်းတဲ့ဆက်ဆံရေးလေးတစ်ခု ပိုင်ဆိုင်ချင်ကြတာချည်းပါပဲ။ ကိုယ့်မိသား စုနဲ့ပဲဖြစ်ဖြစ်၊ ကိုယ့်လက်တွဲဖော်နဲ့ပဲဖြစ်ဖြစ်ပေါ့။ ဒါပေမဲ့ ဆက်ဆံရေးတစ်ခု ပြိုလဲသွားချိန်မှာတော့ ဒီမျှော်လင့်ချက်အိပ်မက်တွေဟာ ဆောက်တည်ရာမရ ဖြစ်လာပါတော့တယ်။ အဲဒီအချိန်မှာ ဒီဝေဒနာ ကို ကုစားပေးဖို့ တစ်စုံတစ်ယောက် လိုအပ်လာပါပြီ။ အဲဒီအတွက် ကိုယ့်ဝေဒနာကို ကုစားပေးနိုင်မယ့် လူတစ်ယောက်ကို အလျင်အမြန် ရွေးချယ်တာ၊ အဲဒီလူတစ်ယောက်ဆီ ခိုလှုံတယ်ဆိုတာ ဆန်းပြားတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ စွန့်ပစ်ခံရတဲ့အတွက် ရင်ထဲမှာ တစ်နေရာစာဟာတာတာကြီးဖြစ်နေ တာကတော့ ဆန်းပါတယ်။ အဲဒါဆို နောက်ထပ်တစ်ယောက်ဆီကို အလျင်အမြန်ပဲ ခိုလှုံမှာလား။ 

တစ်ခဏတာလောက် တစ်ကိုယ်ရေတစ်ကာယဖြစ်နေရတာက ကိုယ့်ကို ထိခိုက်စေမှာမို့လို့လား။ အဲဒါကြောင့် ဆက်ဆံရေးတစ်ခုကို အလျင်အမြန်ခုန်ကူးသင့်သလား၊ မသင့်ဘူးလားဆိုတဲ့ အကြောင်း ပြချက်လေးတွေ အချိန်ခဏလေး ဖြစ်ဖြစ်ပေးပြီး လေ့လာကြည့်ကြရအောင်။

ဆက်ဆံရေးတစ်ခုကို အလျင်အမြန်ဆုံးဖြတ်ချက်ချပြီး မပြောင်းလဲသင့်တဲ့အကြောင်းကတော့ ကုစားဖို့အချိန်လိုအပ်ပါတယ်
ဘယ်လောက်ပဲဆိုးရွားတဲ့ အဆုံးသတ်မှုဖြစ်ပါစေ ကိုယ့်အတွက် ပြန်လည်ကုစားဖို့အချိန်ဆိုတာ လိုအပ်ပါတယ်။ ကိုယ်တစ်ချိန်က အနေနီးစပ်ခဲ့တဲ့လူတစ်ယောက်ကို အချိန်တစ်ခဏလေးအတွင်းမှာ စိတ်ထဲကအလွယ်တကူမထုတ်ပစ်နိုင်တာကတော့ အသေအချာပဲဖြစ်ပါတယ်။ ကိုယ့်မှာ သူနဲ့ပတ် သက်ပြီး ခံစားချက်တွေ ကျန်ရှိနေတာကို လက်ခံဖို့လိုအပ်ပါတယ်။ အဲဒါကြောင့် အသစ်သစ်သော တစ်စုံတစ်ယောက်ဆီ မကူးပြောင်းခင်မှာ ကိုယ့်အနေနဲ့ နှလုံးသားကို ခေတ္တတခဏအနားပေးဖို့ အချိန်လိုအပ်ပါတယ်။

အချိန်အများကြီးကျန်ပါသေးတယ်
ဘယ်သူတွေဘာပဲပြောပါစေ။ ကိုယ့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်သာ အာရုံစိုက်ထားဖို့ လိုအပ်ပါတယ်။ ဘယ်သူဖြစ်ဖြစ် ဘယ်အသက်အရွယ်မဆို အချစ်မှာ ပျော်ဝင်ကျရှုံးသွားတက်ကြတာချည်း မဟုတ်ပါ လား။ အဲဒါကြောင့် ဘယ်အရာမှ   အစောတလျင် စဉ်းစားဆုံးဖြတ်လုပ်ဆောင်နေစရာ မလိုအပ်ပါ ဘူး။ ကိုယ့်အတွက် စစ်မှန်တဲ့လူဆိုတာ တစ်ချိန်ချိန်မှာ ပေါ်လာမှာ ကျိန်းသေဖြစ်ပါတယ်။

တစ်ခုခုကို သက်သေပြဖို့ကြိုးစားနေပါလိမ့်မယ်
အပြစ်မရှိဘဲရက်ရက်စက်စက် စွန့်ခွာသွားခံရသူတွေအဖို့တော့ ဒေါသတွေ စိတ်မတင်မကျဖြစ်မှုတွေ တစ်သီတစ်တန်းကြီးရှိနေမှာ သေချာပါ တယ်။ အဲဒီလိုအချိန်မှာ စိတ် ရဲ့မခံချင် စိတ်စေခိုင်းချက်အရ ''ငါ သူ့ကိုမလိုအပ်ပါဘူး''ဆိုတဲ့ အကြောင်းပြချက်၊ ''သူမရှိလည်းနေနိုင်ပါတယ်'' ဆိုတဲ့အချက်တွေကို သက်သေပြဖို့ ကြိုးစားနေမိပါလိမ့်မယ်။ အဲဒီနောက်တစ်ယောက်အပေါ်အလွယ်တကူယိုင်နဲ့သွားတာ မဆန်းပြားပါဘူး။ အဲဒီအခါမှာ ကိုယ်ဒုက္ခရောက်ရသလို ဒုတိယလူဒုက္ခမရောက်ရဖိုဆိုတာ မစဉ်းစား မတွေးတောနိုင်တော့ပါဘူး။ အဲဒါက ကောင်းမွန်တဲ့အသစ်ပြန်လည်စတင်ခြင်းမဟုတ်ဘူးဆိုတာ အကြိမ်ကြိမ် သတိထားမိဖို့တော့ လိုအပ်ပါလိမ့်မယ်။

တစ်ယောက်တည်းအထီးကျန် ဖြစ်မှာကြောက်ရွံ့နေတဲ့အခါ
တချို့သော လူတွေဟာ တစ်ကိုယ်တည်းဖြစ်မှာ ကြောက်ရွံ့တတ်ကြပါတယ်။ ဒါဟာ နောက်ထပ် အသစ်သစ်သော ဆက်ဆံရေးတစ်ခုကို ကူးပြောင်းသွားစေတဲ့အ ကြောင်းပြချက်တစ်ခုပဲဖြစ်ပါတယ်။ သူ့ခံစားချက်ကို အသုံးချလိုက်ခြင်း ဖြစ်တယ်။ အဲဒီလိုလုပ်လိုက်လို့ ကိုယ်ပျော်ရွှင်နိုင်ပါ့မလား တကယ် ကော ပျော်ရွှင်မှုရနိုင်ပါ့မလား။

ကိုယ့်ကိုအခွင့်ကောင်းယူနေမယ် ဆိုရင်
 ပြိုကွဲသွားတဲ့ ဆက်ဆံရေးတစ်ခုရဲ့နောက်က အထီးကျန် ၀မ်းနည်းမှုတွေကို ဖြေသိမ့်နိုင်ဖို့အတွက် တစ်စုံတစ်ယောက် အစားထိုးဖို့ရှာဖွေတဲ့အခါ ကိုယ်တွေ့ဆုံတဲ့တစ်စုံတစ်ယောက်က တကယ်ပဲစိတ် ချရမယ်လို့ ယုံကြည်ချက်ရှိပါသလား။ လူတိုင်းက သူတို့ရုပ်သွင်မှာပေါ်တဲ့အတိုင်း အမှန်တကယ်ခံစား ချက်ရှိတယ်လို့ ယုံကြည်လို့ရနိုင်ပါ့မလား။ အဲဒီအခါမှာ ကိုယ့်ကို အခွင့်အရေးမယူနိုင်ဘူး ယုံကြည်ချက် ရှိပါသလား။ 

ကိုယ်ကပျင်းရိနေတယ်ခံစားနေရရင်
ဆက်ဆံရေးတစ်ခုကနေ ပထမဆုံးလက်လွှတ်ခံရတဲ့အခါ ကိုယ့်မှာ ပိုလျှံနေတဲ့အချိန်တွေ ထွက် ကောင်းထွက်လာနိုင်ပါတယ်။ ဒီပိုလျှံနေတဲ့အချိန်တွေကို အသုံးချဖို့အတွက် ဆက်ဆံရေးအသစ် တစ်ခုကို ကူးပြောင်းတယ်ဆိုတာ ကောင်းတဲ့အကြောင်းပြချက်တစ်ခုတော့ မဟုတ်ပါဘူး။ တကယ်လို့ပိုလျှံနေတဲ့ အချိန် မိသားစုတွေ နဲ့ အပြင်သွားတာအကောင်းဆုံးပဲ ဖြစ်ပါ တယ်။

ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဆန္ဒတွေပြင်းပြနေမယ်
တစ်စုံတစ်ယောက်နဲ့ အနီးကပ်နေခဲ့ဖူးတာဖြစ်တဲ့အတွက် တစ်စုံတစ်ယောက်ရဲ့ ယုယမှုတွေ အောက် မှာကျေနပ်မှုတွေ ရခဲ့ဖူးမှာ အသေအချာပါဘဲ။ ဆက်ဆံရေး တစ်ခုပျက်စီးသွားတဲ့အခါမှာတော့ ယင်း အယုအယတွေကို မျှော်လင့်ချက်နဲ့ တစ်စုံတစ်ယောက်ကိုရှာ ဖွေတာကလည်း အကြောင်းပြချက် တစ်ခုဖြစ်ပါတယ်။ ကိုယ်လိုချင်တာ ရတယ်ပဲထားဦး ဒီတစ်ယောက်ကို ကိုယ့်လက်တွဲဖော်အဖြစ်သတ် မှတ်နိုင်ပါ့မလား။ သူငယ်ချင်းတွေ၊ မိသားစုတွေဆီက ငိုဖို့ ရယ်ဖို့ စိတ်ချမ်းသာစေဖို့ခိုလှုံရမယ့် ပခုံး တစ်ခု၊ လက်တစ်စုံကို ဘာလို့ သူများဆီများ မျှော်လင့်တောင့်တနေမှာပါလဲ။

တစ်စုံတစ်ယောက်ရဲ့ လွှမ်းမိုးမှုရှိနေမယ်
ပြိုကွဲသွားတဲ့ဆက်ဆံရေးတစ်ခုနောက်မှာ စိတ်မချမ်းသာစရာ ၀မ်းနည်းစရာတွေကြုံမှာ အသေအချာ ဖြစ်ပါတယ်။ ဒီလို ပြသနာတွေ ကို မကြည့်ရက်နိုင်တဲ့ မိသားစုတွေ သူငယ်ချင်းအသိုင်းအ၀ိုင်းတွေက ကိုယ့်ကို ဆက်ဆံရေးတစ်ခုဆီအခြေစုံပစ်ဝင်ဖို့တွန်းအားပေးကောင်း ပေးနိုင်ပါတယ်။ အဲဒီအခါ နားမ ယောင်ဖို့ကတော့ လိုအပ်ပါတယ်။

ကိုယ်ကစောင့်ဆိုင်းနေရမှုနဲ့ ထိုက်တန်ပါတယ်
ကိုယ့်ပျော်ရွှင်မှုက ကိုယ်နဲ့သာ ဆိုင်ပါတယ်။ ဆက်ဆံရေးအသစ်တစ်ခုဆီကို အလျင်အမြန်ကူးပြောင်း တယ်ဆိုတာ ကောင်းတဲ့အကြံဥာဏ်တစ်ခုတော့ မဟုတ်ပါဘူး။  စောင့်ဆိုင်းနေရမှုက အတိုင်းအတာ တစ်ခုတစ်ခုအထိလောက်တော့ ခက်ခဲကောင်းခက်ခဲနိုင်ပေမယ့် ကျော်ဖြတ်နိုင်တဲ့အခါ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ကြုံတွေ့ရမှာ အသေအချာပဲဖြစ်ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment