အေးမြတ်သူမြန်မာဝတ်စုံဝတ်တာကို ပရိတ်ကပိုကြိုက်ကြတယ်…
အေးမြတ်သူလည်းကြိုက်ပါတယ်…တစ်ခါတလေကျတော့လည်းအေးမြတ်သူက ဆိုးမိတာပေါ့နော်… လူဆိုတာ
မကောင်းတဲ့ ဥာဉ်လေးတွေရှိတတ်တယ်ပေါ့… အေးမြတ်သူ
မိုးဟေကိုရဲ့
ကျွန်မချစ်သောစာအုပ် မိတ်ဆက်ပွဲကိုလာရောက် အားပေးတဲ့ အေးမြတ်သူနဲ့တွေ့ဆုံခိုက်သူမရဲ့အွန်လိုင်းပေါ်က
ဖက်ရှင်အကြောင်းနဲ့ သူမရဲ့အနုပညာ လှုပ်ရှားမှုတွေအကြောင်း တစေ့တစောင်းကို Shape အနုပညာဂျာနယ်ချစ်ပရိသတ်တွေ
အတွက်ရေးသားဖော်ပြလိုက်ရပါတယ်။
စာရေးမယ်…
အေးမြတ်သူက
စာရေးရတာတော့ ၀ါသနာပါပါတယ်။ တစ်နိုင်ငံကိုသွားပြီး လုပ်ဖို့တော့ မဖြစ်နိုင်သေးပါဘူး။
စာတွေ တော့ရေးမယ်။ ကိုယ်တိုင်ရေးရော ဘ၀ သရုပ်ဖော်ဇာတ်တွေ၊ စိတ်ဓာတ်ကို ခွန်အားပေးတဲ့ဇာတ်တွေကိုကြိုက်ပါတယ်။
ကိုယ်တိုင်လည်း ဒီဇာတ်လမ်းလေးတွေ ရွေးပြီးတော့ လေ့လာဖတ်ဖြစ်ပါတယ်။
ဘ၀သရုပ်ဖော်ဇာတ်လမ်းတွေကို သဘောကျ…
အေးမြတ်သူက
ဘ၀သရုပ်ဖော်ဇာတ်တွေ၊ ကိုယ်တိုင်လည်း အားရတယ်၊ ပိုပြီးတော့လည်း သဘောကျပါတယ်။ ဒရမ်မာဇာတ်ပဲဖြစ်ဖြစ်၊
ဟာသဇာတ်ပဲ ဖြစ်ဖြစ်ပရိသတ်ကို ဖန်တီးပြရတာသူ့ဟာနဲ့သူတော့ ခက်ခဲပါတယ်။ အေးမြတ်သူ နှစ်ဖက်လုံးကို
မျှမျှတတရိုက်ပါတယ်။
ငိုလည်းခက်ရယ်လည်းခက်
လူ့တစ်ယောက်ကို
ငိုအောင်လုပ်ရတာ လည်းမလွယ်ဘူး။ ငိုတာက ကိုယ့်စိတ် ခံစားမှု့နဲ့ ပေါင်းစပ်ပြီးတော့ Mood
နဲ့ လုပ်ရပါတယ်။ နောက် ရယ်အောင်လုပ်ရတာလည်း သိပ်မလွယ်ပါဘူး၊ ရယ်ဖို့အတွက်တစ်ဖက်လူရဲ့
အခံအိုက်တင် သူ့စကား ကိုယ့်ရဲ့မျက်နှာအနေအထားကို ကိုယ့်မျက်နှာပေါ်က အကြောတွေ အားလုံးကို
လှုပ်ရှားရတယ်။ တစ်ခုစီတော့ ခက်ခဲပါတယ်။ တချို့က နှစ်မျိုးလုံးပိုင်တဲ့ သရုပ်ဆောင်တွေလည်း
ရှိပါတယ်။ အေးမြတ်သူကတော့ နှစ်မျိုးလုံးပိုင်တဲ့ သရုပ်ဆောင်ထဲမှာ မပါပါဘူး။ လက်ရှိမှာတော့
နှစ်မျိုးလုံးပိုင်တဲ့ အက်တာတွေလည်း အများကြီးပါပဲ။
ရွာဓလေ့ဇာတ်ကားလေးရိုက်ထား …
အေးမြတ်သူ
လက်ရှိရိုက်ကူးထားတာတော့ ဟာသကားလေး ရိုက်ထားပါတယ်။ ရွာဓလေ့ဇာတ်လေးပါ။ ရုပ်ရှင် ဇာတ်ကားကြီးရိုက်ဖို့လည်းရှိပါတယ်။
သေချာသွားရင်တော့ ပရိသတ်ကိုအသိပေးမှာပါ။ အခုကနည်းနည်းစောနေသေးလို့ပါ။
မြန်မာဝတ်စုံကလွတ်လပ်တယ်…
အေးမြတ်သူအတွက်
သက်သောင့်သက်သာဖြစ်အောင်လို့ မြန်မာဝတ်စုံလေးတွေ ၀တ်ဖြစ်ပါတယ်။ ဂါဝန်တွေက တစ်ခါတလေ
ကျပ်ကျပ်ထုပ်ထုပ်ဆိုတော့ နေရထိုင်ရတာ ကျဉ်းကျပ်တယ်လေ။ မြန်မာဝတ်စုံကတော့ လွတ်လပ်တယ်။
ဒါကြောင့်လည်းဝတ်ရတာ သဘောကျပါတယ်။
အွန်လိုင်ပေါ်ကဖက်ရှင်ဒီဇိုင်း…
အွန်လိုင်းပေါ်က
ဖက်ရှင်ဒီဇိုင်းကိုလည်း ပရိသတ်တွေအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆူရင်လည်း အဆူခံပါမယ်လို့။
အေးမြတ်သူကလည်းလုပ်မိတာဆိုတော့ ဆူလည်းအဆူခံပါမယ်လို့ ပြောချင်ပါတယ်။
ပုထုဇဉ်မို့ တစ်ခါတလေအမှားလေး လုပ်မိပါတယ်
အေးမြတ်သူ
မြန်မာဝတ်စုံဝတ်တာကို ပရိသတ်ကပိုကြိုက်ကြတယ်။ ပြောရရင် အေးမြတ်သူရဲ့ ပရိသတ်တော်တော်များများက
မြန်မာဝတ်စုံဝတ်တာကို ပိုသဘောကျကြတယ်။ အေးမြတ်သူလည်း ကြိုက်ပါတယ်။ တစ်ခါတလေကျတော့အေးမြတ်သူကဆိုးမိတာပေါ့နော်။
လူဆိုတာမကောင်းတဲ့ ဉာဉ်လေးတွေ ရှိတတ်တယ်ပေါ့။ ပုထုဇဉ်ဖြစ်နေတော့ တရားကလည်းတအားမရသေးတော့
တစ်ခါတလေ အမှားလေးလုပ်မိပါတယ်။
မြန်မာဝတ်စုံမှာမှ ရင်ဖုံးဝတ်ရတာ ပိုကြိုက်ပါတယ်…
အေးမြတ်သူရဲ့ဒီဇိုင်နာတွေ
အကုန်လုံး ကိုယ့်အကြိုက်ကို တော်တော်များများသိကြပါတယ်။ လက်ရှိချုပ်ပေးတဲ့သူတွေရော၊
မေတ္တာနဲ့ချုပ်ပေးတဲ့ သူတွေရောရှိပါတယ်။ အကယ်ဒမီဆိုလည်းအန်တီပေါက်က ဘာမှကိုပြောစရာမလိုပါဘူး။
ဘာကြိုက်တယ်ဆိုတာ ဘယ်သူ့ကိုမှပြောစရာမလိုပါ။ ကိုယ့်အကြိုက် ကိုဘယ်လိုဆင်ရင်လှတယ်ဆိုတာပေါ့။
မြန်မာ ၀တ်စုံကိုမှ ရင်ဖုံးဝတ်ရတာ ပိုကြိုက်ပါတယ်။
0 comments:
Post a Comment