အိတ်တစ်လုံးဝယ်တဲ့အခါ
အတုနဲ့အစစ် ဘယ်လိုခွဲခြားနိုင်မလဲ
'အတုပေါ်လို့ အစစ်ပျောက် တဲ့'။ နာမည်ကြီးဒီဇိုင်းတွေကို
လူ တွေရဲ့စိတ်ထဲမှာ စွဲလမ်းတောင့်တ လာနေတဲ့အခါ လူတွေရဲ့လိုအပ်ချက်ကိုလိုက်ပြီး တုပထားတဲ့ပစ္စည်း
တွေ ပေါ်လာတာ သဘာဝပါ။ အ၀တ်အထည်၊ လက်ဝတ်ရတနာ အသုံးအဆောင်ပစဿစည်းတွေကအစ
ဖိနပ်၊ လက်ကိုင်အိတ်တို့ အထိပေါ့။ ဒီလိုဒီဇိုင်းဆင်တူတဲ့ ပစ္စည်းအတု လေးတွေ ပေါ်လာတယ်ဆိုတာ
မဆန်းပါဘူး။
လူတွေရဲ့ လိုအပ်ချက်အရ၊ ဈေးကွက်လိုအပ်ချက်အရပေါ့။ ပစ္စည်းကောင်း အစစ်အမှန်ကိုင်တဲ့အခါ
ဘာဖြစ် သလဲ"""အဲဒီလိုမေးလာရင် ဒီ ပစ္စည်းကိုင်ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုတိုးစေပါတယ်။ ဒါပေမဲ့ ၀ိသမလော ဘသားတွေ ပေါများသထက် ပေါများလာတဲ့ ဒီခေတ်ကြီး
ထဲမှာတော့ အတုဆိုတာ သေချာမွမ်းမံပြင်ဆင်ထားတဲ့အခါ အစစ်နဲ့နင်လား ငါ လားပေါ့။ အထူးသဖြင့်
လက်ကိုင်အိတ်တွေ၊ ဖိနပ်တွေ။
ဖက်ရှင်ကို နှစ်သက်ပြီး အတု အစစ် မခွဲခြားတတ်သူတွေ
အဖို့တော့ ခံလိုက်ရတာ ဒုနဲ့ဒေး။ အဲဒီတော့ ပစ္စည်း အတုနဲ့အစစ် ဘယ်လိုခွဲခြားမလဲ။ ဒီတစ်ပတ်မှာတော့ Shape ပရိသတ်
ကြီးအတွက် လက်ကိုင်အိတ် အတုအစစ် ခွဲခြားနည်းလေးတွေကို သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါရ
စေ။
အခြေခံပစ္စည်း
နာမည်ကြီး Brand ပစ္စည်း တွေအားလုံးက သားရေအစစ်ကို
အခြေခံပြီး ထုတ်လုပ်ထားတယ် လို့ ထင်နေပါသလား။ အဲဒါဆို မှားသွားပါလိမ့်မယ်။ နာမည်ကြီး
ဒီဇိုင်နာတွေရဲ့ အိတ်တွေအားလုံးက သားရေနဲ့ လုပ်ထားတာမဟုတ်ပါဘူး။ ဥပမာပြောရရင် အားလုံး
သိတဲ့ Louis Vuitton။ Louis Vuitton အိတ်က ကင်းဘတ်သား ကို သားရေအနားသားနဲ့ အုပ်ထားခြင်းဖြစ်ပါတယ်။
တကယ်လို့ သားရေနဲ့ အုပ်ထားမယ်ဆိုရင် အဲဒီသားရေက ခြောက်သွေ့နေသယောင်ဖြစ်ရပါမယ်။ အဆီပြန်ပြီး
ကပ်စေးစေး ဖြစ်မနေရပါဘူး။ တကယ်လို့ ဒီဇိုင်နာအမည်ရိုက်နှိပ်ထားတဲ့အခါ အဲဒီအမည်ကလည်း
သတ်မှတ်ထား တဲ့နေရာရှိသင့်တဲ့နေရာမှာ ရှိနေဖို့လိုအပ်ပါတယ်။
ချုပ်ရိုးချုပ်သား
ချုပ်ရိုးချုပ်သားတွေကလည်း ပြီးပြည့်စုံတဲ့အိတ်တစ်လုံးရဲ့
ဂုဏ်ပုဒ်ဖြစ်ပါတယ်။ အိတ်က ချုပ်ရိုးချုပ်သား တွေက ညီသာပြေပြစ်နေရပါမယ်။ အတွင်းရဲ့ချုပ်ရိုး၊
အပြင်ချုပ်ရိုးတွေက ချည်ချော်ခြင်းမရှိ၊ ချုပ်ရိုး ကြောင်းအဆုံးမှာ ညီညာစွာအဆုံးသတ်သွားရပါမယ်။
အဲဒါကြောင့် နာမည်ကြီးအိတ်ဝယ်တဲ့အခါ အရေးကြီးဆုံးက ချုပ်ရိုးကြောင်းတွေ စစ်ဆေးကြည့်ဖို့ပဲဖြစ်ပါတယ်။
ဥပမာပြောရရင် LV၊ Chanel တို့လို တံဆိပ်ကို တန်ဖိုးထားမြတ်နိုးတဲ့အိတ်တွေ Logo ကို
ဘယ်တော့မှစာလုံးတွေကို ချုပ်ရိုးနဲ့ မခြားထားပါဘူး။
အတွင်းသား
အိတ် အတုနဲ့ အစစ် အဓိက ကွာခြားချက်ကတော့ အိတ်ရဲ့အတွင်းသားဖြစ်ပါတယ်။
အိတ်အတု အများစုက အပြင်ပိုင်းကိုသာ အသားပေးမွမ်းမံထားတာဖြစ်တဲ့အတွက် အတွင်းက အိတ်အစစ်တွေ
နဲ့ကွာခြားပါတယ်။ အသုံးပြုထားတဲ့ ပိတ်၊ ချုပ်ရိုး၊ အရောင်အသွေးစသည်ဖြင့်ပေါ့။ နာမည်ကြီးအိတ်
အစစ်တွေက အတွင်းအပြင်နှစ်ခုစလုံး အရည်အသွေးပြည့်ကြပါတယ်။
အိတ်
အိတ်ကလည်း လက်ကိုင်အိတ်တစ်လုံးမှာ အရေးကြီးတဲ့ ကဏ္ဍာန်နေပါဝင်နေပါတယ်။
များစွာသော လက်ကိုင်အိတ်အတုတွေကိုက ပုံစံကြည့်ပြီးလုပ်ရတာဖြစ်တဲ့အတွက် အစစ်ကို လိုက်မမှီတာ
များပါတယ်။ အထူးသဖြင့် အိတ်ရဲ့အသွင်အပြင်နဲ့ ဇစ်ပေါ့။ Chanel အိတ်ကဆိုရင်လည်း အတု ပြုလုပ်သူတွေကို
Chanel ရဲ့ သွင်ပြင်ကိုပုံဖော်ပေးတဲ့ အနောက်အိတ်ကို ပုံတူမကူးဖို့တားမြစ်ထား ပါတယ်။
Coach Brand က ဆိုရင်လည်း သာမန်ပုံစံတုတွေက အနောက်ဖက်အိတ်မှာ ဇစ်ထည့် ထားပြီး အစစ်နဲ့အနည်းငယ်ကွဲ
ပြားအောင်ပြုထားကြပါတယ်။
ကုန်ထုတ်ပစ္စည်းထုတ်လုပ်တဲ့နေရာ
နိုင်ငံခြားဖြစ်အိတ်ကိုင်တဲ့အတွက်
ဘယ်နိုင်ငံမှာပြုလုပ်တယ်ဆိုတာလည်း အရေးကြီးပါတယ်။ အချို့အတုပြုလုပ်သူတွေ က ဥပမာ LV
ဆိုရင် Made In France ဆိုပြီး တံဆိပ်ရိုက်နှိပ်ပါတယ်။ တကယ်တမ်းတော့ မူလဇစ်မြစ်က စပိန်ဖြစ်ပါတယ်။
အဲဒါကြောင့် အိတ်တစ်လုံးဝယ်သုံးဖို့ ဆုံးဖြတ်ထားတဲ့အခါ ယင်းရဲ့ မူလဇစ်မြစ်ကို သေချာစွာစုံစမ်းပြီး
ကြည့်ဖို့ကလည်းအရေးကြီးပါတယ်။
စာလုံးပေါင်းမှားယွင်းနေခြင်း
Seafadi ရဲ့ အိတ်အတုတွေ ဖန်တီးထုတ်လုပ်မှုမှာ Coach
အိတ်အများစုမှာ အက္ခရာ Lကို ထည့်သွင်း အသုံးပြုထားပါဘူး။ Goyard အိတ်အတုပြုလုပ်သူတွေကတော့
ယင်းအိတ်ရဲ့တံဆိပ်မှာရော အိတ်အသားမှာပါ မှားယွင်းစွာနဲ့ 'Goodyard' ဆိုပြီး ရိုက်နှိပ်ပုံဖော်ထားပါတယ်။
နောက်ထပ် အတုအစစ်ခွဲခြား
ဖို့မှတ်သားသင့်တဲ့ နည်းလမ်း ကတော့ဈေးနှုန်းကိုမေးမြန်းပါ။
အိတ်တစ်လုံးမ၀ယ်ခင်မှာ ပထမဆုံး အဲဒီအိတ်ရဲ့ခန့်မှန်းခြေ
ဈေးနှုန်းကို သိရှိထားဖို့လိုအပ်ပါ တယ်။
တရားဝင်ဆိုင်မှာဝယ်ယူပါ
လွန်ခဲ့တဲ့ နှစ်နှစ်ခန့်အချိန် လောက်က Wal-Mart
မှာ Gucci လက်ကိုင်အိတ်အတု ရောင်းချနေတာ Gucci သိရှိခဲ့ပါတယ်။ ကိုယ်ဝယ်တဲ့အိတ်ကို အာမခံနိုင်ဖို့အတွက်
ဒီ Brand သီးသန့်ရောင်းနေတဲ့ဆိုင်၊ တရားဝင် အရောင်းဆိုင်တွေမှာ ၀ယ်ယူတာအကောင်းဆုံးဖြစ်ပါတယ်။
အမှတ်အသားတွေကို ရှာဖွေပါ
၁၉၈၉ နှစ်များ ၀န်းကျင် လောက်ကတည်းက Louis
Vauitton (LV) က ယင်းရဲ့လက်ကိုင်အိတ်မှာ ထုတ်လုပ်တဲ့
Serial နံပါတ်၊ နေ့စွဲနဲ့ Vuitton HQမှာ တစ်ခါတည်း မှတ်တမ်းတင်ထားပြီးသား ရှိပါ တယ်။
Hermes သားရေအိတ်တွေကလည်း အဲဒီအိတ်ကို ထုတ်လုပ်တဲ့သူ၊ ထုတ် လုပ်တဲ့နှစ်ကို အပြည့်အစုံ
ရိုက်နှိပ်ထားပါတယ်။
Logo ကို စစ်ဆေးပါ
တချို့ လက်ကိုင်အိတ် ထုတ်လုပ်သူ တွေက Logo ကိုအနည်းငယ်
ပြောင်းလဲထားပါတယ်။ ဥပမာ Polo တံဆိပ်အတုတွေက ရိုက်တံမပါဝင်တာ ဒါမှမဟုတ် Lacoste
Crocodile က ဘယ်ဘက်အခြမ်း ကို မျက်နှာမူထားတာတွေက အတုတွေရဲ့ သင်္ကေတ တစ်ခုဖြစ်ပါတယ်။
crystal
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment