ဖော်ဆောင်ပေးမယ်လို့ ကိုယ်တို့ကဆိုလိုတာပါ… လူမင်း








ခိုးကူးသမားတွေကို တရားဝင်ဖြန့်ချိငှားရမ်းခြင်း ရောင်းချခြင်းဆိုတဲ့ ဈေးကွက်လေးထဲဝင်လာအောင် ဖော်ဆောင်ပေးမယ်လို့ ကိုယ်တို့ကဆိုလိုတာပါ… လူမင်း

ခိုးကူးခွေနဲ့ပတ်သက်လို့ပြောရရင် ပရိသတ်ဘက်ကကြည့်ရင်လည်း သူတို့သည် ခိုးကူးခွေပဲဖြစ်နေဦးတော့ ပိုက်ဆံပေးပြီး ၀ယ်ကြည့်ရတာဆိုတော့ ပရိသတ်ပါပဲ။ သူတို့သည်ဒါတွေကို တရားဝင်လား မ၀င်လားဆိုတာ မစဉ်စားနိုင်ဘူး။ သူတို့ကြည့်ချင်တဲ့ ဇာတ်ကား၊ သီချင်းခွေတွေကို အလွယ်တကူဈေးပေါပေါလေးနဲ့ ၀ယ်ယူအားပေးကြတယ်။ ဒါလည်းပရိသတ်ပါပဲ။ 

အဲဒီတော့ ဒီခိုးကူးခွေတွေကို ထုတ်လုပ်ဖြန့်ချိရောင်းချတဲ့သူတွေကလည်း တကယ့်ကိုဈေးကွက်ကြီးက အင်မတန်ကြီးပါတယ်။ ဗီဒီယိုဆိုလို့ရှိရင် ကိုယ်တို့ရဲ့တရားဝင်ဖြန့်ချိတဲ့ဈေးကွက်ထက် ခိုးကူးဈေးကွက်က အဆတစ်ရာမကအနည်းဆုံးကြီးပါတယ်။ အဲဒီတော့ အဲဒီခိုးကူးသမားတွေကို တရားဝင်ဖြန့်ချိခြင်း ငှားရမ်းခြင်း၊ ရောင်းချခြင်းဆိုတဲ့ ဈေးကွက်ထဲကိုဝင်လာအောင်ဖော်ဆောင်ပေးမယ်လို့ ကိုယ်တို့ကဆိုလိုတာပါ။

မကျယ်ပြန့်ခင်က အရင်ပျက်မှာ။ ဘာလို့လဲဆိုတော့ ဆိုင်တော်တော်များများက ဒီလိုတရားမ၀င် ဆင်ဆာ မဲ့တဲ့ ဇာတ်ကားတွေနဲ့မကင်းဘူး။ အဲဒီတော့ ဒီစီမံချက်တွေ စမယ်ဆိုရင် လက်ရှိတရားဝင် ဆိုင်တွေအများ ကြီး အရင်လျော့သွားနိုင်တယ်။ ပြီးမှာတရားဝင်ရပ်တည်နိုင်တဲ့ဆိုင်တွေကို တဖြည်းဖြည်းပြန် တက်လာအောင် လုပ်ယူရမှာပါ။ ဘာလို့လဲဆိုတော့ ကိုယ်တို့ဆီမှာ ဒီနေ့ခေတ်အခြေအနေအရ မှန်မှန်ကန်ကန်ရပ်တည်တဲ့သူက ဘယ်လိုမှရပ်တည်လို့မရဘူး။

အဲဒီလိုတရားမ၀င်တဲ့ခိုးကူးချပ်တွေနဲ့ ပွားထားတဲ့အချပ်တွေနဲ့ဖြန့်တဲ့၊ ရောင်းတဲ့၊ ငှားတဲ့ဆိုင်တွေနဲ့ ဘယ်လိုမှမယှဉ်နိုင်ဘူး။ အဲဒီတော့ကိုယ်တို့က မှန်မှန်ကန်ကန်ဥပဒေအကြောင်းအရဆောင်ရွက်မယ့်သူတွေ
ရပ်တည်နိုင်အောင် ကိုယ်တို့ကပံ့ပိုးပေးရမှာပါ။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်







Share on Google Plus

0 comments:

Post a Comment