ကျွန်မကိုမွေးခဲ့တဲ့ ဒီမြေကို ကျွန်မအရမ်းလွမ်းတယ်…
ဖြစ်နိုင်ရင် မြန်မာပြည်မှာပြန်နေချင်တယ်… အေးချမ်းမေ
အနှစ်၂၀ကြာမှမြန်မာပြည်ပြန်လာပြီး တစ်ကိုယ်တော်ရှိုးပွဲလုပ်ဖြစ်တဲ့အကြောင်းသိပါရစေ…
ကျွန်မအစကတည်းက
ဟိုရောက်တော့ သီချင်းကိုမဆိုရရင်မနေနိုင်တဲ့သူဆိုတော့လေ။ အိမ်မှာနေရင်လည်း သီချင်းဆိုဖြစ်တယ်။
အလုပ်လုပ်ရင်လည်းသီချင်းဆိုဖြစ်တယ်။ ဟိုမှာကကိုယ့်ရဲ့နေရေးထိုင်ရေးအတွက် အလုပ်လုပ်တာတွေရှိမယ်။
သီချင်းကိုဆိုချင်လွန်းလို့အိမ်မှာလည်းဆိုတယ်။
ပြီးတော့ဟိုမှာ ဖိတ်တဲ့ရှိုးပွဲတွေမှာ
ဆိုဖြစ်ပါတယ်။ အဲဒီလိုဆိုဖြစ်နေတော့ နောက်တော့ ဒီကသူငယ် ချင်းတွေ ဆရာသမားတွေက မြန်မာပြည်ကိုပြန်လာပြီး
သီချင်းဆိုပါလို့ပြောကြတော့ ကျွန်မလည်းပြန်ဆို ဖို့အတွက် အကြိမ်ကြိမ်စဉ်းစားခဲ့ပါ တယ်။
ဒါပေမဲ့လည်း အခွင့်အခါမပေးတဲ့အတွက်ကြောင့်မို့ ပြန်မလာဖြစ် ပါဘူး။ အခုတော့လည်း ကျွန်မ
အခါခွင့်ပေးတဲ့အတွက် ပြီးတော့လည်း ပြောရမယ်ဆိုရင် ကျွန်မမသေခင် မှာပေါ့နော် မြန်မာပြည်က
ပရိသတ် တွေနဲ့လည်းပြန်တွေ့ချင်တယ်။
ပြီးတော့ ကျွန်မရဲ့ဒီက အရင်ကသီချင်းအတူဆိုခဲ့တဲ့
အနုပညာရှင်တွေနဲ့ အခုကျော်ကြားနေတဲ့ အနုပညာ ရှင်တွေနဲ့ ပူးပေါင်းပြီးတော့ ကျွန်မသီချင်းဆိုဖို့ဆန္ဒရှိခဲ့ပါတယ်။
ဖြစ်နိုင်ရင်တော့ ကျွန်မသူတို့အားလုံးနဲ့ သီချင်းတွေတွဲဆိုချင်တယ်။ ဒါပေမဲ့ ပရိသတ်တွေကလည်း
အခြားသူတွေနဲ့တွဲမဆိုပါနဲ့ တစ်ကိုယ်တော်လေး ပဲဆိုပါ။ သူတို့သီချင်းတွေမကြားရတာလည်းကြာပြီပေါ့နော်။
ဒါပေမဲ့လည်း ကျွန်မက ကျွန်မရဲ့ဆန္ဒလေး လည်း နည်းနည်းထည့်ထားတော့ ပရိသတ်တွေအနေနဲ့နည်းနည်းသည်းခံပေးပါလို့။
အစ်မအနေနဲ့သီချင်းခွေအသစ်ထွက်ဖို့ရှိပါသလား
ကျွန်မအခုသီချင်းအသစ်နှစ်ပုဒ်လုပ်ထားတာရှိတယ်။
သီချင်းခွေအသစ်ထွက်ဖို့ကတော့ရှိပါတယ်။ လာ မယ့်နှစ်ထဲမှာ သီချင်းခွေသစ်ထွက်နိုင်အောင်ကြိုးစားသွားမှာပါ။
အခုကသီချင်းတွေကို စိစစ်နေတာ လည်းရှိတော့ ပြီးတော့ ကျွန်မသီချင်းရေးဆရာတွေကိုလည်းရွေးနေတုန်းပဲဖြစ်ပါတယ်။
သီချင်းခွေအသစ် ကတော့ ထွက်နိုင် အောင်ကြိုးစားသွားမှာပါ။
မြန်မာပြည်ကိုပြန်လာပြီးနေဖို့ စိတ်ကူးရှိပါသလား
ကျွန်မအနှစ်၂၀
နီးပါးလုံး မြန်မာပြည်သူပြည်သားတွေနဲ့ ဝေးကွာခဲ့တော့ ကျွန်မမြန်မာပြည်ကိုလည်း ပြန်လာနေချင်ပါတယ်။
မြန်မာပြည်ရဲ့ ဓလေ့ထုံးစံ၊ အစားအသောက်၊ ကျွန်မကအစားအသောက် အရမ်း မက်တာ။ ဟိုမှာနေတာ
ဘာမှမစားရဘူး။ မစားရဘူးဆိုတာ ဟိုမှာမြန်မာအစားအစာတွေ မစားရဘူးဆိုတော့ ကျွန်မအစားသောက်အရမ်းမက်တဲ့
သူဆိုတော့မြန်မာအစားအစာတွေကို လွမ်းတယ်။ တစ်ခါတလေဆို မြန်မာပြည်ပြန်ပြီးတော့ကို ကျွန်မတို့မြန်မာအစားအစာတွေကိုတ၀ကြီး
စားပစ်ချင်တယ်။ ကျွန်မကိုမွေးခဲ့တဲ့ ဒီမြေကို ကျွန်မအရမ်းလွမ်းတယ်ဆိုတော့ဖြစ်နိုင်ရင်မြန်မာပြည်ကိုပြန်နေချင်တယ်။
ဒါပေမဲ့ ကျွန်မသမီးလေးရဲ့ ပညာရေးကလည်းရှိတယ်။ သမီလေးကလည်း ဟိုမှာပဲကြီးတော့ ဟိုမှာပဲနေဖြစ်မှာပါ။
ဒါပေမဲ့ ကျွန်မမြန်မာပြည်ကို ခေါက်တုံ့ခေါက်ပြန်တော့ အမြဲလာဖြစ်မှာပါ…။
အစ်မအနေနဲ့မြန်မာပြည်နဲ့ ဂီတကို အနှစ်
၂၀ကျော် ကျော်ခိုင်းထားရတဲ့ခံစားချက်တွေကို ဘယ်လိုဖြေသိမ့်နေပါသလဲ
မြန်မာပြည်ကိုလွမ်းတဲ့စိတ်၊
အနှစ်၂၀ကျော် ကိုယ်မြတ်နိုးတဲ့ဂီတကိုကျောခိုင်းခဲ့ရတဲ့စိတ် အဲဒီစိတ်ခံစား မှုတွေကို ကျွန်မအလုပ်တွေနဲ့ပဲကျော်ဖြတ်ခဲ့ပါတယ်။
အခုနောက်ပိုင်းကျတော့ သမီးလေးကိုထိန်းကျောင်းရင်း သမီးလေးနဲ့ပဲဖြေသိမ့်နေပါတယ်။ ဆိုလိုတာက
ကျွန်မ သီချင်းအရမ်းဆိုချင်တဲ့အခါ အိမ်မှာပဲ သမီးနဲ့အတူ သီချင်းတွေဆိုဖြစ်တယ်။ သူ့ကိုသီချင်းလေးနဲ့ချော့သိပ်တာတွေပေါ့။
သူကလည်း သီချင်းဆိုတာ ၀ါသနာပါတယ်။ ကတာလည်းဝါသနာပါတယ်ဆိုတော့ ကျွန်မသီချင်းဆိုတဲ့အချိန်တိုင်း
သူ လိုက်ဆိုတယ်။ မြန်မာစကားမပီက လာပီကလာနဲ့လိုက်ဆိုတတ်တယ်။ သီချင်းဆိုတာကို ကျွန်မအရမ်းနှစ်
သက်ခဲ့တယ်။ ဒါကလည်း ကျွန်မ ငယ်ငယ်လေးကတည်းက သီချင်းဆိုခဲ့တာဆိုတော့ ဒီဝါသနာကိုလည်း
မစွန့်လွှတ်နိုင်ဘူး။ ဒါကြောင့် အခု ကျွန်မမြန်မာပြည်ကိုပြန်လာပြီးတော့ ဒီဝါသနာနဲ့အတူ
ဒီမှာရှိတဲ့ ကျွန်မ မိတ်ဆွေအနု ပညာမောင်နှမတွေနဲ့လည်း ပြန်လည်သီဆိုချင်တယ်။ ကိုယ့်ပရိသတ်တွေကိုလည်း
ဖျော်ဖြေချင်တယ်။ ပြန်လည်ပြီး အနုပညာမောင်နှမတွေနဲ့ ပရိသတ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေချင်တဲ့စိတ်ကူးလေးကြောင့်
ကျွန်မပြန်လာပြီးဒီပွဲလေးကိုလုပ်ဖြစ်တာပါ။ ပြီးတော့ကျွန်မအခြားအဆိုတော်တွေနဲ့လည်းတွဲမဆိုဖြစ်တာကို
ကျွန်မတောင်းပန်ပါတယ်။ ကျွန်မ အများကြီးနဲ့တွဲဆိုချင်ပေမယ့် မဖြစ်လို့ပါ။ ဖြစ်နိုင်ရင်
တစ်ပွဲလုံးကိုသူတို့နဲ့ တွဲဆိုချင်တာပါ။
ပရိသတ်တွေကိုဘာများဖြည့်စွတ်ပြောချင်ပါသေးလဲ။
အနှစ်၂၀လုံးပျောက်သွားတဲ့
သီချင်းဧည့်သည်တစ်ယောက်ကို မမေ့ဘဲ ပြန်လည်ပြီးလက်ခံ အားပေးကြတဲ့ အတွက် ကျွန်မအရမ်း ပီတိဖြစ်ရပါတယ်။
ပရိသတ်တွေကို အရမ်းလည်းကျေးဇူးတင်ပါတယ်။ ဒါကြောင့် ကျွန်မအနေနဲ့ ဒီပွဲမှာ အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်
ကြိုးစားသီဆိုဖျော်ဖြေသွားမှာပါ။ ဒါပေမဲ့ ကျွန်မသီချင်း မဆိုတာလည်း အနှစ်၂၀လောက်ရှိပြီဆိုတော့
အသံနာတာတွေဖြစ်မှာ တော့သေချာပါတယ်။ ဒါကြောင့် ကျွန်မအသံကိုသည်းခံနားထောင်ပေးကြပါလို့
ပရိသတ်တွေကိုပြောချင်ပါတယ်ရှင့်။ ကျွန်မကို အခုချိန်ထိမမေ့ဘဲ အားပေးကြတဲ့ကျေးဇူးရှင်ပရိသတ်တွေတစ်ယောက်ချင်းစီကို
အရမ်းကျေးဇူးတင်ပါတယ်လို့ ဒီနေရာကနေပြောချင်ပါတယ်ရှင့်။
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment