ဂီတလောကမှာသိတဲ့အတိုင်းပဲ ရှိနေချင်တယ်ဆိုရင်
ဒီတိုင်းချည်းပဲဆိုနေလို့မရဘူး… ပေါင်းသင်းဆက်ဆံရေးက လည်းရှိသေးတယ်… အရေးကြီးတယ်… တီးဝိုင်းတွေနဲ့
အဓိက ကိုယ်ကတည့်အောင်ပေါင်းရတယ်… ဒါကတော့ အန်တီတို့နှစ် ၅၀ အတွင်းမှာ ကြုံလာရတာတွေပေါ့နော်…
နွဲ့ယဉ်ဝင်း
မို့မို့လွင်ဆိုလည်း
အန်တီထင်တယ်… နည်းနည်းကြာသွားပြီ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူကအပြင်မှာဆိုနေရတာ။
နောက်ပြီးတော့ သူ့ကိုခေါ်ဆိုတဲ့ လူတိုင်းကပြောပါတယ် ''အရမ်းတော်ပါ တယ်''လို့လေ။ ဆိုတာရော
ဘာရောအကုန်လုံး ဆက်ဆံရေးဘာညာ။ ဂီတလောကမှာသိတဲ့အတိုင်း ပဲရှိနေချင်တယ်ဆိုရင် ဒီတိုင်းချည်းပဲဆိုနေလို့မရဘူး၊
ပေါင်းသင်းဆက် ဆံရေးကလည်းရှိသေးတယ်။
အ ရေးကြီးတယ်။ တီးဝိုင်းတွေနဲ့အဓိက ကိုယ်ကတည့်အောင်ပေါင်းရတယ်။
ဒါကတော့ အန်တီတို့ နှစ် ၅၀ အတွင်းမှာ ကြုံလာရတာတွေပေါ့နော်။ တီးဝိုင်းက ကိုယ်နဲ့သိပ်အဆင်
မပြေဘူး၊ ကိုယ်ကသိပ်ကြီးကြီး ကျယ်ကျယ်တွေ လုပ်တယ်ဆိုရင် သူတို့မခေါ်ရင် ကိုယ်ဘယ်လိုမှ
မတတ်နိုင်ဘူး။ အန်တီလည်းပြော ပေးလို့မရဘူး။ ဘယ်သူ့ကိုမှပြော ပေးလို့မရဘူး။ အဲဒါလေးတွေကို
သတိထားရမယ်လို့ အမြဲပြောပါတယ်။
ကိုယ်ကတော့အပ်ပေးတာ ကိုယ့်အပိုင်း ''ဒီကလေးတွေတော် တယ်ဘာညာပေါ့''
သို့သော်လည်း ပေါင်းသင်းဆက်ဆံရေးကကိုယ်နဲ့ ပဲဆိုင်တယ်။ အဲဒါလေးတွေက အရမ်းသတိထားရမှာပေါ့။
အန်တီ အများကြီးမြင်ဖူးတယ်။ တီးဝိုင်းနဲ့ အဆင်မပြေရင် ဥပမာ ဒီတစ်ဝိုင်းက အများကြီးတီးရတယ်ဆိုရင်
သူမခေါ်ရင် နောက်ဝိုင်းတွေကလည်း ကိုယ့်ကိုယ်အထင်သေးသွားပြီ။ အဲဒါလေးတွေ ဒီလောကထဲမှာ
ရှိတယ်။ တီးဝိုင်းက မကျေနပ်လို့ ကိုယ့်ကိုတစ်သက်လုံးပယ်သွားတာ လေးတွေမြင်ဖူးတယ်။ အန်တီ့
ကလေးတွေကိုတော့ မဖြစ်စေချင်ဘူးပေါ့။ ဖြစ်လည်းမဖြစ်ပါဘူး။ ဖြစ်ခဲပါတယ်။
အကုန်လုံးက လိမ္မာ
ရေးခြားရှိတယ်။ ကိုယ့်သားသမီး တွေလိုပဲပေါ့နော်။ တီးဝိုင်းခေါင်း ဆောင်ကို စိတ်အနှောင့်အယှက်
ဖြစ်အောင်မလုပ်ရပါဘူး။ ကိုယ်က အမေ မဖြစ်ခင် တကယ့် အမေအကြီးကြီးမဖြစ်သေးဘူး။ မဖြစ်ဘူးလို့ပြောတာမဟုတ်ဘူးနော်။
ကိုယ်က ကိုယ့်ကလေးတွေ ဘယ်လောက် အထိ အဆင့်ရှိသလဲဆိုတာအန်တီ သိပြီးသားမို့လို့လေ။ အဲဒီတော့
ဒီမို့မို့လွင်ရဲ့ အရမ်းနောက်ကျသော အခွေလေးဖြစ်လာပြီပေါ့နော်။ အားလုံးကိုအန်တီကဖြစ်စေချင်ပါတယ်။
စပွန်ဆာလည်းပေးချင်တာ။ ကိုယ်ကိုယ်တိုင်ကလည်း အားလုံးကို စပွန်ဆာပေးရရင် စားစရာရှိမှာ
မဟုတ်တော့ဘူးလေ။ ဘာကြောင့် လဲဆိုတော့ အန်တီတို့က ခရိုနီမ ဟုတ်လို့ပါ။ မှန်မှန်ကန်ကန်လုပ်
လာတဲ့သူတွေဖြစ်နေတော့ လူ တွေကအရမ်းကြီး သိန်းထောင်နဲ့ ချီပြီးတော့ လိမ်ဖို့လည်း ကိုယ့်မှာမရှိပါဘူး။
သူများတွေက မေးကြတယ်။ အန်တီ ဘယ်လောက်ပါ သွားလဲဆိုပြီးတော့…သူများကိုလည်း နာမည်ဖျက်တာမဟုတ်ပါ
ူး။ တိုင်းသိပြည်သိပါ။ ကိုယ်ကတော့ မပါသွားပါဘူး။
ဘယ်တော့မှ ချေးတာမလုပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့
ကိုယ်ကသူများ ကိုပေးမယ်ဆိုရင် အသားလွတ်ပေး လိုက်တယ်လေ။ အဲဒီတော့ပြဿနာ လည်းဘယ်တော့မှမဖြစ်ပါဘူး။
ဒီနေ့တော့ မို့မို့လွင်ကိုပဲ အန်တီဆု တောင်းပေးပါတယ်။ တွေ့တဲ့လူ တွေကိုပြောပါတယ်။ အခုခေတ်
ကလေးတွေက အရမ်းတော်တာပါ။ ဆက်ဆံရေးလည်း ကောင်းတယ်လို့ဆိုတော့ သမီးတို့ကလည်း ဆက်ကြိုးစားနော်။
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment