မနာလိုစိတ်ကိုကျော်လွှားဖို့…ရန်နိုင်






တစ်စုံတစ်ယောက်ကိုချစ်ခင်မိချိန်မှာ သူတို့နဲ့ပတ်သက်ပြီး မနာလို သ၀န်တိုတဲ့စိတ်ကလေးခံစားဖူးကြမှာပါ။
ဒါကိုယ်ဂရုစိုက်အလေးထားတဲ့ တစ်စုံတစ်ယောက်ကြောင့် သဘာဝအတိုင်းဖြစ်တဲ့ ခံစားချက်ပါ။
ဒါပေမဲ့ အလကားနေရင်း သ၀န်တိုစိတ်ဖြစ်လာပြီဆိုရင်တော့ စိုးရိမ်စရာရှိလာပါပြီ။ အဲဒီ သ၀န်တို မနာလိုစိတ်ကြောင့်ပဲ အရာရာကို သံသယဖြစ်လာမယ်။ မယုံကြည်ဖြစ်လာမယ်။ နားလည်မှုတွေလွဲလာမယ်ဆိုတော့ မနာလိုသ၀န်တိုစိတ်ကို ဘယ်လိုကျော်လွှားကြမလဲ…

မနာလိုစိတ်ရှိကြောင်းလက်ခံပါ…
ပထမဆုံးအတားအဆီးက ကိုယ်ကမနာလိုသ၀န်တိုတတ်တယ်ဆိုတာ
လက်မခံနိုင်ဘဲ ဂရုစိုက်တယ်လို့အထင်လွဲနေတဲ့စိတ်ပါ။ ဒီစိတ်ကိုလက်ခံတတ်ဖို့ကြိုးစားပါ။
အဲဒါမှနောက်ဆက်တွဲကိစ္စတွေ ဖြေရှင်းတဲ့အခါ ပိုပြီးအကျိုးရှိမှာပါ။

အတိတ်ကိုမူတည်ပြီးမဆုံးဖြတ်နဲ့
အတိတ်ကာလအဖြစ်အပျက်တွေကြောင့်လည်း မနာလိုစိတ်ဖြစ်တာဖြစ်နိုင်ပါတယ်။ အခုချိန်မှာ လူတွေက ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်ပါပြီ။ အဲဒါကြောင့် မနာလို သ၀န်တိုစိတ်အတွက် အတိတ်ကအဖြစ်အပျက်တွေကို အခြေမခံပါနဲ့။

ဝန်တိုစိတ်ကြောင့်ဘာမှမရနိုင်
သူများကိုမနာလိုဖြစ်လို့ကိုယ့်မှာပြောင်းလဲသွားတာဘာရှိပါသလဲ။ ဘာမှမပြောင်းလဲသွားပါဘူး။ ကိုယ့်ရဲ့သူ့အပေါ်ထားတဲ့အမြင် အတွေးတွေသာပြောင်းလဲသွားမှာပါ။ ပြီးတော့ ပတ်ဝန်းကျင်က ကိုယ့်ကိုရှောင်ဖယ်သွားကြမှာပေါ့။
တစ်ခြားလူတွေနဲ့မနှိုင်းယှဉ်နဲ့
မနာလိုဖြစ်စေတဲ့အကြောင်းတစ်ခုက ကိုယ့်ကိုယ်ကိုယ် တစ်ခြားလူတွေနဲ့ နှိုင်းယှဉ်မိနေတာကြောင့်ပါ။
ကိုယ်ကကိုယ်ပါပဲ။ ကိုယ်နဲ့ဘယ်သူမှ မတူနိုင်သလို သူတို့လိုလည်း ကိုယ်မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့။
ကိုယ့်ကိုယ်ကိုယ်သတိပေး
အတိတ်ကာလအချိန်က မနာလိုစိတ်ကို ကျော်လွှားခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို အောက်မေ့သတိရလိုက်ပါ။ မနာလိုစိတ်ဆိုတာ မကျော်လွှားနိုင်တာမဟုတ်ပါဘူး။ အရေးကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် သတိကလေးပေးနေဖို့ပါ။
စိတ်ကူးယဉ်မရိုင်းစေနဲ့
မနာလိုစိတ်ကစိတ်ကူးယဉ်စိတ်ကြောင့် ဖြစ်လာတာပါ။ အဲဒါကြောင့် ပတ်ဝန်းကျင်ကလူတွေကို ကြည့်ပြီးမနာလိုသ၀န်တိုစိတ်တွေ မနိုးကြားလာပါစေနဲ့။

ယုံကြည်ဖို့ကြိုးစား
မယုံကြည်ထိုက်သူတွေရှိသလို ယုံကြည်ဖို့ထိုက်တန်သူတွေရှိပါတယ်။ ယုံကြည်မှုဆိုတာ ဆက်ဆံရေးတိုင်းရဲ့အခြေခံပါ။ ယုံကြည်မှုပျက်စီးရင်မနာလိုဝန်တိုစိတ်ဆိုတာဝင်လာနိုင်တာပါပဲ။
---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 

Share on Google Plus

0 comments:

Post a Comment