ခွေးလေးတွေကို မကျွေးသင့်တဲ့အစားအစာများ
အိမ်မွေးခွေးလေးတစ်ကောင်
ထမင်းစားနေတုန်းဘေးမှာလာထိုင်ပြီး အစာတောင်းနေတာ သဘာဝကျ ပါတယ်။ ခွေးပိုင်ရှင်ကလည်း စာ
းပွဲပေါ်ကအစားအသောက် ခွေးလေးကြောင်လေးတွေ ကိုချကျွေးတာ အလေ့အထပါ။ ခွေးလေးကြောင် လေးတွေဆိုတာ
မိသားစုတစ်စိတ်တစ်ပိုင်းပါ။ မိသားစုတစ်စိတ်တစ်ပိုင်း ဆိုလို့ကိုယ်စားသမျှချကျွေးရမယ်လို့်တော့
မဆိုလိုပါဘူး။ တချို့အစားအသောက်တွေက ခွေးလေးတွေ အတွက်အန္တရာယ်ရှိပါတယ်။ ဘယ်လိုအစားအသောက်မျိုးကို
အိမ်မွေးတိရ စ္ဆာန်လေးတွေကို မကျွေးသင့်ဘူးလဲဆိုတာ ကြည့်ကြရအောင်…
ချောကလက်
အထူးသဖြင့်
အနက်ရောင်ချောကလက်က ခွေးလေးတွေအတွက် အန္တရာယ်ရှိတဲ့အစားအစာပါ ချောက လက်မှာပါဝင်တဲ့
methy lxanthies thebromine နဲ့ caffeine က ခွေးလေးတွေရဲ့ နှလုံးနဲ့အာရုံကြော စနစ်ကို
ဒုက္ခပေးပြီးအော့အန်ခြင်း၊ ဝမ်းလျောခြင်း၊ အစာအိမ်နဲ့အူလမ်းကြောင်းရောဂါ စတာတွေဖြစ်စေ ပါတယ်။
ဒါတင်မက လက်ဖက်ရည်၊ ကော်ဖီတို့ကိုလည်း တိုက်ကျွေးတာရှောင်ရှားသင့်ပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီက
အိမ်မွေးတိရ စ္ဆာန်လေးတွေရဲ့ သွေးနီဥဆဲလ် လေးတွေကို ပျက်စီးစေပြီး သွေအားနည်းစေ ပါတယ်။
စားမိမယ်ဆိုရင် အော့အန်ခြင်း၊ ဝမ်းလျောခြင်းတွေမှတစ်ဆင့်သွေးအားနည်းခြင်း၊ အားဆုတ် ယုတ်ခြင်း
နောက်ဆုံးသေဆုံးသည်အထိ ဖြစ်လာနိုင်ပါတယ်။
မက္ကဒေးမီးယားအစေ့
မက္ကဒေးမီးယားအစေ့က
ခန္ဓာကိုယ်အပူချိန်မြင့်လာစေပြီး နှလုံးခုန်ခြင်း၊ အားနည်းအော့အန်ခြင်းတွေကနေ နောက်ဆုံးသွက်ချာပါဒအထိ
ဖြစ်သွားနိုင်တဲ့အတွက် ခွေးလေးတွေအဖို့ ရှောင်သင့်တဲ့အစားအစာတွေထဲက တစ်ခုပါ။
စပျစ်သီး
စပျစ်သီးမှာပါဝင်တဲ့
fungicide, herbicide, pesticide နဲ့ ဗီတာမင် D တွေက ခွေးလေးတွေ ညအတွက် အော့အန်ခြင်း၊
ဝမ်းလျောခြင်း၊ အစာစားချင်စိတ်ပျက်ခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း
စတာတွေဖြစ်လာစေပါတယ်။
ထောပတ်ဆီ
ထောပတ်သီးကလူတွေအတွက်
အရသာရှိပေမယ့် ခွေးလေးအတွက်အဆိပ်ဖြစ်စေပါတယ်။ ခွေးလေးတွေ စားမိရင် အသက်ရှူရခက်ခြင်း၊
ဝမ်းဗိုက်ဖောလာခြင်းတို့ဖြစ်စေပြီး ခွဲစိတ်ရတဲ့အဆင့်အထိ ရောက်သွားပါ လိမ့်မယ်။
ပန်းသီးအူတိုင်
ပန်းသီးအူတိုင်မှာ
ပါဝင်တဲ့ cyanide အဆိပ်ကသွေးတွင်း အောက်ဆီဂျင်ပို့ဆောင်မှုကို အဟန့်အ တားဖြစ်စေပြီး မှုးဝေခြင်း၊
ထိတ်လန့်ခြင်း၊ သတိမေ့ပြီးပြန်ထမရတော့တဲ့ ကိုမာအခြေအနေအထိ ရောက်သွားစေနိုင်ပါတယ်။
ရန်နိုင်
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment