တစ်ခါတစ်ရံမှာ
အရိုးဆုံးက အဆန်းဆုံးဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ဆီကို ဓားပြတိုက်မယ့် လူတစ်ယောက်ရောက်လာခဲ့ရင်
ဒီလိုအန္တရာယ်ဆိုးက လွတ်ကင်းနိုင်ဖို့ဖောက်ထွက်စဉ်းစားနည်းနဲ့ စဉ်းစားဖို့ ကိုယ့်အနေနဲ့
လိုအပ်လာပါပြီ။ ကားတစ်စီးနဲ့ ခိုးဆိုးလုယက်မှုတွေထူပြောတဲ့နေရာဒေသတစ်ခုကို သွားတော့မယ်ဆိုရင်ကိုယ့်အနေနဲ့
တန်ဖိုးကြီးပစ္စည်းတွေကို အခြားလူတွေမမြင်အောင် ထိန်းသိမ်းထားနိုင်ဖို့ လိုအပ်နေမှာ
အသေအချာပါ။ ဒီလိုအခြေအနေမျိုးမှာ ကိုယ့်တန်ဖိုးကြီးပစ္စည်းကို ဘယ်လိုထိန်းသိမ်းထားမလဲ။
အထူးသဖြင့် ပိုက်ဆံ၊ လက်ဝတ်ရတနာနဲ့ အခြား တန်ဖိုးကြီးပစ္စည်းတွေကို ကားအတွင်းမှာ လုံခြုံအောင်
ဘယ်လိုထိန်း သိမ်းထားရမယ်ဆိုတာနဲ့ပတ်သက်ပြီး အကြံကောင်းပေးပါရစေ။
ပုလင်းလွတ်၊ ကရားလွတ်တွေကိုပြန်သုံးပါ
ခေါင်းလျှော်ရည်ပုလင်းအလွတ်တစ်ခု၊
ဒါမှမဟုတ် ကရားအလွတ်တစ်ခုကို ပြန်အသုံးပြုလို့ရပါတယ်။ ဒါတွေဟာ နေ့စဉ်အသုံးပြုနေကျအသုံးအဆောင်ပစ္စည်းတွေ
ဖြစ်တာကြောင့်လုယက်ချင်သူ၊ ခိုးဝှက်ချင်သူတွေအနေနဲ့ ယောင်လို့တောင် မျက်စောင်းထိုးမယ့်အရာတွေ
မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနေရာမှာ တစ်ခုသတိထားရမှာက ကိုယ့်အနေနဲ့ ခေါင်းလျှော်ရည်ဗူး၊
ကရားအလွတ်တွေကို အသုံးပြုတော့မယ်ဆိုရင် ဒါတွေကို သန့်ရှင်းအောင် အရင်ဆေးကြောဖို့လိုမှာကိုပါ။
အတွင်းရော၊ အပြင်ဘက်ကိုပါ သန့်ရှင်းအောင်ဆေးကြောပြီးမှ ကိုယ့်ရဲ့အဖိုးတန်ပစ္စည်းတွေကို
ထည့်သွင်းသိမ်းဆည်းထားသင့်တာဖြစ်ပါတယ်။ အထူးသဖြင့် ငြုပ်ဆီ ပုလင်းလိုမျိုးအသုံးအဆောင်တွေကို
ပြန်လည်အသုံးပြုတော့မယ်ဆိုရင် ရေနဲ့ဆပ်ပြာကိုသုံးပြီး စင် ကြယ်သွားအောင် အရင်ဆေးရပါလိမ့်မယ်။
ပြီးရင်ဖောက်ထွင်းမြင်နိုင်တဲ့ပုလင်းမျိုးဖြစ်နေမယ်ဆိုရင်တော့ အတွင်းပိုင်းကို ဆေးသုံးပြီး
အပြင်က အလွယ်တကူကြည့်လို့ မမြင်နိုင်အောင် ဆေးချယ်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် အများသတိမထားမိချိန်မှာပဲ
လက်ကိုင်ဖုန်း၊ ပိုက်ဆံနဲ့ အခြားတန်ဖိုးကြီးပစ္စည်းတချို့ကို အထဲမှာ သိမ်းဆည်းထားနိုင်မှာပါ။
ဒီနေရာမှာ ပုလင်းတွေတင်မကဘဲ လိုးရှင်းဗူးအဟောင်း၊ ကိုယ် တိုက်ဆပ်ပြာရည်ဗူးတွေကိုလည်း
ကိုယ်စိတ်ကူးရရင် ရသလို ချဲ့ထွင် အသုံးပြုနိုင်မှာဖြစ်ပါတယ်။
အမျိုးသမီးသုံး ပစ္စည်းတွေလည်းအသုံးပြုနိုင်
Feminine
Hygiene Boxes တွေလို အမျိုးသမီးအသုံးအဆောင် ပစ္စည်းတချို့ကိုလည်း ဒီနေရာမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဥပမာ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေနဲ့ tamponboxes တွေအတွင်းမှာ ထည့်သွင်းထားရင်းနဲ့လည်း
တန်ဖိုးကြီးပစ္စည်းတွေကို တခြားလူလုယက်မယ့်ဘေးက ရှောင်ရှားနိုင်မှာပါ။ အချို့ယောက်ျားတွေဟာ
ဒီလိုအသုံးအဆောင်ပစ္စည်းမျိုးတွေကို ကောက်ကိုင်မကြည့်တဲ့အပြင် လှည့်တောင်ကြည့်ဖို့မရှိတာကြောင့်
ဒီနည်းကို အသုံးပြုပြီးတော့လည်း ကိုယ့်ရဲ့တန်ဖိုးကြီးပစ္စည်းတွေကို ကာကွယ်ထားနိုင်ပါတယ်။
ဒီအသုံးအဆောင်ပစ္စည်းနှစ်မျိုးဟာ ပိုက်ဆံနဲ့ လက်ဝတ်လက်စားအချို့ကို ၀ှက် ထားဖို့အကောင်းဆုံးနေရာတွေလို့
တချို့ကဆိုကြပါတယ်။ တစ်ခု သေချာဖို့လိုအပ်တာကတော့ ကိုယ့်ရဲ့ သေတ္တာဒါမှမဟုတ် ပစ္စည်းထည့်မယ့်အရာက
လုံခြုံနေဖို့လို အပ်သလိုတန်ဖိုးကြီးပစ္စည်းတစ်ခု ခုထည့်ဝှက်ထားတော့မယ်ဆိုရင်လည်း အလည်ဗဟိုတည့်တည့်မှာ
သေချာထည့်သွင်းထားနိုင်ဖို့လို အပ်မှာ ဖြစ်ပါတယ်။ အလုံခြုံဆုံးဖြစ်စေမှာကတော့ ကိုယ့်အနေနဲ့
လက်ဝတ်ရတနာတစ်ခုခုကိုထည့် ထားတော့မယ်ဆိုရင် အလည်ဗဟို တည့်တည့်မှာထားသင့်သလို ၀ါဂွမ်း
ဒါမှမဟုတ် အ၀တ်စတစ်ခုနဲ့ သေချာရစ်ပတ်ပြီးမှ ထည့်သွင်းသင့်တာပါ။
တင်းနစ်ဘောလုံးကလည်း အသုံးဝင်
ဒီနေရာမှာ
နောက်ထပ်အသုံးဝင်တဲ့ပစ္စည်းတစ်ခုကတော့ တင်းနစ်ဘောလုံးပဲ ဖြစ်ပါတယ်။ ပန်းခြံဒါမှမဟုတ်
အားကစားခန်းမကို သွားတော့မယ်ဆိုရင် အစိုးရိမ်လွန်တတ်သူတွေအနေနဲ့ တင်းနစ်ဘောလုံးထဲမှာ
ကိုယ်သိမ်းဆည်းချင်တဲ့ ပစ္စည်းကိုထည့်သွင်းသိမ်းဆည်းပြီး လော့ကာထဲကိုထည့်သွင်းထားနိုင်တာပါ။
တင်းနစ်ဘောလုံးကို မသိ မသာဓားနဲ့ခွဲပြီး ကိုယ်ထည့်ချင်တဲ့ ပစ္စည်းကို ထည့်ပြီးချိန်မှာ
မသိမသာ ပြန်စေ့ထားရမှာ ဖြစ်ပါတယ်။ သေချာတာကတော့ တင်းနစ် ဘောလုံးတွေဟာ ကျံ့နိုင်ဆန့်နိုင်
တဲ့အရာနဲ့ပြုလုပ်ထားတာဖြစ်လို့ အထဲကို တစ်ခုခုထည့်ချိန်မှာ လက်နဲ့ညှစ်ထားရမှာဖြစ်ပြီး
ထည့်သွင်းပြီးချိန်မှာ လက်ကိုလွှတ်လိုက်တာနဲ့ အလိုအလျောက် အပေါက်ပြန်စေ့ပြီးသား ဖြစ်သွားမှာ
အသေအချာပါပဲ။
တန်ဖိုးကြီးပစ္စည်းတွေကို ၀တ်ဆင်ထားပါ
နောက်ထပ်တစ်နည်းကတော့
တန်ဖိုးကြီးပစ္စည်းတွေကို ကိုယ်နဲ့မကွာ ဆောင်ထားလို့ရတဲ့နည်းပဲဖြစ်ပါတယ်။ ပိုက်ဆံ၊ မှတ်ပုံတင်၊
လက်ဝတ်လက်စားစတဲ့ပစ္စည်းတွေကို ကိုယ့်အင်္ကျီရဲ့ အတွင်းဘက် အိပ်ကပ်တွေထဲမှာ ထည့်သွင်းသိမ်း
ဆည်းထားဖို့ဆိုလိုတာပါ။ ဒီနည်းက သိပ်ပြီးစိတ်မချရသလို အလုံခြုံဆုံးလို့ပြောလို့မရပေမယ့်
နောက်ပိုင်းထွက်တဲ့ ဂျက်ကပ်အင်္ကျီတွေမှာ အတွင်းမှာ ပစ္စည်းထည့်စရာ အိပ်တွေနေရာအတော်များများပါဝင်
လာတာကြောင့် ဆန္ဒရှိရင် ဒီလိုအိပ်မျိုးတွေထဲကိုထည့်သွင်းထားလို့လည်း ရပါတယ်။ များသောအားဖြင့်
တချို့တွေက လျို့ဝှက် အိပ်တွေပါဝင်တဲ့အင်္ကျီမျိုးတွေကို ၀တ်ဆင်ရင်းနဲ့လည်း မသမာသူတွေကို
လမ်းကြောင်းလွှဲလေ့ရှိတာပါ။ ဒါပေမဲ့ ဒီလိုအင်္ကျီတွေကတော့ ကိုယ်တိုင်စိတ်တိုင်းကျ ချုပ်ခိုင်းမှရတတ်ပြီး
အများသုံးစတိုးဆိုင် မျိုးတွေမှာ အလွယ်တကူရရှိမှာတော့ မဟုတ်ပါဘူး။
အာကာထက်ဝေ
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment