ပေါ့ပေါ့ပါးပါးခရီးထွက်ချင်တယ်ဆိုရင်
















ပေါ့ပေါ့ပါးပါးခရီးထွက်ချင်တယ်ဆိုရင်
ခရီးတစ်ခုမသွားခင် ထုတ်ပိုးရတာ စိတ်ဖိစီးစရာပါ။ ငယ်ရွယ်စဉ်ကတော့ အဝတ်အစား၊ အသုံးအဆောင်တွေ လောက်နဲ့သာပြီးသွားတယ်။ ဒါပေမဲ့ တဖြည်းဖြည်းအရွယ်ရော်ကလာချိန်မှာတော့ ဆေးဝါး၊ အစားအသောက်က အစ ကိုယ်တိုင်စီစဉ်ရမှကျေနပ်လာကြတယ်။ ဒါက ခရီးတစ်ခုမထွက်ခင်ပင်ပန်းမူရဲ့အစပါ။ ဘာဝယ်ရမယ်၊ ဘာတည့်ရမယ်ဆိုတာတွေကပေါ့။ အဲဒီတော့ ခရီးထွက်ဖို့ ဘယ်လိုလွယ်လွယ်ကူကူမြန်မြန်ဆန်ဆန် ထုပ်ပိုးမလဲကြည့်ရအောင်…။
အဖိုးတန်ကစ္စည်းတွေသေချာထုပ်ပိုး
အဖိုးတန်ပစ္စည်းတွေကို တေချာထုပါပိုးထားချင်တယ်။အလွယ်တကူလည်းထုတ်ယူချင်တယ်။ ဥပမာ လည်ဆွဲ၊ နားကပ်၊ ငွေကြေးတို့လိုမျိုးပေါ့။ အဲဒါဆိုကိုယ်အမြဲလွယ်နေကျ၊ သုံးနေကျအိတ်လေးထဲတေချာထည့်ထားလိုက်ပါ။
       
အသုံးအဆောင်
ခရီးထွင်ဖို့အတွက်မိတ်ကပ်တစ်ဘူးလုံး၊ Skin Care တစ်ဘူးလုံးဆောင်သွားစရာမလိုပါဘူး။ခရီးဆောင်ဘူးလေးတွေသာယူဆောင်သွားပါ။
မိတ္တူကူး
မရောက်ဖူးတဲ့ဒေသတစ်ခုသွားရင် မှတ်ပုံတင်နိုင်ငံကူးလက်မှတ်ပျောက်မသွားဖို့ ထိန်းသိမ်းထားတာစိတ်ဖိစီးစရာကိစ္စတစ်ခုပါ။ စိတ်သက်သာရာရစေဖို့မိတ္တူ ၃ စုံခန့်ကူးပြီး တစ်နေရာစီဆောင်ထားလိုက်ပါ။
မျက်မှန်ဘူး
မျက်မှန်ထည့်ဖို့တော့မဟုတ်ပါဘူး။ နားကြပ်၊ ဖုန်းဘက်ထရီအပို၊ လက်သည်းညှပ်တို့လိုအသုံးအဆောင်လေးတွေ တစ်နေရာတည်းစုစုစည်းစည်းထားနိုင်အောင်ပါ။
သန့်စင်ခန်းဝင်
စိတ်ဖိစီးတတ်သူတွေ၊ စိတ်လှုပ်ရှားတတ်သူတွေခရီးမထွက်ခင် မိနစ် ၂ဝ လောက်အလိုကတည်းက သန့်စင်ခန်းသုံးထားသင့်ပါတယ်။
ဆပ်ပြာ
ဆပ်ပြာရည်ဘူးသေးလေးဆောင်သွားဖို့လိုပါတယ်။ လက်၊ ခြေသန့်ရှင်းရေးလုပ်ဖို့တင်မကပါဘူး။ မကောင်းတဲ့အနံ့အသက်တွေကိုပါဖယ်ရှားပေးဖို့ပါ။
ကင်မရာကာကွယ်ဖို့
ကင်မရာတစ်လုံးလောက်ကတော့ ဘယ်သူမဆို ဆောင်သွားတတ်ကြပါတယ်။ ဒါပေမဲ့ ကင်မရာမကွဲအောင်ထိန်းသိမ်းရတာက ပြဿနာပါ။ ကင်မရာကို ခရီးလမ်းတစ်လျှောက်လုံလုံခြုံခြုံသယ်သွားဖို့အတွက်ပလပ်စတစ်အိတ်ထဲထည့်ထားပါ။
ဖိနပ်
မိန်းကလေးတွေအတွက်အရေးကြီးဆုံးကတော့ဖိနပါပါ။ ခရီးစထွက်ချိန်အလေးဆုံးဖိနပ်ကိုဝတ်ဆင်ပြီးကျန်ဖိနပါပါးတွေကိုခရီးဆောင်အိတ်ထဲသိမ်းဆည်းပေးပါ။
Beauty
ခြောက်သွေ့သောအသားအရည်ကိုဘယ်လိုကုစားပလဲ…
အသားအရေခြောက်သွေ့တယ်ဆိုတာ ဆောင်းရာသီ၊ အထူးသဖြင့် ခြောက်သွေ့အေးမြချိန်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ပြဿနာတစ်ခုပါ။ ဒီပြဿနာကိုဖြေရှင်းဖို့ အလှဆီ၊ အစိုဓာတ်ထိန်းခရင်မ်တွေသုံးပေးနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီပစ္စည်းတွေထဲမှာ ဘာတွေပါတယ်ဆိုတာ ဘယ်သူကသေချာပြောနိုင်မှာလဲ။ တကယ်လို့ အသားအရေကိုအန္တရာယ်ကင်းကင်းနဲ့သဘာဝအတိုင်း ထိန်းသိန်းချင်တယ်ဆိုရင်တော့ သဘာဝသစ်သီးလေးတွေရှိပါတယ်။
ထောပတ်သီး
ဗီတာမင်၊ အင်တီအောက်ဆီဒင့်နဲ့ Fatty Acid တွေပါဝင်တဲ့ ထောပတ်သီးက အသသားအရေကိုအစိုဓာတ်နဲ့ အာဟာရဖြည့်ပေးပါတယ်။ ထောပတ်သီးအနှစ်ကို မျက်နှာမှာလိမ်းပြီး ၁၅ မိနစ်ခန့် ပေါင်းတင်ပေးထားနိုင်ပါတယ်။
အုန်းသီး
Fatty Acid ပါဝင်တဲ့ အုန်းသီးကအသားအရေအတွင်း လျှင်မြန်စွာ စိမ့်ဝင်နိုင်ပြီး ခြောက်သွေ့တဲ့ အရေပြားကို စိုပြေချောမွေ့စေပါတယ်။ အုန်းဆီခပ်ပါးပါးကို ခြောက်သွေ့တဲ့အရေပြားမှာ ညအိပ်ရာဝင်ခါနီးလိမ်းပေးထားပါ။
သံလွင်ဆီ
သံလွင်ဆီက ခြောက်သွေ့အက်ကွဲတဲ့အရေပြားအတွက် အထူးသင့်တော်ပါတယ်။ ရေမချိုးခင် သံလွင်ဆီလိမ်းပြီး အရေပြားကိုနှိပ်နှယ်ပေးပါ။ အရေပြားက အစိုဓာတ်ပြည့်ဝပြီး လှပနေပါလိမ့်မယ်။
နို့ခရင်မ်
နို့မှာ အသားအရေခြောက်သွေ့ခြင်ကိုကုသပေးဖို့ Latic Acid ပါဝင်ပါတယ်။ Latic Acid က အရေပြားပေါ်ကဆဲလ်အသေတွေကိုလည်းဖယ်ရှားပေးပြီး အသားအရေကို ချောမွေ့စေပါတယ်။
ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်က အသားအရေခြောက်သွေ့တာကို သက်သာစေပြီး ဘက်တီးရီးယားတွေကို သေစေပါတယ်။ အရေပြားအဖက်လိုက်ကွာကျတာကိုလည်း သက်သာစေပြီး အစိုဓာတ်ဖြည့်ပေးပါတယ်။ ရှားစောင်းလက်ပတ်ကိုခြောင်သွေ့တဲ့အရေပြားမှာ လိမ်းထားပြီး ၁ဝ မိနစ်လောက်နေမှ ရေခပ်နွေးနွေးလေးနဲ့ဆေးချလိုက်ပါ။
ဗာဒံစေ့အဆီ
ဗာဒံစေ့အဆီကလည်း အသားအရေကိုအစိုဓာတ်ဖြည့်တင်းပေးပြီး ရာသီဥတု၊ သဘာဝပတ်ဝန်းကျင်ကြောင့် အစိုဓာတ်မခန်းခြောက်အောင် ထိန်းသိမ်းပေးပါတယ်။
ဒိန်ချဉ်
ဒိန်ချည်မှာပါဝင်တဲ့ ဗီတာမင် B12, B2, မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်တို့က အရေပြားကျန်းမာရေးအတွက် အထူးသင့်တော်ပါတယ်။ ဘာနဲ့မှ အရောစပ်ထားတဲ့ ဒိန်ချဉ်ကိုအရေပြားပေါ် ၁ဝ မိနစ်ခန့် လိမ်းပေးထားမယ်ဆိုရင် ယားယံခြင်းတွေကို သက်သာစေသလို အစိုဓာတ်လည်းဖြည့်ပေးပါတယ်။
အလှဆီ
ဂလစ်စရင်း အလှဆီကို ခြောက်သွေ့တဲ့အရေပြားကုသရာမှာ ထိထိရောက်ရောက်အသုံးပြုနိုင်ပါတယ်။ ဂလစ်စရင်းက အရေပြားအတွင်း လျင်မြန်စွာစိန့်ဝင်နိုင်သလို အရေပြားကို အစိုဓာတ်ပြည့်ဝစေပါတယ်။
ထောပတ်
ထောပတ်ကလည်း အထိရောက်ဆုံးနဲ့အရိုးရှင်းဆုံးကိုသနည်းပါ။ အရေပြားမှာလိမ်းထားရင် အနည်းငယ်စေးထန်းပေမယ့်အစိုဓာတ်ပြည့်ဝပြီး လှပချောမွေ့စေပါတယ်။ 
crystal



--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
Share on Google Plus

0 comments:

Post a Comment