ဒီတစ်ပတ်တော့
ငါးကိုပအိုဝ်း စတိုင်သောက်ဆမ်းလေးချက်ကြတာပေါ့ဆွေမျိုးတို့ရာ၊ အရန်ဟင်း အနေနဲ့ကတော့
ရာသီပေါ်မက်မန်းသီးလေးသုပ်မယ်၊ ပြီးတော့ပဲပြားကို အကြေမွှေကြော်လေးကြော်လိုက်တာ ပေါ့။
ဒါဆိုရင် မယ်တော်မားသားလည်း ရာသီစာလေးတွေစားရ၊ အရသာလည်းစုံစုံလေးဆိုတော့ စားလို့အဆင်ပြေမှာ
အသေအချာပဲပေါ့နော်။ ငါးကတော့ ကျက်ရုံလေးကင်ထားတာနဲ့ချက်ရင် ပို ကောင်းပေမယ့် ကင်ဖို့အဆင်မပြေရင်လည်း
ကျက်ရုံပျော့ပျော့လေကြော်၊ ပြီးမှ ချက်ရင်လည်းအဆင် ပြေပါတယ်။
ငါးသောက်ဆမ်း
ကျက်ရုံလေးကင်ထား
ဒါမှမဟုတ် ကျက်ရုံပျော့ပျော့လေးကြော်ထားတဲ့ငါးကိုအတုံးကြီးကြီးလေးဖဲ့ထား၊ ချင်း၊ စပါးလင်နဲ့
ကြက်သွန် ဖြူကို ဓားပြားရိုက်ပြီး နနွင်းနည်းနည်းထည့်ဆီသတ်၊ ပြီးမှဖဲ့ထားတဲ့ ငါးလေးတွေထည့်ပြီးလုံးပေး၊
အရသာအတွက်ကတော့ ဆားနဲ့ကြက် သားမှုန့်ပဲထည့်တာပေါ့။ ရေကို ကိုယ်လိုချင်သလောက်ထည့်ပြီး
ဆူအောင်တည်၊ အရသာစိတ်ကြိုက်ရပြီဆိုမှ ဓားပြားရိုက်ထားတဲ့ ငရုပ်သီးစိမ်းလေးအပေါ်ကနေ အုပ်ပေးလိုက်ရင်
ပအိုဝ်းစတိုင်ငါး သောက်ဆမ်းလေးတစ်ခွက်ရပြီပေါ့။ စားနေကျငါးသောက်ဆမ်းတွေနဲ့မတူဘဲ သူကတော့စတိုင်တစ်မျိုးနဲ့
ပူပူစပ်စပ်မွှေးမွှေးလေးပေါ့နော်။ အခု လိုမိုးအေးအေးလေးနဲ့ဆိုရင် စားလို့ကတော့ကောင်းမှကောင်းပဲပေါ့
ဆွေမျိုးတို့ရာ။ သူနဲ့စားလို့လိုက်ဖက်အောင် ရာသီပေါ်မက်မန်းသီးလေးကိုလည်း သုပ်လိုက်ကြတာပေါ့။
မက်မန်းသီးသုပ်
မက်မန်းသီးဝမ်းရောင်လေး
တွေကို ဓါးနဲ့အသားတွေချည်းဖဲ့ ထုတ်ထား၊ ပြီးရင်ကြက်သွန်နီ ဆီ ချက်မညက်တညက်ထောင်းထားတဲ့
မြေပဲမှုန့်၊ ဆား၊ သကြား၊ ကြက် သားမှုန့်လေးနဲ့နယ်လိုက်ရင်ချိုချို ချဉ်ချဉ်နဲ့အဖန်အရသာလေးပါ
ပါနေတဲ့ မက်မန်းသီးသုပ်လေးတစ်ပွဲရပြီပေါ့။ ပူပူစပ်စပ်မွှေးမွှေး ငါးသောက်ဆမ်းလေးနဲ့ကတော့
ကွက်တိပဲပေါ့နော်။
ပဲပြားကြော်
ပဲပြားကိုလက်နဲ့အသာလေး
ခြေထား၊ အရမ်းတော့မကြေစေနဲ့ပေါ့နော်။ ပြီးမှကြက်သွန်နီမထူမပါး လှီးထားတာရယ် ကြက်သွန်ဖြူဓားပြားရိုက်စဉ်းထားတာရယ်ကို
နနွင်းမှုန့်နည်းနည်းထည့်ဆီသတ်၊ စိမ်း နံ့ပျောက်လို့မွှေးလာပြီဆိုမှ ပဲပြား ခြေထားတာလေးထည့်၊
ဆား၊ ကြက်သားမှုန့်လေးထည့်လိုက်ရင် ချိုချိုဆိမ့်ဆိမ့်ပဲပြားကြော်လေး တစ်ပွဲ အဆင်ပြေပြီပေါ့နော်။
ဒီတစ် ပတ်ကတော့ ငါးသောက်ဆမ်းပူပူ စပ်စပ်မွှေးမွှေးလေးရယ်မက်မန်းသီး သုပ် ချိုချဉ်ဖန်လေးရယ်၊
ပဲပြား အကြေကြော်ချိုဆိမ့်လေးရယ်နဲ့ဆိုတော့ အရသာစုံစုံလေးနဲ့ စားလို့ကတော့ကောင်းမှာသေချာတာပေါ့
ဆွေမျိုးတို့ရာ၊ နောက်တစ်ပတ်မှ နောက်တစ်မျိုးချက်ဖို့ပြန်ဆုံကြတာပေါ့နော်။
အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။
Royal
(Laputta)
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment