ကမ္ဘာကျော်အဆိုတော်
လေဒီဂါဂါရဲ့ အနှစ်သက်ဆုံး Brand
ဒီတစ်ပတ်
ရဲ့ ဖက်ရှင်ကဏ္ဍလေးအတွက်ကိုတော့ ကမ္ဘာ့နာမည်ကြီး ဖက်ရှင် Brand တွေထဲက တစ်ခုဖြစ်တဲ့ Versace
နဲ့ မိတ်ဆက်ပေးလိုက်ပါရစေ။ Versace ဆိုတာ လူတိုင်းသိပြီးသားဖြစ်ပါတယ်။ ကမ္ဘာကျော်အဆို
တော် လေဒီဂါဂါရဲ့ အနှစ်သက်ဆုံး Brand တွေထဲက တစ်ခု။ လေဒီဂါဂါက Versace ရဲ့ အဓိက ဒီဇိုင်နာ
Donatella အတွက်တောင် သီချင်းတစ်ပုဒ်ရေးသားပြီး သီဆိုခဲ့ပါတယ်။ အသက် (၅၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့
ဒိုနာတယ်လာဟာ အီတလီလူမျိုးဖက်ရှင် ဒီဇိုင်နာတစ်ဦး ဖြစ်ပြီး Versace အုပ်စုရဲ့ ဒု-ဥက္ကဌတစ်ဦးလည်း
ဖြစ်ပါ တယ်။
သူမကို အီတလီနိုင်ငံတောင်ပိုင်းရဲ့
Reggio Calabria မြို့မှာ မွေးဖွားခဲ့ပါတယ်။
သူမရဲ့ဖခင်ဟာ အီတာလျံ မင်းမျိုးမင်းနွယ်ရဲ့ ငွေကြေးထောက်ပံ့သူတစ်ဦးဖြစ်ပါတယ်။ မွေးချင်း(၄)ဦးအနက်
အငယ်ဆုံး ဖြစ်ပြီး အစ်မကြီး ဖြစ်သူ တီနာက အသက်(၁၀)နှစ်အရွယ်မှာ မေးခိုင်ရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
ပထမဦးဆုံး ဇာထိုးအထည် ဒီဇိုင်းပညာကို အစ်ကိုဖြစ်သူ ဂီယန်နီနဲ့အတူ သင်ယူခဲ့ပါတယ်။ ဆယ်စုနှစ်တစ်ခု
ကြာပြီးနောက်မှာတော့ အစ်ကိုဖြစ်သူ ဂီယန်နီဟာ သူမအတွက်ရည်ရွယ်ပြီး Blonde ဆိုတဲ့ ရေမွေးစတင်ထုတ်လုပ်ခဲ့ပြီးနောက်မှာတော့
Versace က စတင်နာမည်ကြီးဖို့ အကြောင်းပြုလာပါပြီ။
အစ်ကိုဖြစ်သူ Gianni အသတ်ခံရခြင်း
၁၉၉၇ခုနှစ်
ဇူလိုင်လမှာ ဒိုနာတယ်လာရဲ့ အစ်ကိုဖြစ်သူ ဂီယန်နီဟာ မိုင်ယာမီက နေအိမ်မှာ သေနတ်နဲ့ပစ်ပြီး
အသတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ တရားခံ အန်ဒရူးကတော့ ဖမ်းဆီးမှုကိုရှောင်တိမ်းနေခဲ့ပြီး ရက်သိပ်
မကြာခင်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါတယ်။ ဒီအသတ် ခံရမှုကလည်း လူစိတ်ဝင်စားစရာတစ်ခုဖြစ်ခဲ့ပြီး
ဒိုနာတယ်လာ အပါအ၀င် တစ်မိသားစုလုံး က အောင်မြင်မှုရနေဆဲ Versace Spring Summer
Collection အပြင် အခြားသောလုပ်ငန်းတွေကို ခဏ
ဆိုင်းငံ့ထားပြီး ပြောင်းရွှေ့သွားခဲ့ ပါတယ်။ ဒိုနာတယ်လာလည်း စိတ်မကောင်းဖြစ်မှု၊ ၀မ်းနည်းမှုတွေဖြေသိမ့်ဖို့
အိပ်ဆေးတွေ၊ ကိုကင်းတွေသုံးစွဲရင်း ဆေးဆွဲသူတစ်ဦး ဖြစ်ခဲ့ပါတော့တယ်။
ဂီယန်နီရဲ့အသုဘပွဲကိုကမ္ဘာတစ်ဝှမ်းလုံးမှ
လူပေါင်း(၂၀၀၀)ကျော် ခန့်တက်ရောက်ခဲ့ကြ ပါတယ်။ အဲဒီထဲကမှာ နာမည်ကြီးတွေအနေနဲ့ အားလုံးသိတဲ့
မက်ဒေါနား၊ ကမ္ဘာ့နာမည်ကြီး မော်ဒယ် နာအိုမီ ကမ်းဘဲလ်၊ ဒိုင်ယာနာမင်းသမီး၊ ဂျာမန်ဖက်ရှင်ဒီဇိုင်နာ
ကားလ်လာဂါဖီးလ်၊ ARMANI ဒီဇိုင်နာတည်ထောင်သူ တစ်ဦးဖြစ်တဲ့ ဂျော်ဂျီယာအာမာနီတို့နဲ့
အခြားကမ္ဘာ့နာမည်ကြီးများစွာ တက်ရောက်ခဲ့ကြပါတယ်။
အနုညာလုပ်ငန်း
ဒိုနာတယ်လာ
ဖက်ရှင်မှာ တင်မက နာမည်ကြီးရုပ်သံ ဇာတ်လမ်းတွဲတွေဖြစ်တဲ့ The Devil Wears Prada ၊
Ugly Betty မှာလည်း ဧည့်သည်သရုပ်ဆောင် အဖြစ် ပါဝင်လှုပ်ရှားခဲ့ပါသေးတယ်။
အောင်မြင်မှု
ဒိုနာတယ်လာရဲ့
အကြီးကျယ်ဆုံး အောင်မြင်မှုတစ်ခုလို့ပြောလို့ရတာကတော့ အခြားသောဒီဇိုင်နာတွေလို ဖက်ရှင်ပြပွဲတွေမှာ
နာမည်မရှိသေးတဲ့ မော်ဒယ်တွေအသုံးပြုတာမဟုတ်ဘဲ ကြော်ငြာများနဲ့ လျှောက်လမ်းများ မှာ
နာမည်ကြီးအနုပညာရှင်များကို ပထမဦးဆုံး အသုံးပြုခွင့်ရခဲ့ခြင်းဖြစ်ပါတယ်။
နောက်ထပ် ဗာဆာချီရဲ့
နာမည်ကြီးဒီဇိုင်နာ ကတော့ သူမရဲ့အစ်ကို ဆန်တိုဗာဆာချီပဲဖြစ်ပါတယ်။ သူမက သူမရဲ့သူငယ်ချင်းတွေဖြစ်
တဲ့ ဂျနီဖာလိုပက်ဇ်၊ မက်ဒေါနား၊ ခရစ္စတီးနား အဂွေလီယာ၊ ဒယ်မီမိုး၊ လေဒီဂါဂါတို့ကို ဗာဆာချီကြော်ငြာများ
မှာ အများဆုံး အသုံးပြုခွင့်ရခဲ့တဲ့ ဒီဇိုင်နာတစ်ဦးလည်း ဖြစ်ပါတယ်။ ဘီယွန်ဆေးနဲ့ အမေရိကန်မင်းသမီး၊
မော်ဒယ် January Jones တို့လို ထိပ်တန်းအနုပညာရှင်တွေကလည်း Versace Brand ရဲ့ မပါမဖြစ်
ကြော်ငြာရှင်တွေဖြစ်ပါတယ်။
၂၀၀၀ပြည့်နှစ် ဂရမ်မီဆုပေးပွဲမှာ ဂျနီဖာလိုပက်ဇ်ဝတ်ဆင်ခဲ့တဲ့
Jungle Dress လို့ခေါ်တဲ့ အစိမ်းရောင် Versace ၀တ်စုံကတော့ ဒိုနာတယ်လာရဲ့ နာမည်ကြီးဝတ်စုံထဲက
တစ်ခု ဖြစ်ပါတယ်။ လေဒီဂါဂါရဲ့ စတုတ္ထမြောက်အယ်လ်ဘမ် ARTPOP မှာလည်း Donatella ဆိုတဲ့ ခေါင်းစဉ်နဲ့ ဂုဏ်ပြုသီဆို
ခံထားရတဲ့ ဒီဇိုင်နာတစ်ဦးဖြစ်ပါတယ်။
၁၉၉၈ ခုနှစ်ရုပ်ရှင်
The Versace Murder ဆိုတဲ့ ဇာတ်ကားမှာ မင်းသမီး ဒါနီယာဒီဗီလီက ဂီယန်နီ အသတ်ခံရမှုကို ဖော်ပြရိုက်ကူးထားခဲ့ပါတယ်။
The
Devil Wears Prada ဆိုတဲ့ Lauren ရဲ့ ၀တ္ထုရှည်မှာလည်း ဗာဆာချီကို များစွာရည်ညွှန်းဖော်ပြခဲ့ပြီး
အဲဒီရုပ်ရှင်မှာလည်း ပါဝင်ခဲ့ပါတယ်။
၂၀၁၂ခုနှစ်
ဘောလိဝုဒ်ရုပ်ရှင် Student of the Year ရဲ့ သီချင်းအကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကား
ကလည်း အောင်မြင်မှုရရှိတဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။
ဒီလိုအောင်မြင်မှုပေါင်းများစွာ
ရရှိထားတဲ့ ဒိုနာတယ်လာက Versace Brand တစ်ခုလုံး ရဲ့ ရှယ်ယာ ဈေးကွက်(၂၀)ရာခိုင်နှုန်းကိုလည်း
ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ VOGUE magazine (၁၅)နှစ်ပြည့်မှာလည်း သူမ အကြိုက်ဆုံး အမျိုးသမီး(၁၅)ဦးနဲ့အတူ
ဖက်ရှင်ပြပွဲကျင်းပခဲ့ပါသေးတယ်။ အဲဒီပွဲမှာ စင်ဒီခရောဖို့ဒ်၊ ချားလီဇ်သီရွန်၊ ဒယ်မီမိုး၊
အန်းဟယ်သာဝေး၊ ဂျနီဖာလိုပက်ဇ်၊ အန်ဂျလီနာဂျိုလီနဲ့ အခြားနာမည်ကြီး အနုပညာရှင်စုစုပေါင်း
(၁၅)ဦးမှ ဗာဆာချီရဲ့ ၀တ်စုံများကို ၀တ်ဆင်ပြသခဲ့ပါတယ်။
အခုချိန်အထိလည်း
ဗာဆာချီဟာ အီတလီ၊ ဥရောပ၊ အနောက်နိုင်ငံများသာမက အာရှတို့လို အရှေ့နိုင်ငံများ မှာပါ
စွဲမြဲစွာဝတ်ဆင်နေကြတဲ့ နာမည်ကြီး Brand တစ်ခုအဖြစ် ရပ်တည်လျက်ရှိနေဆဲ ဖြစ်ပါတယ်။
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment