စမတ်ဖုန်းတွေမှာ
ပုံမှန် ဖုန်းခေါ်ဆိုနိုင်တဲ့ လုပ်ဆောင်ချက်ဟာ နောက်ပိုင်းမှာ တဖြည်းဖြည်း ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။
အထူးသဖြင့် Android OS version မြင့်တဲ့ အမြင့်ပိုင်းစမတ်ဖုန်းတွေမှာ ဆိုရင် ဖုန်းခေါ်ဆိုမှု၊
လက်ခံပြောဆိုမှုကို ဖုန်းပေါ်က ဘာ ခလုတ်မှ နှိပ်စရာမလိုဘဲ ဖြေဆိုနိုင်မယ့် Smart
Call ဆိုတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာတတ်ကြပါတယ်။ ဥပမာ ဖုန်းလာတာနဲ့ နား နားကပ်လိုက်တာနဲ့
ပြောဆိုနိုင်သလို နား နားက ခွာလိုက်တာနဲ့ ဖုန်းချ ချင်တာမျိုး၊ အ၀င်ဖုန်းမကိုင်ချင်တဲ့အခါ
မျက်နှာပြင်ကို မှောက်လိုက်တာမျိုး၊ ဒါမှမဟုတ် ဖုန်းကို လှုပ်ခါလိုက်တာနဲ့ ဖုန်းလက်ခံတာမျိုး၊
ဖုန်း ချ လိုက်တာမျိုး အစရှိတဲ့ အလိုလျောက် လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာတဲ့အခါ
စမတ်ဖုန်းအသုံးပြုရတာ အလွန်လွယ်လာပြီး အဆင်ပြေလာခဲ့ကြပါတယ်။
ဒါ့အပြင် ဖုန်းခေါ်ဆိုတဲ့
အသံ အ၀င်အထွက်ကို မှတ်သား သိမ်းဆည်းထားနိုင်တဲ့ လုပ်ဆောင်ချက်မျိုး၊ အရေးကြီး ဖုန်းခေါ်ဆိုမှုတွေကို
အချိန်နဲ့ တစ်ပြေးညီ သတိပေးနိုင်တာမျိုး၊ မလိုလားအပ်တဲ့ ခေါ်ဆိုမှုတွေကို တားမြစ်နိုင်တာမျိုး
ပြုလုပ်ချင်တဲ့အခါ သီးသန့် မူလ Android OS မှာ မပါဝင်တော့တဲ့အတွက် သီးသန့် Apps တွေ
ထည့်သွင်းကာ အသုံးပြုခဲ့ကြပါတယ်။
အခုအခါမှာတော့ ဒီလိုလုပ်ဆောင်ချက်တွေအားလုံးကို စမတ်ဖုန်း
အမြင့်ဖြစ်စရာမလို၊ Android OS version နောက်ဆုံးဖြစ်စရာ မလိုအပ်ဘဲ Apps တစ်ခုထဲ ထည့်သွင်းထားရုံနဲ့
အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ Call Toolbox လို့ခေါ်တဲ့ Apps လေးဟာ ကိုယ့်ရဲ့ဖုန်းမှာ
proximity sensor ပါဝင်ရုံနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး အသုံးဝင်လှတဲ့ Smart Call
, Reminder, Call Recorder, Call Blocker, Auto Answer, Schedule အစရှိတဲ့ လုပ်ဆောင်ချက်တွေအကုန်လုံး
အသုံးပြုနိုင်မယ့်အပြင် Important Call လို့ခေါ်တဲ့ အရေးကြီးဖုန်းတွေဆိုရင် ထပ်ပြီးခွဲခြား
ထားနိုင်မယ့် လုပ်ဆောင်ချက်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။
ပထမဆုံး
Call Toolbox ကို ပေးထားတဲ့ link ကနေ pro version ကိုရယူပါ။ ဒါမှမဟုတ်ရင်လည်း Play
Store မှာ Call Toolbox လို့ရိုက်ထည့်ပြီး ရှာဖွေကာ ထည့်သွင်းပါ။ ပထမဆုံး Call
Toolbox ကိုဖွင့်လိုက်ရင် သူ့မှာပါဝင်တဲ့ လုပ်ဆောင်ချက်တွေကို တစ်ခုချင်းစီ မြင်တွေ့ရမှာဖြစ်ပါတယ်။
အပေါ်ဆုံးမှာ ရှိတဲ့ Call Toolbox ဆိုတဲ့ စာသားနဲ့တည့်တည့်မှာတော့ လုပ်ဆောင်ချက်တွေအားလုံးအတွက်
အဖွင့်အပိတ်ပြုလုပ်နိုင်မယ့် power button သဖွယ် ခလုတ်လေး တည်ရှိပါတယ်။ စတင်အသုံးပြုဖို့အတွက်
အဲဒီ button လေးကို နှိပ်လိုက်ပါ။ အဲဒီလို နှိပ်လိုက်ရင် Call Toolbox is enable ဆိုတဲ့
စာတမ်းလေးပေါ်လာပြီး အောက်မှာရှိတဲ့ လုပ်ဆောင်ချက်တွေ တစ်ခုချင်းစီကို အဖွင့်အပိတ်လုပ်ပြီး
စိတ်ကြိုက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။
အရင်ဆုံး
တွေ့ရတဲ့ Smart Call ဆိုတဲ့ menu လေးပေါ်ကို တစ်ချက်နှိပ်လိုက်ပါ။ ပြီးရင် သူ့ထဲမှာ
ဖုန်းလာတဲ့အခါ၊ ဖုန်းချ လိုတဲ့အခါ ဘယ်လိုပုံစံနဲ့ အလိုလျောက်အသုံးပြုနိုင်မယ်ဆိုတဲ့
လုပ်ဆောင်ချက် အသေးစိတ်ကို ၀င်ရောက် ချိန်ညှိရမှာဖြစ်ပါတယ်။ ပြီးရင်တော့ back နဲ့ ပြန်ထွက်ပြီး
Smart Call ရဲ့ ညာဘက် ထောင့်စွန်းနားက On/Off button လေးကို နှိပ်ပြီး On ထားပါ။ ဒါဆိုရင်
ကိုယ့်ရဲ့စမတ်ဖုန်းဟာ အရင်တုန်းကနဲ့ မတူတော့ဘဲ Smart Call function ကို အသုံးပြုဖို့
အဆင်သင့်ဖြစ်နေမှာဖြစ်ပါတယ်။ Smart Call နည်းတူ အောက်ဘက်မှာရှိတဲ့ လုပ်ဆောင်ချက်တွေအကုန်လုံးကိုလည်း
အလားတူ တစ်ခုချင်းစီ ၀င်ရောက်ပြင်ဆင်၊ အဖွင့်/အပိတ် ပြုလုပ်ကာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Menu ရဲ့
အောက်ဘက်နားကို ဆက်သွားရင်တော့ တခြားအသုံးဝင်တဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ Call
Blocking ဆိုတဲ့ လုပ်ဆောင်ချက်ရှိပါတယ်။ ဒီလုပ်ဆောင်ချက်ကတော့ မလိုလားအပ်တဲ့ ခေါ်ဆိုမှုတွေ၊
SMS တွေရဲ့ နှောက်ယှက်မှုကနေ ကင်းဝေဖို့အတွက် အသုံးပြုနိုင်မှာဖြစ်ပြီး ဖုန်းနံပါတ်
တစ်ခုချင်းစီအလိုက်၊ အချိန်အခါအလိုက် block ထားနိုင်သလို ဘယ်လိုနည်းလမ်းတွေနဲ့
block ထားမလဲဆိုတဲ့ block method တစ်မျိုးစီလည်း ရွေးချယ်အသုံးပြုနိုင်ပါသေးတယ်။
Important
call မှာတော့ ကိုယ့်ရဲ့ဖုန်းကို အရေးကြီးတဲ့သူတွေပဲ ရွေးချယ်ခေါ်ဆိုနိုင်စေဖို့ ကန့်သတ်ထားနိုင်မှာဖြစ်ပြီး
ဘယ်လိုအချိန်မျိုးမှာ၊ ဘယ်လိုပုံစံမျိုးနဲ့ ခေါ်ဆိုနိုင်မယ်ဆိုတာကို ရွေးချယ် ထည့်သွင်းရမှာဖြစ်ပါတယ်။
တကယ်လို့ urgent mode လို့ခေါ်တဲ့ လုပ်ဆောင်ချက်ကို ဖွင့်ထားခဲ့မယ်ဆိုရင် ကိုယ့်ရဲ့ဖုန်းကို
တစ်စုံတစ်ယောက်က silent လုပ်ထားသည့်တိုင် ၂ မိနစ်အတွင်းမှာ ၂ ကြိမ်ခေါ်လိုက်တာနဲ့ နောက်ထပ်
၁ နာရီအကြာမှာ ထပ်ခေါ်မယ့် တတိယမြောက် call ဟာ silent mode ထဲကထွက်ပြီး အသံမြည်လာမှာဖြစ်ပါတယ်။
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment