သူ…ဘာလို့ ဖုန်းပြန်မဆက်တာလဲ…






ကိုယ်ချစ်တဲ့တစ်စုံတစ်ယောက် ကိုယ့်ကိုဖုန်းပြန်မဆက်တဲ့အခါ စိတ်ထဲဘ၀င်မကျနဲ့ အတွေးပေါင်းစုံ၊ သံသယပေါင်းစုံ ၀င်လာတတ်ကြတာသဘာဝပါ။ စိတ်တည်ငြိမ်အောင်တော့ ကြိုးစားနေပါရဲ့။ ဒါပေမဲ့ ဘယ်လိုမှ နေလို့မရဘူး။ ဒါဆို သူဘာလို့ဖုန်းပြန်မဆက်တာလဲ…။ အကြောင်းပြချက်လေးတွေကြည့်ရအောင်။


ပျင်းရိနေတာလည်းဖြစ်နိုင်တယ်
သူဖုန်းပြန်မဆက်တာပျင်းနေ လို့လည်းဖြစ်နိုင်ပါတယ်။ ဒါ သင့်လျော်တဲ့ အကြောင်းပြချက်ပါ။ တစ်ခါတလေတော့လည်း အိပ်ရာထဲမှာ ပျင်းရိပြီး မထချင်ပဲခွေနေတဲ့အချိန် ဘယ်သူကများ ဖုန်းကိုင်ချင်ပါ့မလဲ။

အလုပ်များနေတာလည်းဖြစ်နိုင်တယ်
လူတိုင်းအလုပ်တွေများနေတဲ့အချိန် ဖုန်းပြန်မခေါ်နိုင်လောက်တဲ့ အခြေအနေမျိုး ကြုံဖူးကြမှာပါ။ အဲဒါကို ကိုယ့်အနေနဲ့ဘယ်လိုလုပ်ပြီး သိနိုင်ပါ့မလဲ။

ရည်းစားဟောင်းကို စွဲလမ်းနေတုန်းပဲ
ရည်းစားဟောင်း အထူးသဖြင့် ပထမဦးဆုံးချစ်သူကိုသတိရခဲ့ရင် တစ်ယောက်နဲ့တစ်ယောက် မုန်းလို့လမ်းခွဲခဲ့တာထက် အကြောင်းပြချက် တချို့ကြောင့်ဖြစ်ကောင်းဖြစ်နိုင်တယ်။ သူ့ကို စွဲလမ်းနေတုန်းပဲ။ တစ်ဖက်မှာကလည်း ကိုယ်ချစ်တဲ့သူနဲ့ ဒီလိုအခြေအနေမှာ ရည်းစားဟေင်းနဲ့စကား တွေပြောရင်း ကိုယ့်ဖုန်းကိုမကိုင်နိုင်တာလည်းဖြစ်နိုင်တယ်။
မေးခွန်းတလွဲတွေမေးလို့ လည်းဖြစ်နိုင်တယ်
သူသဘောမကျတဲ့ ဘာသာရေး အကြောင်း ဒါမှမဟုတ် သူ့အဖြေကို လှောင်တာမျိုး၊ သူ့အတိတ်နဲ့ ပတ်သက်ပြီး မလွန်တာမျိုး၊ အယူသီး ဆန်တာလေးကို အတင်းအကြပ် မေးမြန်းတာမျိုးတွေကလည်း မဖြေချင်တဲ့အကြောင်းပြချက်တွေပါ။

အလုပ်များနေတာလည်းဖြစ်နိုင်တယ်
လူတိုင်းအလုပ်တွေများနေတဲ့အချိန် ဖုန်းပြန်မခေါ်နိုင်လောက်တဲ့ အခြေအနေမျိုးကြုံဖူးကြမှာပါ။ အဲဒါကို ကိုယ့်အနေနဲ့ ဘယ်လိုလုပ်ပြီး သိနိုင်ပါ့မလဲ။

ဖုန်းပျောက်သွားတယ်
ဒါလည်းအကြောင်းပြချက် ကောင်းတစ်ခုပါ။ ဖုန်းပျောက် သွားလို့ ကိုယ်ခေါ်တာလည်းမသိ။ သူ့အပူနဲ့သူ ဗျာများနေချိန်မှာ ဘယ်လိုလုပ်ပြီး အကြောင်းကြားနိုင်ပါ့မလဲ။

ဝန်ခံရမှာကြောက်နေတယ်
ဒိတ်လုပ်တယ်၊ နှစ်ယောက် စလုံးအတွက် အဆင်ပြေပြေပြီးဆုံး သွားတယ်။ အိမ်ပြန်ရောက်တဲ့အထိ ကြည်နူးနေတုန်း၊ သူလည်း ဒီလိုပဲ ခံစားရမယ်လို့ မျှော်လင့်နေတာပေါ့။ ဒါပေမဲ့ ကိုယ်ဆက်တဲ့ဖုန်းကို သူမကိုင်ဘူး။ ပြန်လည်းမခေါ်ဘူး။ ယောက်ျားလေး တစ်ယောက်ကို ၀န်ခံခိုင်းဖို့ဆိုတာ မလွယ်ပါဘူး။ သူ့အတွက် အချိန်လိုအပ်ပါတယ်။


တစ်ယောက်တည်းနေရတာ ပိုသဘောကျတယ်
ချစ်တာတော့ချစ်ပါရဲ့။ ဖုန်းဆက်ပြီးအချိန်တွေ ဖြုန်းမနေချင်ဘူး။ တွေ့မှပဲ စကားတွေတ၀ကြီးပြောမယ်။ မတွေ့တဲ့အချိန်မှာ အလုပ်ကိစ္စကလွဲပြီး ဘယ်ဖုန်းကိုမှ လက်ခံမပြောချင်ဘူး။

Whitney



---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်


 
Share on Google Plus

0 comments:

Post a Comment