" Car Skid/Slip & Car Hydroplaning "






ခု-ရက်ပိုင်း ရန်ကုန်-နေပြည်တော်-မန်း-အမြန်လမ်းမကြီးတွင် ကားထိခိုက်မှုများအဖြစ်များနေပြန်၏-
အသုံးပြုမှုများလာတာနဲ့အမျှမတော်တစ်ဆထိခိုက်မှုများလာဘို့အခွင့်အရေးကလည်းရှိလာနေပါသည်။
ခု-ရက်ပိုင်းအဖြစ်များလာတာကတော့ ကားများလမ်းချော်တာကြောင့် အဖြစ်များသည်ကို
လက်တွေ့မြင်တွေ့ရပြန်သည်။ ရန်ကုန်နေပြည်တော်မန်းလမ်းသည်-၃၆၆မိုင်၃ဖါလုံ အတိအကျရှိပါသည်။ လမ်းတည်ရှိပုံသဘောသဘာဝအရ-ရိုးမတောင်တန်းများကြားတွင်လည်းရှိ
နေသောကြောင့် မိုးရွာပါက သည်းထန်စွာရွာသွန်းတတ်ပါသည်။ လမ်းခရီးကလည်း တော်တော်ရှည်သောကြောင့် နေရာတစ်ခုတွင် မိုးရွာ တစ်နေရာတွင်မရွာ နေပူ နေရိပ် မိုးအုံ့ ပုံစံအမျိုးမျိုးဖြင့်ကြုံတွေ့ရပါသည်။


မိုးရွာပြီဆိုပါက-ကားလေကာမှန် wiper မနိုင်သည်အထိကြုံရတတ်ပါသည်-
ကားမောင်းသူအနေဖြင့်ရှေ့မြင်ကွင်းမကောင်းသော ကြောင့်အထူးဂရုစိုက်ရပါသည်။ ထိုကြားထဲတွင် အခြေအနေတစ်ခုကြောင့်ရုတ်တရက်ကားဘီးစလစ်ဖြစ်ကာ လမ်းချော်သွားတတ်ပါသည်။
ကားဘီးစလစ်ဖြစ်သွားသည်ဟုလူတိုင်းသိနေကြသော်လည်း လူသိနည်းနေသေးသည့်။ ကားစလစ်ဖြစ်တတ်သည့် Hydroplane-အကြောင်းကိုဝေငှချင်ပါသည်။


1- { " Car Skid or Slip -ကားဘီးချော်ခြင်း " }

ဒါကတော့ အဖြစ်များတာမို့သိပ်မဆန်း
တော့ပါ။ မိုးရွာခါစ ၁၀မိနစ်အတွင်းလမ်းမှာတင်ကျန်နေသော အညစ်အကြေးမျိုးစုံ စက်ဆီအပါအ၀င်တို့သည် စတင်ကာရေနဲ့ရောသမလာပါသည်။ ထိုအခါတွင်ကားဘီးတာယာနှင့်လမ်းတို့ထိတွေ့ကာသွားနေရသောပွတ်မှုအားကိုလျော့ကျစေပါသည်။
တာယာပန်းမည်သို့ပင်ရှိစေကာမူ လမ်းကိုကုတ်တွယ်အားမကောင်းသောကြောင့် ကား၏လားရာသည်ရုတ်တရက်ကစဥ့်ကလျားဖြစ်ကာဦးတည်ချက်ပြောင်းသွားပါ
တော့သည်။
သူ့သဘောသူဆောင်ကာဘေးတိုက်ရွေ့ခြင်းအပါအ၀င်သွားချင်သလိုသွားပါတော့သည်။ စက္ကန့်ပိုင်းလေးအတွင်းတစ်စုံတစ်ရာနှင့်တိုက်မိသွားခြင်း၊ ဘရိတ်ကိုရုတ်တရက် အားပြင်းစွာနင်
းကန်ကာဖမ်းလိုက်မိသောကြောင့်လည်း ကားပက်လက်လန်သွားသည်အထိဖြစ်နိုင်ပါသည်။
မိုးရွာနေစဉ်လမ်းချော်တတ်
ခြင်းသည်။ လမ်းပေါ်ကစက်ဆီ-ရွှံ့အညစ်အကြေးများကြောင့်ဖြစ်ပြီးကားစလစ်ဖြစ်နိုင်သည့်အခွင့်အရေးကိုလူကကြိုတင်သိနိုင်ပါသည်။
ဒါကတော့ မိုးရွာပြီဆိုတာနဲ့အမြန်နှုန်းကိုလျှော့ချပေးရပါ
မည်
ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ဝိုက်ဆိုပါက မြေသယ်ကားဘီးများကရွှံလက်ကျန်များက လည်းလမ်းပေါ်မှာပေကျန်နေတတ်ပါသည်
။ ဟိုင်းဝေးလမ်းဆိုသောကြောင့် ကားအစီးရေ သောင်းချီသွားနေကြလို့ သူတို့ထံကစက်ဆီ ၁စက်၂စက်ကျပေမယ့် ကားအရေအတွက်များလာပါက
ဘေးဖြစ်နိုင်မယ့် စက်ဆီချောဆီထုထည်ပမာဏကလည်းများလာနိုင်ပါသည်။
ဒါကြောင့်မို့ ညာခြေတစ်ဖက်တည်းလီဗါတစ်လှည့် ဘရိတ်တစ်လှည့်နင်း မောင်းနေရတဲ့ ခုခေတ်ပေါ်ကားအားလုံးအတွက် ဘရိတ်ကိုအားကိုးမမောင်းရန် အထူးသတိပေးလိုက်ပါသည်။ ကားဘီးသဘောသဘာဝအရ ကားရပ်အောင်ဘရိတ်ဖမ်းသည်ဆိုသော်လည်း ဘရိတ်အမိဆုံးအချိန်နဲ့ကားလိုရာကိုမောင်းနိုင်တဲ့ အ
ခြေအနေဟာ ဘီးလုံးဝဒရွတ်တိုက်ရပ်မသွားခင်အချိန်တဲတဲလေးအထိပဲဆိုတာကိုသာမန်လူအများမသိကြပါ။
ဘီးများဒရွတ်ဆွဲကာရပ်သွားပြီဆိုပါက-ကားလားရာကိုထိန်းနိုင်ဘို့ကွန်ထရိုးများအောက်သွားပါပြီ
ခုခေတ်ကားများကစနစ်မျိုးစုံနဲ့ကာကွယ်ထားတယ်ဆိုသော်လည်း-လူသာပဓါနပါ။

  " Car Hydroplaing  ကားသည်ရေလွှာလျှော-သဘောသဘာဝသို့ရုတ်တရက်ပြောင်းသွားခြင်း"

အခုပြောမည့်အကြောင်းအရာသည် နေပြည်တော် မန္တလေးအမြန်လမ်းတွင် အထူးကြောက်စရာကောင်းပါသည်။ မိုးတွင်းတစ်လျှောက်လုံး နေရာတော်တော်များများတွင်
တွေ့နိုင်ပါသည် အထက်ကတင်ပြခဲ့သော ကားစလစ်သဘောတရားနှင့်ကွဲပြားပါသည်။ ၀ပ်နေသောရေကအဓိကဇာတ်ဆောင်မို့-အထူးလိုက်နာမှတ်သား
စေလိုပါသည်
စက်ဆီချောဆီ လမ်းအညစ်အကြေးရွှံစသည်တို့မပါ
ပေမယ့်လည်း ရေ ဆိုတဲ့သဘောသဘာဝတစ်ခုတည်းကြောင့် Hydro ဆိုသည့်စကားနှင့်သာမှည့်ခေါ်ထားပါသည်။


 Car Hydroplane -ဘာကြောင့်ဖြစ်ရသလဲ ?
(၁)လမ်းပေါ်တင်ကျန်နေသော်ရေထုထည်ပမာဏ one-tenth of an inch (0.3 centimeters) or more ရှိနေတဲ့အခါ
(၂)လမ်းပေါ်တင်ကျန်နေတဲ့ရေထုတည်အလျားအရှည်ပမာဏ-at least 30 feet (9.14 meters ) ရှိနေတဲ့အခါ
(၃)ကားအမြန်နှုန်းကလည်း တစ်နာရီကိုကီလိုမီတာ ၈၀ အထက်မောင်းနေတာနဲ့ကြုံကြိုက်သောအခါ

ဖေါ်ပြပါ အခြေအနေသုံးမျိုးစနစ်တစ်ကျပေါင်းစပ်မိလိုက်ပါက Hydroplane -ဖြစ်သွားနိုင်ပါတယ်။
တာယာအခြေအနေပေါ်လိုက်ပြီးဖြစ်တတ်တဲ့သဘောသဘောဝလည်းမတူနိုင်ပါဘူး။
ကားကမိုးတွင်းမှာလမ်းချော်ပြီးမှောက်သွားမိရင်တိုက်မိရင်ကားစလစ်ဖြစ်သွားလို့ဆိုပြီး မှတ်ယူကြပေမယ့်။
ခုပြောလိုက်တဲ့ဖြစ်စဉ်-၂-ခုထဲကတစ်ခုခုဖြစ်
သွားတာကျိန်းသေပါတယ်။
အထူးမှတ်ထားဖို့ပြောချင်တာက-ကားရေလျှောစီးသွားတာကိုကား
မောင်းသူကိုယ်တိုင်ကအမှတ်တမဲ့မို့သိ တောင်မသိလိုက်မိပါဘူး။ ကားကရေအိုင်ထဲကို ရှေ့ဘီးတစ်ဖက်ပဲကျကျ ၂ဖက်ပဲကျကျ-၄-ဘီးလုံးပြိုင်တူကျကျ ကားတစ်စီးလုံးငြိမ့်ကနဲ မြောက်တက်ကာ ထိန်းချုပ်မှုကို
သွေဖီသွားပါတော့တယ်။ စက္ကန့်ပိုင်းလေးအတွင်းမှာအလေးချိန်ပေါ့ပြီး CG မြင့်တဲ့ကားမျိုးပက်လက်လန်သွားတတ်ပါတယ်-(နမူနာ-အာရဖတ်-Vigo)
လန်
ခရူဇာလိုဘစ်ဟွန်းလိုလေးတဲ့ကားလည်းဖြစ်နိုင်ပါတယ်။ ကုန်ကုန်​​ပြောရရင် အိပ်စ်ပရက်ဘတ်စ်ကြီးများလည်းဖြစ်နိုင်ကြပါတယ် မမှောက်နိုင်ပေမယ့် လမ်းဘေးတစ်ဖက်တစ်ချက်ကတစ်ခုခုနဲ့တိုက်မိနိုင်ပါတယ်။
ခရီးသည်
ကားများကိုမောင်းတဲ့ မော်​​တော်ယာဉ်မှူးကြီးများ အထူးသတိထားပေးပါ။
ခုပြောပြခဲ့တဲ့-အရာများကိုဘယ်လိုကြိုတင်ကာကွယ်ရမလဲဆိုရင်
အရင်ဆုံးလုပ်သင့်တာကတော့ မိုးတွင်းမှာအမြန်နှုန်းကိုလျှော့ချမောင်း
ပေးဖို့ပါပဲ။
လမ်းမှာတင်ကျန်နေတဲ့ရေထုပမာဏ ရေအလျားကို သင်က ကားမောင်းရင်းနဲ့လျှော့ချဖို့ ဆိုတာမဖြစ်နိုင်ပါဘူး။ သင်မလုပ်နိုင်ပါဘူး။ သင်လုပ်နိုင်မှာကတော့ အမြန်နှုန်းကိုလျှော့ချပေးဖို့ပါပဲ။ အထက်ကပြောခဲ့သလို အကြောင်းအရာ ၃ ခုစနစ်တစ်ကျမပေါင်းမိဖို့အရေး
သင်ကသာကားအမြန်နှုန်းကိုပုံသေနည်းထဲမ၀င်အောင် ကိန်းဂဏန်းပြောင်းပေးဖို့ပါပဲ 45Mile/hrထက်မပိုမိစေဖို့ပါ။ အကြောင်းတစ်ခုခုကြောင့်ကားစလစ်ဖြစ်သွားတာကို
သင်သိလိုက်ပါက-အရင်ဆုံးဘရိတ်ကိုအားကုန်နင်း မဖမ်းမိဖို့ရယ်။
Skill နဲ့အတွေ့အကြုံအရ ဂီယာတစ်ချက်ဒေါင်းတတ်ဘို့လိုအပ်ပါတယ်။ ဒါတွေကလည်းအပြောသာလွယ်သလောက် ၁စက္ကန့်အတွင်းမှာလုပ်နိုင်ဘို့-လုပ်တတ်ဖို့ခက်
လှပါတယ်။ သင်ကျိန်းသေပေါက်လုပ်နိုင်မှာက-မိုးရွာပြီဆိုတာနဲ့ အမြန်နှုန်းလျှော့ချဖို့ရယ်။
လမ်းအနေအထား သဘောသဘာဝကိုကြိုတင်သိထားဖို့ရယ်။ ကားတာယာကိုအဆင်ပြေစွာတတ်ဆင်အသုံးပြုထားမှုတို့ကိုတော့သင်ကြိုတင်ကာလုပ်နိုင်ပါတယ်။
ကားကိုပုံသေအမြန်နှုန်းနဲ့မောင်းတဲ့ Cruise Control နဲ့လည်းမိုးရွာထဲမှာမမောင်းသင့်ပါ။
ရေခွဲကောင်းတဲ့ကားတာယာပန်းကိုရွေးချယ်တတ်ရမယ်။ သင့်တင့်တဲ့လေပေါင်အတိုင်းမောင်းရမယ်။
ကားတာယာပန်းဒီဇိုင်းကိုဘီးလည်တဲ့ဘက်လားရာအတိုင်းရှိစေဘို့သတိပြုတတ်ဆင်ပေးရမယ်။ အရင်ကအမှတ်တစ်မဲ့နဲ့မသိလို့ပဲဖြစ်ဖြစ် သိပေမယ့် ထဲထဲဝင်ဝင်မသိသေးလို့ဖြစ်ဖြစ် ခုလိုရေးတေးတေးလောက်ကားစလစ်ဖြစ်တတ်တဲ့သဘောတရားလေးများကိုသိလိုက်ရင်ကားမောင်းမယ့်သူများအတွက် အကျိုးရှိပါပြီ။


အရှိန်နှုန်းကိုလျှော့ချဂရုစိုက်မောင်းကြမယ်ဆိုရင် နေပြည်တော်အမြန်လမ်းမှာ
ထိခိုက်မှုတစ်စုံတစ်ရာများဖြစ်စေဖို့အလားအလာများနဲသထက်နဲလာမယ်လို့လည်း ယုံကြည်မိပါသည်။ ဒါကြောင့်မို့ လက်တွေ့ကြုံတွေ့ခဲ့တဲ့ဗဟုသုတလေးများကိုလည်းစေတနာဗလပွနဲ့ ဝေမျှပေးလိုက်ပါသည်။ 


ကားမိတ်ဆွေများကိုခင်မင်လျက် 
ကိုသက်

---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်

 
Share on Google Plus

0 comments:

Post a Comment