‌နတ်မျက်စိ Chan ● ဆယ်နှစ်လ ရာသီဟောစာတမ်း (24 May မှ May 31 )



Aries ( Mar 21- Apr 19 )
ခုကာလလေးဟာ မိမိရဲ့ စိတ်ကအေးချမ်းနေတတ်ပါတယ်။ မိမိရဲ့ စိတ်တွေပြောင်းလဲခြင်း၊ နေရာထိုင်ခင်းပြောင်းလဲတတ်တယ်။ ကိုယ်ဝါသနာမပါတဲ့ အလုပ်ကို စိတ်ဝင်စားလာလိမ်မယ်။ အိမ်မက်မက်ရင်မှန်နေသလို့၊ ပြောလိုက်တဲ့ စကားတွေ တကယ်ဖြစ်နေတာတွေ ထူးဆန်းသော ခံစားမူတွေဖြစ်ပေါ်လာတတ်တယ်။ တစ်ခုသတိထားရမှာကတော့ အစွဲအလန်းတွေမေ့ထားလိုက်ပါ၊ နောင်တစ်ချိန်မှာ ပြန်လည်ဒုက္ခပေးတတ်တယ်။
အလုပ်အကိုင်
နားလို့မရတဲ့ ကာလလေး တစ်ခုပါ၊အလုပ်ထဲမှာ မကောင်းတာတွေ ပြန်ကြားနေရလို့ စိတ်တိုနေရမယ်၊ ဆုံးဖြတ်ခက်သော ကိစ္စတွေကို ကိုယ်တိုင်စဉ်းစားပြီး လုပ်ပေးပါ။ နိုင်ငံကိစ္စ၊ အာဏာရပ်ပိုင်း ဆိုင်ရာ လုပ်ကိုင်နေသူများ အဖို့ ကောင်းသောအကျိုးကို ခံစားရနိုင်ပါတယ်၊ ကိုယ်ပိုင်အလုပ်ဆို လုပ်ငန်သစ်များ တိုးချဲဖို့ရှိပါတယ်၊ အပြိုင်အဆိုင်တွေနဲ့ တွေ့နေရပါပေမယ်, အပြိုင်အဆိုင်ရှိလေ အောင်မြင်လေ ဖြစ်နေရမည်။
ငွေကြေး
ငွေကိစ္စတွေ စကားပြောနေရလိမ်မည်၊ နည်းနည်းတော့ ငွေသုံးဖို့ ကပ်စေးနည်းနေတတ်တယ်၊ စီးပွားရေး ကောင်းမွန်နိုင်ပါတယ်၊ အခြားသော ငွေဝင်ဖို့အတွက် ရှိပေမယ်၊ လတ်တလောမှာ ငွေနဲ့ ပတ်သတ်ပြီး, သီးခြားဝင်ဖို့အတွက်ကော, အိမ်က မိသားစုနဲ့ အလုပ်လုပ်ပြီး ဝင်ငွေတွေ ဝင်တတ်ပါတယ်။
ကံကောင်းစေသော နံပတ် ၃၆၉
ကံကောင်းစေသော အရောင် အနီရောင်
ကံကောင်းစေသောနေ့ စနေ၊သောကြာ
ပညာရေး
အတတ်ပညာ များကိုလိုက်စားရတာကို အဆင်ပြေသောအချိန်ကာလဖြစ်ပါတယ်။ ရည်မှန်းထားတာတွေကို စနစ်တကျနဲ့ အတွေးစုံနဲ့ ဖြတ်သန်းရသော ကာလဖြစ်ပါတယ်၊ အောင်မြင်နိုင်တယ်ဆိုပေမယ်, အဖျက်ပေါင်းစုံဝင်တတ်ပါတယ်၊ အချစ်နဲ့ ပညာရောထွေးနေတတ်တယ်။ လက်ရှိမှာ နိုင်ငံခြား နဲ့ ပတ်သတ်သော ပညာရပ်မှာ ပြည်စုံအောင်မြင်နိုင်ပါတယ်။ မျှော်မှန်းထားသည်ထက် လက်တွေ့ ပညာရှာပေးရင်တော့ ကောင်းမွန်စွာတတ်လှမ်းနိုင်မည်။
ကျန်းမာရေး
ကျန်းမာရေး ကတော့ အားမရှိသလို့၊ ခါးကိုက်သလိုဖြစ်နေတတ်ပါတယ်၊ လက်ထဲမှာ ကိုင်ထားတာမမြဲတတ်ပါ၊ သွေးအားနည်းတတ်တယ်၊ သတိထားပေးရမှာ ရေလမ်းခရီးကို အထူးရှောင်ကြည့်သင့်ပါတယ်။ တယ်လီဖုန်းပြောရင်း လမ်းသွားရင်း ထိခိုက်တတ်ပါတယ်။နလံထ ဝေဒနာ သည်တွေတော့ ကောင်းမွန်နိုင်ပါတယ်။
အချစ်ရေး
အချစ်ရေးကတော့ သောကများပြီး၊ မိမိချစ်ရတာထက် စိုးရိမ်စရာ တွေများနေတယ်၊ မိသားစုများက မိမိအချစ်ရေးမှာ ဝင်ရောက်တတ်ပါတယ်၊ ချစ်သူက ထားခဲ့မှာကိုဘစိတ်ပူနေတတ်ပြီး၊ တကယ်မျှော်လင့်တာတွေဖြစ်လာဖို့ ဆုတောင်းနေရသော ကာလဖြစ်ပါတယ်၊ ချစ်သူမရှိသူများ EX နဲ့ပြန်အဆက်အသွယ်ရတတ်တယ်၊ အိမ်ထောင်ရေး မှာသာယာနေပါတယ်၊ အိမ်ထောင်ဖက်နဲ့ အလုပ်ကိစ္စတွေကို တိုင်ပင်ရင်တော့ အောင်မြင်နိုင်ပါတယ်။
ယတြာ
မိမိဆွေမျိုးအရင်းအချာထဲမှ သေဆုံးခဲ့သော သူများကို ကုသိုလ် တစ်ခုခုလုပ်ပေးပါ။

************************************
Taurus ( Apr 20- May 20 )
ခုကာလလေးဟာ အားလုံးကို ရှုပ်ထွေးနေတတ်တယ်၊ စိတ်ကလဲ အတွေးနဲ့ဘဲလုပ်ချင်တာတွေများနေသလို့၊ မသိချင်ယောင်ဆောင်နေတာများနေတတ်တယ်၊ ရှေ့တိုးမယ်လုပ်လိုက်နောက်ရောက်သွားလိုက်, တစ်ခုကတော့ ရှေ့ဆက်ဖို့ ဆင်ခြင်တွေပေးမယ်အစား၊ အမှန်တကယ် ပုံဖော်ဆောင်ရွက်ပေးမယ်ဆိုရင်အောင်မြင်နိုင်ပါတယ်၊
အလုပ်အကိုင်
ကောင်းမွန်တဲ့ အနာဂတ်လေးကို ပုံဖော်ပေးရပါမယ်၊ အလုပ်ထဲမှာ စိတ်တော့အတော်ရောက်နေတတ်တယ်၊ စကားတစ်ခုကို ရင်ထဲမှာထားနေတတ်တယ်၊ အပြိုင်အဆိုင်များနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီးမှ အောင်မြင်တတ်တယ်၊ လက်ရှိထက် အနာဂတ်ကိုမျော်မှန်းပြီး အလုပ်လုပ်ပေးပါ၊ ကိုယ်ပိုင် စီးပွားရေးလုပ်သူများအတွက် အောင်မြင်တဲ့ အနာဂတ်ကိုပိုင်ဆိုင်ရအုံးမယ်၊ အရာရာအားလုံးကို မိမိကိုယ်တိုင် လုပ်ဆောင်ပေးပါ၊
ငွေကြေး
ငွေကြေးတွေ ကံကောင်းတတ်ပါတယ်။ ပြန်မရတော့တဲ့ ငွေတွေပြန်ဝင်တတ်တယ်၊ ငွေတွေရရင် ဘယ်လိုသုံးရမလဲဆိုတာ စဉ်းစားနေတတ်တယ်၊ လက်တလောမှာတော့ ငွေတွေကို Ph ဘေတွေထဲကုန်နေတတ်သလို၊ ဗီဒီယိုကြည့်ခြင်း၊ စိတ်အပျော်အပါး များခြင်းကြောင့် ကုန်နေတတ်တာပါတယ်၊ အိမ်ထောင်ရှင်များ ငွေအပ်ဖို့ လက်နှေးနေတတ်ပါတယ်၊ ငွေကိစ္စအတွက် ကြားဝင်ခြင်းများ, အာမခံလက်မှတ်ထိုးခြင်းများကိုတော့ အထူးရှောင်ကြည့်သင့်ပါတယ်။
ကံကောင်းသော နံပတ် ၈၊၀၊၃
ကံကောင်းသော အရောင် အဖြူရောင်
ကံကောင်းသော နေ့ စနေ
ပညာရေး
ကံတွေတက်နေပါတယ်၊ လုပ်သင့်တာတွေကို မရပ်နားသင်ဘူး၊ ပညာအတွက် အတတ်ပညာနောက်ထပ်တစ်ခု ရှိနေသလို့၊ သင်ကြားပေးမယ်သူတွေက လက်တစ်ကမ်းမှာရှိနေပါတယ်, ပျင်းနေတတ်တယ်, ပညာရေး မှာတော့ ပြည်ပအတတ်ပညာများ၊ စိုက်ပျိုးမွေးမူရေးမှာ အောင်မြင်နေတတ်ပါတယ်၊ သင်လက်စရှိနေသော အတတ်ပညာမှာတတ်ကျွမ်းလွန်းလို့ သူများတွေကတောင် ဆရာတင်နေကြပါတယ်၊
ကျန်းမာရေး
ကျန်းမာရေး အတွက် နှလုံးအားနည်းနေတတ်တယ်၊ ဂရုစိုက်ပေးပါ ။ မိမိကြောင့်သာမဟုတ် သူများတွေကိုပါပြုစုပေးနေရတတ်တယ်။ သတိထားပေးရမှာက နှလုံးရောဂါ အခံရှိနေသူများပါ၊ မီးနဲ့ လျှပ်စစ်ကို သတိထားကိုင်တွယ်ပေးပါ။
အချစ်ရေး
ကောင်းမွန်တဲ့ အချစ်ရေး တွေဖြစ်ပေါ်လာမည်၊ အိမ်တွင်းအိမ်ပြင်ကောင်းနေပါတယ်၊ နှစ်ဦးထက်ပိုသော မေတ္တာများနဲ့ တွေကြုံရပါအုံးမည်။ အချစ်ရေးမှာ မနာလိုသူများ၊ သဝန်တိုမှုများတွေ့ကြုံရမည်၊ ချစ်သူရဲ့ သဝန်တိုခြင်းများခံစားရမည်၊ အိမ်ထောင်ရေး အတွက် ခလေးအတွက်နဲ့ အချိန်ကုန်နေတတ်သလို့၊ မိန်းမရဲ့ ချစ်ခင်ခံရနေတတ်ပါတယ်၊ ချစ်သူ မရှိသေးသူများ ,Crush ကြောင့်မျက်ရည်ကျနေရပါတယ်၊
ယတြာ
မှန်တစ်ချပ်ထောင်ပြီး၊ မှန်ရှေ့ကို ရေခွက်ချကာ, ညနေမှာ အဲ့ရေနဲ့ မျက်နှာသစ်ကာ လိုရာဆိုကိုတောင်းပါ။

************************************
Gemini ( May 21- Jun 20 )
ခုကာလလေးမှာ ရှိနေကြသူတွေဟာ, နွေရာသီလို့ဘဲ ပူပြင်းသလို့ ခံစားမှုတွေကလည်း၊ တစ်ခုပြီးတစ်ခုဖြစ်ပေါ်နေတတ်ပါတယ်၊ အရမ်းဖြစ်ချင်စိတ်များမယ်၊ အလုပ်တွေကို ပြီးစီးအောင်လုပ်ဖို့ သူများတွေအားကိုနေမယ်၊ ဒီနေ့အတွက်ကို အချိန်စွဲနေတတ်တယ်၊ တစ်ခုရှိတာက အိမ်ထဲမှာ မနေချင်ဘဲ၊ လမ်းများချင်နေတယ်၊ အရက်၊ ဘီယာများ အရမ်းသောက်သုံးခြင်းများကို ရှောင်ကြည်၍ နေပေးပါ၊
အလုပ်အကိုင်
အလုပ်အကိုင်အတွက် အလုပ်ထွက်ချင်စိတ်များနေမည်၊
အလုပ်မှာ အဆင်ပြေမလိုနဲ့, မပြေတာတွေဖြစ်လာတတ်ပါတယ်၊ အခုအချိန်မှာ ကိုယ်အတွက်အကျိုးရှိသော အလုပ်အကိုင်များကို ရှာဖွေရန်ကောင်းမွန်ပါတယ်၊ ကိုယ်အလုပ်ရှိသူများ နောက်ထပ်,လုပ်ငန်းသစ်ကို ခြေသစ်များရရှိနေသောကာလဖြစ်ပါတယ်။ ယှဉ်ပြိုင်မှုများအားကောင်းသောကာလဖြစ်တယ်၊
ငွေကြေး
ငွေတွေက ဝင်နေသော်လည်း၊ သူများကိစ္စအိမ်ကိစ္စများနဲ့ ငွေကုန်ကြေးကျ များမည်၊ ဝင်ငွေတိုးဖို့ရှိနေပါတယ်၊ အလုပ်အကိုင်တွေကော, တခြားကိစ္စတွေမှာငွေဝင်နေတတ်တယ်၊ ငွေကိစ္စနဲ့ ပတ်သတ်ပြီး ရန်များနေတတ်ပါတယ်၊ မနာလိုသူပေါများနေတတ်တယ်၊
ကံကောင်းသော နံပတ်၂,၄,၉
ကံကောင်းသော အရောင် အဖြူရောင်
ကံကောင်းသော နေ့ရက် စနေ၊ တနင်္ဂနွေ
ပညာရေး
ပညာအတွက် ကောင်းမွန်သောကာလဖြစ်ပါတယ်၊ နိုင်ငံခြားသို့ ပညာတော်သင်သွားရန်အကောင်းဆုံးကာလဖြစ်ပါတယ်၊ အခုချိန်မှာ စာမေးပွဲ ကိစ္စတွေခေါင်းထဲရောက်နေတတ်ပါတယ်၊ စာမေးပွဲ အတွက် စိတ်ပူစရာများနေပါတယ်၊ ပညာရေးအတွက် ကောင်းမွန်တယ်ဆိုပေမယ်၊ စိတ်တွေမပါဘဲ ပညာရှာနေရတတ်တယ်၊ ရာထူးတိုး စာမေးပွဲဖြေရန်အကောင်းဆုံးဖြစ်ပါတယ်။
ကျန်းမာရေး
အခုကာလဟာ အစားအသောက်နဲ့ပတ်သတ်ပြီး သတိပြုပေးရမည်ကာလဖြစ်ပါတယ်။ အစားမတော်တစ်လုပ်,အသွားမတော် တစ်လှမ်းဖြစ်တာကြောင့်၊ တွေတာနဲ့ လမ်းဘေးဆိုင်တွေမှာ မထိုင်မိရန်အကောင်းဆုံးဖြစ်ပါတယ်၊ နှလုံးအားနည်းတတ်သလို့၊ ခဏခဏ အားနည်းတတ်တာကို ဂရှစိုက်ပေးပါ။
အချစ်ရေး
စန်းပွင့်သောကာလဖြစ်သလို၊ လုပ်သမျှကောင်းမွန်နေတတ်ပါတယ်၊ ချစ်သူအသစ်တွေ့မယ်၊ ချစ်သူနဲ့ ရန်ဖြစ်စကားများနေတတ်ပါတယ်၊ ချစ်သူကိုလဲ စိတ်ပူနေတတ်ပါတယ်၊ အိမ်ထောင်ရေး အနေနဲ့ ခလေးရနိုင်ပါတယ်၊ ချစ်သူမရှိသေးသူများ ချစ်သူအသစ်တွေ့နိုင်ပါတယ်။
ယတြာ
ထိုးမုန့် ကို ဘုရားကပ်ဆုတောင်းပေးပါ။

*******************************
Cancer ( Jun 21- Jul 22 )
ခုကာလလေးဟာ အကောင်းဘဲပြောမလား၊ အဆိုးဘဲပြောမလား၊ ဖြစ်လိုက်ပျက်လိုက်နဲ့ ရင်မောစရာတွေများနေပါတယ်၊ လက်ရှိဖြစ်ပျက်နေတာတွေက အထူးအဆန်းတွေဖြစ်ပေါ်နေမည်၊ ကိုယ်ဘဝအတွက် မေ့မရသောနေ့များစွာနဲ့ ကြုံတွေ့ရသော ကာလဖြစ်ပါတယ်၊ လက်ရှိဘဝထက် ကောင်းသောအရာတွေနဲ့ တွေကြုံနိုင်သလို့၊ စိတ်တွေ ကလဲ ပြောင်းလဲတတ်လာမည်၊
အလုပ်အကိုင်
ငွေကြေးထက် အခွင့်အလမ်းကို ဦးစားပေးပါ၊ အခုချိန်မှာ အလုပ်နဲ့ ပတ်သက်တာတွေကို ခေါင်းထဲထည့်ထားပေးပါ၊ အမျိုးသမီး တစ်ယောက်စီမှ အကူအညီ ရတတ်တယ်၊ ယှဉ်ပြိုင်မှုများနဲ့ တွေ့ကြုံရသော်လည်း အောင်မြင်နိုင်ပါတယ်၊ ဆုံးဖြတ်ချက်များကို ကိုယ်တိုင်ဖြေရှင်းပေးပါ၊ အလုပ်မှာ ခွင်ယူချင်စိတ်တွေဖြစ်ပေါ်နေမည်၊ လက်တွေ့ဘဝထက်မြင့်မားသော စွမ်းရည်ပြည်လာတာကိုတွေ့မြင်ခံစားရပါမည်၊
ငွေကြေး
ငွေတွေက အခြားကိစ္စ၊ မိသားစုရေးရာများနဲ့ ကုန်ကြနေတတ်ပါတယ်၊ စိတ်ထဲမှာ ငွေသုံးချင်စိတ်မရှိပေမယ်၊ ငွေတွေက အကြောင်းမရှိ အကြောင်းရှာထွက်နေရမည်၊ လူမှုရေး ကိစ္စအတွက် ငွေကုန်နိုင်တယ်၊ ကိုယ်လိုချင်သော အရာများကို ဝယ်ဖို့ကပ်စေးနည်းနေတတ်ပါတယ်၊
အခုချိန်မှာ ငွေနဲ့ ပတ်သတ်ပြီး စကားပြောစရာများ တစ်ခုပြီးတစ်ခုဖြစ်ပေါ်နေတတ်တယ်၊
ကံကောင်းသော နံပတ် ၃၅၉
ကံကောင်းသော အရောင် အနက်ရောင်
ကံကောင်းသော နေ့ရက် သောကြာ
ပညာရေး
လေ့လာလိုက်စားမှုများ အားကောင်းသောကာလဖြစ်တယ်၊ တစ်နေ့လုံး ပညာရေးကော၊ သင်တန်းများနဲ့ စိတ်များနေရမယ်၊ စာမေးပွဲအောင်နိုင်ကိန်းရှိပါတယ်၊ လတ်တလော စာကိစ္စတွေကော အခြားကိစ္စများနဲ့ တွေ့ကြုံရမည်။ ပညာရေး အတွက်ကောင်းမွန်သောကာလ ဖြစ်တာကြောင့် ဘာဘဲလုပ်လုပ် အဆင်ပြေနေမည်၊
ကျန်းမာရေး
သတိထားပြီးနေရမည်၊ တစ်ယောက်တည်း အထီးကျန် သလိုလို ဖြစ်နေမည်။ ဦးခေါင်းထိခိုက်တတ်တယ်၊ အတွေးပေါင်းစုံရောက်လာပြီး ညပိုင်းအိပ်မရနိုင်ဖြစ်တတ်ပါတယ်၊ သရဲခြောက်သလိုလိုနဲ့ အတွေးတွေခြောက်လှန်နေရသော ကာလဖြစ်ပါတယ်၊
အချစ်ရေး
ကံတွေမကောင်းပါ၊ အလွန်အမင်း စိတ်ပျက်စရာ များတွေကြုံရမည်၊ ကောင်းနေရာကနေ ပြတ်သွားတတ်တယ်၊ ချစ်သူက သူစိမ်းတစ်ယောက်လိုဖြစ်နေတတ်တယ်၊ အိမ်ထောင်ရှင်များ စိတ်ညစ်စရာ တွေရှိနေတတ်တယ်၊ အထူးသဖြင့် ကိုယ်ဝန်ဆောင် သတိထားပေးရမည်၊ ချစ်သူမရှိသေးသူများ အသစ်မရှာသင့်ပါ, အဖြေမပေးသင့်ပါ ။ သစ္စာမဲ့ခြင်းများ ခံစားရမည်။
ယတြာ
စွယ်တော်ရွက်ကို မိမိနာမည်ရေးပြီး၊ ဖယောင်းတိုင်အဝါရောင် တင်ပြီးထွန်းကာ လိုရာဆုကိုတောင်းပါ။

********************************
Leo ( Jun 23- Aug 22 )
ခုချိန်မှာ ဝေခွဲလို့မရသော ကိစ္စ၊ မိမိက တစ်ပါးသူကို ကူညီပေးရင်း,တိုင်ပတ်သတ်သော ကိစ္စဖြစ်နေတတ်ပါတယ်၊ လက်လွန်ပြီးမှ ပြန်လိုချင်နေသော ကိစ္စတွေအစုံစုံဖြစ်နေတတ်ပါတယ်၊ ဒါကြောင့် ကောင်းသောအရာနဲ့ တွေကြုံရသည်ဖြစ်စေ,မကောင်းသော အရာနှင့်တွေကြုံရသည်ဖြစ်စေ ဥာဏ်ပညာကို အသုံးချ၍ တည်ငြိမ်ရင့်ကျက်မှုဖြင့် ကျော်လွှားနိုင်မည်။ သူများ၏အခက်အခဲများကို ကူညီဖြေရှင်းနိုင်မည်။ တစ်ခာံတစ်ရံကြောက်စိတ်ဝင်နေမည်, လုပ်သာလုပ်လို့ အကြံပေးပါရစေ။
အလုပ်အကိုင်
အရာရာအားလုံး မိမိကိုယ်တိုင်လုပ်ဆောင်ခြင်းဖြင့် အောင်မြင်မှုပန်းတိုင်ရောက်မည်၊ လုပ်ငန်းရှင်များ လုပ်ငန်းသစ်များ ချမှတ်ရင်တော့ အကောင်းဆုံးပါ။ အလုပ်ထဲမှာ စိတ်ပူစရာတွေရှိနေပေမယ်၊ အကောင်းဆုံးလုပ်သွားဖို့ချီးကျုး ခံနေရတတ်တယ်၊ စိတ်တွေက တော့ ခလေးလေးလိုဖြစ်နေတတ်ပါတယ်၊ အလုပ်ထဲမှ ကြားခွင့် ပိုက်ဆံရတတ်ပါတယ်၊ အပြိုင်အဆိုင်ရှိနေတတ်ပါတယ်၊ အပြောင်းအလဲရှိပေမယ်, ကောင်းတတ်ပါတယ်၊ သတိထားပေးရမှာ လူကြီးတွေနဲ့ စကားငြင်းခုန်နေရတတ်ပါတယ်၊
ငွေကြေး
မျှော်လင့်တာထက်ငွေတွေ ဝင်လာတတ်ပါတယ်၊ ငွေကဝင်ပေမယ် အထွက်ကြမ်းနေတတ်ပါတယ်၊ အကြွေးကိစ္စပြေလည်တတ်တယ်၊ ငွေကြေးအတွက် ငြင်းခုန်ရတတ်တယ်၊ အိမ်မှာတစ်ယောက်တည်းငွေတွေသုံးနေတတ်တယ်၊ ကပ်စေနည်းနေပေမယ်, တစ်ကယ်ငွေသုံးရင် သူများတွေတောင် အံ့သြပြီး ဖြစ်နေတတ်တယ်၊ အစစအရာရာ ဂရှစိုက်ပါ၊ ငွေကြေးကိစ္စကို ကြိုတင်ယူပြီး လုပ်ဆောင်ခြင်းကို ရှောင်ကြည်၍ နေပေးပါ။
ကံကောင်းသော နံပတ် ၁၄၈
ကံကောင်းသော အရောင် အနီရောင်
ကံကောင်းသော နေရက် အင်္ဂါ
ပညာရေး
ပညာရေးကတော့ စိတ်များနေတတ်သလို၊ မိသားစု ကိစ္စ ၊ အချစ်ရေး၊ လူမှုရေးတွေမှာ ဝင်ရောက်နေတတ်တာကြောင့် စိတ်ရှုပ်စရာများနဲ့ တွေကြုံနေရတတ်ပါတယ်၊အထူးဂရှစိုက်ရမည်၊ စာမေးပွဲဖြေနေရင်းက ရပ်တန့်နေရတတ်တယ်၊ ဘာသာရပ်တစ်ခုအား ခက်ခဲစွာဖြေဆိုရမည်၊ ဘာဘဲဖြစ်ဖြစ် အားနည်းနေတတ်တာတွေများစွာရှိတာကြောင့် ပြသနာကို အဆိုးထဲမှ အကောင်းဆုံးလုပ်ပေူပါ။
ကျန်းမာရေး
သတိထားပြီးနေရမည်၊ တစ်ယောက်တည်း အထီးကျန် သလိုလို ဖြစ်နေမည်။ ဦးခေါင်းထိခိုက်တတ်တယ်၊ အတွေးပေါင်းစုံရောက်လာပြီး ညပိုင်းအိပ်မရနိုင်ဖြစ်တတ်ပါတယ်၊ သရဲခြောက်သလိုလိုနဲ့ အတွေးတွေခြောက်လှန်နေရသော ကာလဖြစ်ပါတယ်၊
အချစ်ရေး
အလွန်အမင်း စိတ်ရှုပ်စရာများနဲ့ တွေကြုံနေရတယ်၊ စဉ်းစားပေမယ် အဖြေရှာလို့မရတဲ့ အချစ်ရေးတွေနဲ့ တွေကြုံနေရတတ်တယ်၊ တစ်ခုသတိထားပေးရမှာက သူများအချစ်ရေး ကြားဝင်ပြီး မဖြေရှင်းပါနဲ့, ပြသနာတက်နိုင်တယ်၊်ချစ်ရေးမှာ တစ်ဦးထက်ပိုသော မေတ္တာများတွေ့ကြုံနေသလို၊ စိတ်ကူးများနဲ့သာပြည်စုံတဲ့ အချစ်ရေးပါ၊ အိမ်ထောင်ရှင်များက တော့ ခဏခဏ ရန်ဖြစ်စကားများစကားများတွေ၊ တခြားကိစ္စလေးတွေရှိတတ်တာကိုတွေနေရပါတယ်၊ ချစ်သူမရှိသူများ သင်တန်း(သို့ )ကျောင်းတက်ရင်း Crush နဲ့ တွေ့ဆုံရဖို့ရှိတယ်၊
ယတြာ 
သရက်ပင်ရဲ့ အမြင့်တစ်နေရာမှာ ဌက်အိမ်လေး ကိုချွတ်ဆွဲထားပေးပါ၊

**********************************
Virgo ( Aug 23- Sep 22 )
ခုကာလလေးဟာ ပြောင်းလဲခြင်းတွေကြုံရအုံးမည်၊ စိတ်ထွက်ပေါက်ကို တစ်ယောက်တည်းရှာဖွေနေရမည်၊ ပြောင်းလဲခြင်းများကြုံတွေရပြီး အောင်မြင်မှုများရရှိနိုင်ပါတယ်။အလုပ်ပြောင်းခြင်း၊အိုးအိမ်ပြောင်းလဲနေတတ်ပါတယ်၊ လက်ရှိ အချိန်ဇယားတွေထက်ပိုလို တောင်လုပ်ကိုင်နေရပါမယ်၊ သတိထားပေးရမှာက မီး၊ လျှပ်စစ်နဲ့ အခြားလောင်ကျွမ်းစေသော ပစ္စည်းများကို ကိုင်တွယ်ခြင်းကို သတိပြုပေးရမည်၊
အလုပ်အကိုင်
စိတ်ညစ်စရာများ ရှိနေတတ်ပါတယ်၊ အလုပ်ထဲမှာ ချောက်ခြတတ်သူများနဲ့ တွေ့ကြုံရတတ်တယ်၊ ကိုယ်မဟုတ်တဲ့ ကိစ္စနဲ့ စွတ်ဆွဲပြောဆို ခံရနိုင်တယ်၊ မနာလိုသူများ အထင်သေးသူများနဲ့ တွေကြုံရမည်၊ တစ်ခုသတိထားပေးရမှာက ထိပ်တိုင်ရင်ဆိုင်ခြင်းမှ ရှောင်ကြည်၍ နေပေးပါ။ လုပ်ငန်းကိစ္စတိုးတက်မှုနှေးကွေးသော ကာလဖြစ်ပါတယ်၊ မိမိဖြစ်ချင်တာနဲ့ လက်တွေ့ ကွာခြားနေတာကိုတွေ့မြင်ရပါမည်။
ငွေကြေး
ငွေကုန်ကြေးကျ များမည်၊ ဘာမှအလုပ်မဟုတ်တာတွေကို ငွေကုန်ခံနေမည်၊ ယစ်မူးခြင်းများနဲ့ ငွေကုန်နေတတ်တယ်၊ ရှိတာနဲ့ မလုံလောက်လို့ သူများဆီကတောင်ငွေတွေချေးနေရတတ်တယ်၊ အရက်မူး၍သော်လည်းကောင်း၊ ဘီယာမူး၍သော်လည်းကောင်း သတိထားရမည်, ငွေပျောက်တတ်တယ်၊ စုပေမယ် သုံးချင်များနေမည်၊ အခုကာလလေးမှာ အာမခံခြင်းမှ ရှောင်ကြည်ပါ။
ကံကောင်းစေသော နံပတ် ၁၆၈
ကံကောင်းသော အရောင် အစိမ်းရောင်
ကံကောင်းသောနေ့ရက် စနေ
ပညာရေး
ကံကောင်းနေတယ်၊ တစ်ခုရှိတာ ကျောင်းပြေးချင်စိတ်တွေဖြစ်နေပါတယ်၊ စာမေးပွဲ ကို သေချာကျက်ပေးပါ၊ တခြား နည်းလမ်းနဲ့ လုပ်ရင်တော့ မအောင်မြင်တတ်ပါ၊ ဖြတ်လမ်းနည်းနဲ့တော့ အလွယ်တကူလိုက်ချင်နေတဲ့ စိတ်ဖြစ်ပေါ်နေမည်၊ စိန်ခေါ်မှုများရင်ဆိုင်နေရသော ကာလဖြစ်တယ်၊ အိမ်ကျပ် ထွက်ခက်သောကာလဖြစ်တယ်၊ ပညာအတွက် ရင်ခုန်စရာများရှိနေသလို့, ကိုယ်မျှော်မှန်းတာထက် အတွက်ခက်နေတတ်တယ်၊ ဟိုတယ် အတတ်ပညာ ၊ အသက်မွေးဝမ်းကျောင်း ပတ်သတ်တာတွေ လေ့လာလိုက်စားရင်တော့ အောင်မြင်နိုင်ပါတယ်၊
ကျန်းမာရေး
အညံ့ရှိတယ်၊ သွေးတိုး၊နှလုံးအောင့်ခြင်းများ ခံစားရတတ်ပါတယ်၊ စိတ်ထဲမှာ တွေးထားတာတွေ အလွယ်တကူ မေ့နေတတ်ပါတယ်၊ ပြောပြီးစကားများကိုလဲ မေ့နေတတ်တယ်၊ အလွယ်တကူ စားလို့ရတဲ့ အစားအစာများကိုရှောင်ပေးပါ၊ အလုပ်ပိနေတာကော၊ ပင်ပန်းတာကော ရှတ်တရက် ဖျားတတ်တယ်၊
အချစ်ရေး
အချစ်အတွက် အရမ်းချစ်ရသူကို အသေလိုက်နေရသော ကာလဖြစ်တယ်၊ တစ်ခုရှိတာက မိန်းခလေးများ ချစ်သူကိုတောင်ဖွင့်ပြောနိုင်တဲ့ သတ္တိရှိနေတတ်တယ်၊ EX ကြီးများနဲ့ အဆက်တွေပြန်ရတတ်တယ်၊ အချစ်ရေးရာမှာတောင်သူများက အားကိုးနေတတ်တယ်၊ အချစ်မှာ ဆရာကြီးလုပ်ချင်စိတ်များဖြစ်ပေါ်နေမည်၊ ချစ်သူမရှိသေးသူများ ချစ်ခွင့်ပန်သူများပေါများနေမည်၊ အိမ်ထောင်ရေး ကတော့ အလုပ်တွေများနေတတ်သလို့, အိမ်ထောင်ရှင် ယောက်ကျားက မိန်းမကို သဝန်တိုနေတတ်တယ်၊
ယတြာ
ဗလာစာအုပ် ကိုးအုပ်ကို ကျောင်းတက်နေသောခလေးလှူတန်းပေးပါ။

******************************
Libra ( Sep 23- Oct 22 )
ခုကာလဟာ ခက်ခဲကြမ်းတမ်း ရုန်းရင်ဆန်ခတ်သော ဘဝနဲ့တွေကြုံရနိုင်မည်။ ဘာလုပ်လုပ်အရွေးရခက်သော ပြသနာ၊ ကိစ္စများနဲ့တွေကြုံရတတ်တယ်၊ စိတ်ကယုံကြည့်စိတ်ရှိပေမယ်, ပတ်ဝန်းကျင် သူငယ်ချင်းများက မယုံကြည်ကြဘဲဖြစ်နေမည်။ မေတ္တာရေးများကို သူတစ်ပါးတားဆီးနှောက်ယှက်တတ်တယ်၊ ကိုယ်တိုင်မတွေ့ရဘဲ သူတစ်ပါးကိစ္စတွေမှာ ဝင်ရောက်ခြင်းမှ ရှောင်ကြည်၍ နေပေးပါ။
အလုပ်အကိုင်
အခုချိန်မှာ ရန်သူများ ဝိုင်းခံနေရသလို့၊ ကိုယ်အလုပ်လုပ်နေရင်းနဲ့ပင် အလုပ်မှ ထွက်ရလောက်သည်အထိဖြစ်နိုင်တာကြောင့် သတိရှိပေးပါ။ သူတစ်ပါး ချောက်ချတတ်တယ်၊ စာရွက်စာတမ်း များကို ကြားဝင်အာမခံခြင်းများ မလုပ်မိစေရန် အထူးအရေးကြီးပါတယ်၊ လုပ်ငန်းရှင်များအနေနဲ့ လူယုံကတောင် လိမ်ညာတတ်တယ်၊ အခုကာလဟာ အလုပ်အတွက်စိတ်ပျက်နေတတ်တယ်၊
ငွေကြေး
ငွေတွေဝင်ပေမယ်၊ သတိပြုပေးစေချင်တယ်၊ ရတတ်တယ်ဆိုပေမယ်၊ တစ်ပားသူကိုငွေမချေးမိပါစေနဲ့။ ငွေက လက်ထဲမြဲနေတတ်ပါတယ်၊ ငွေစုချင်စိတ်များဖြစ်ပေါ်နေမည်၊ ငွေကြေးကံကောင်းတတ်ပါတယ်၊ ထီထိုးရန် အကောင်းဆုံး ဖြစ်တယ်၊ ပြန်မရတော့ဘူးဟု ထင်သောငွေများ ပြန်လည်ရရှိတတ်ပါတယ်။
ကံကောင်း သောနံပတ် ၂၅၈
ကံကောင်းသော အရောင် အနီရောင်.
ကံကောင်းသော နေ့ရက် တနင်္ဂနွေနေ့
ပညာရေး
ပညာရေးအတွက်လေ့လာမှုအားကောင်းသော ကာလဖြစ်သည်။ စာရင်းအင်း၊ ဥပဒေ၊ အုပ်ချုပ်ရေး ပညာ လေ့လာသူများ အထူးကောင်းမွန်ပါတယ်။ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးပါ။ ပညာရေး ကကြိုးစားသလောက်အောင်မြင်မည်၊ ဒါပေမယ် လတ်တလော ပညာကို မာနထားပြီး တစ်ပါးသူကို ဆရာလုပ်ချင်စိတ်တွေပြင်းပြနေပါတယ်။
ကျန်းမာရေး
ကျန်းမာရေး အညံ့မရှိသော်လည်း၊ တစ်ပါးသူကို ပြုစုပေးနေရတတ်တယ်၊ အိမ်ရှိလူများကြောင့် စိတ်ညစ်တတ်တယ်။ ချောင်းဆိုးတတ်တယ်။ မော်တော်ယာဉ် ၊ ကားမောင်းခြင်းများကို သတိရှိပါစေ။ သွေးအားနည်းတတ်တယ်။ သရေစာတွေစားချင်စိတ်တွေဖြစ်ပေါ်နေတတ်တယ်။
အချစ်ရေး
အချစ်ရေးမှာ လက်တွေ့ ထက် စဉ်းစားရခက်နေတတ်တယ်။ ဝေးကွာနေသော ချစ်သူနဲ့ပြန်လည်ဆုံတွေ့ရမည်။ ချစ်သူတွေကြားထဲ ဝင်ရောက်ကာ ပြေလည်အောင်ဖြေရှင်းပေနေရမည်။ချစ်သူကို စိတ်ကပြောချင်ပေမယ် ပြောမထွက်ဘဲဖြစ်နေတတ်တယ်။ အချစ်ရေး မှာတွေဝေနေတတ်သလို့ ၊ မေ့နေသောချစ်သူကို တွေးတောနေတတ်တယ်။ အိမ်ထောင်ရေး သာယာမည်။ ချစ်သူမရှိသူများ EXနဲ့ ချစ်ခင်စုံမက်နိုင်တယ်။
ယတြာ
အိမ်ရှိ သတင်းစာ စက္ကူ ကိုလုံးချေပြီး မီးရိုလိုက်ပါ။

********************************
Scorpio ( Oct 23- Nov 21 )
ခုကာလဟာ ခက်ခဲကြမ်းတမ်း ရုန်းရင်ဆန်ခတ်သော ဘဝနဲ့တွေကြုံရနိုင်မည်။ ဘာလုပ်လုပ်အရွေးရခက်သော ပြသနာ၊ ကိစ္စများနဲ့တွေကြုံရတတ်တယ်၊ စိတ်ကယုံကြည့်စိတ်ရှိပေမယ်, ပတ်ဝန်းကျင် သူငယ်ချင်းများက မယုံကြည်ကြဘဲဖြစ်နေမည်။ မေတ္တာရေးများကို သူတစ်ပါးတားဆီးနှောက်ယှက်တတ်တယ်၊ ကိုယ်တိုင်မတွေ့ရဘဲ သူတစ်ပါးကိစ္စတွေမှာ ဝင်ရောက်ခြင်းမှ ရှောင်ကြည်၍ နေပေးပါ။
အလုပ်အကိုင်
ထူးထူးခြားခြား အပြောင်းအလဲများစွာရှိနေတတ်ပါတယ်။ အဟန့်အတား ရှိနေသလို့၊ အလုပ်အတွက်လိုအပ်ချက်တွေ ရှိနေတာကိုတော့ သတိပြုပေးပါ။ ကောင်းတာတွေတိုးတက်နိုင်တယ်။ သတိပြုပေးရမှာက အလုပ်မှာ ဒေါသထွက်ခြင်းမှ ရှောင်ကြည်၍ နေပေးပါ။ လုပ်လက်စများကို မပြီးမပြတ်နိုင်ဘဲ၊ စဉ်းစားရ ခက်နေတတ်ပါတယ်။ လူမျိုးခြားများနဲ့ အကျိုးပေးနိုင်တယ်။
ငွေကြေး
ငွေကြေးကိစ္စအတွက် စကားပြောစရာများနေလိမ်မည်။ အရေးပေါ်ငွေလိုတတ်တာကြောင့် သတိပြုသုံးစွဲပေးပါ။ မူးယစ်ဆေးဝါး၊ ယစ်မူးစေသော အရာများနဲ့ ငွေကုန်ကြေးကျ များနေတတ်တယ်။ တစ်ယောက်ယောက်က ငွေလာချေးရင်တောင့် မချေးမိအောင် နေပေးပါ၊ အရေးပေါ်ငွေလိုတတ်တယ်။ ငွေကြေးအတွက် သေချာစုထားရင်းနဲ့ စာရင်းမှားတာတွေတွေးတော့နေတတ်ပါတယ်။
ကံကောင်းစေသော နံပတ် ၂၆၉
ကံကောင်းသော အရောင် အစိမ်းရောင်
ကံကောင်း စေသောနေ့ ဗုဒ္ဓဟူး 
ပညာရေး
စိတ်လေနေသော ကာလဖြစ်တာကြောင့် ပညာဘက်စိတ်မပါဘဲ ဖြစ်နေတတ်ပါတယ်။ စာမေးပွဲ ဖြေဆိုမယ်ဆိုရင် အညံ့တွေများနေတာကြောင့် သတိထားပေးပါ။ လက်ရှိပညာရေးကို အားလို့အားမရ ဖြစ်နေတယ်၊ တခြားအာရှံတွေကြောင့် စိတ်ကလဲ ဘာမှမလုပ်ချင်အောင် ဗျာများနေတတ်ပါတယ်၊ အားလုံးခြုံလိုက်ရင်တော့ ဝေခွဲမရတာတွေကို လျော့သင့်ပါတယ်။
ကျန်းမာရေး
အညံ့ရှိနေတတ်တယ်၊ ဦးခေါင်းပိုင်းဆိုင်ရာ သတိပြုပေးပါ။ မေ့နေတတ်သလို့၊ ပြောနေတဲ့ စကားကိုတောင် သူများကို ပြန်မေးနေရတတ်တယ်လေ။ အနေအထိုင်က အစားအသောက် ဆင်ခြင်သင့်သော ကာလဖြစ်ပါတယ်။ သွားနာ၊ ခွဲစိတ်ခံရကိန်းရှိပါတယ်။ နာရေးအိမ်သွားခြင်းမှ ရှောင်ကြည်၍ နေပေးပါ။
အချစ်ရေး
ရပ်ဝေးမှ ချစ်သူ စာ၊လူ၊ ပစ္စည်းများ လက်ခံရရှိမည်။ ချစ်သူအပေါ် စိုးရိမ်စိတ်တွေကြီးနေတတ်သလို၊ စကားခဏခဏ များနေတတ်တယ်။ အချစ်ရေး မှာစန်းပွင့်နေသလို၊ ကိုယ်ရဲ့ Crush ကတောင် ချစ်ခွင့်ပန်ခံရတတ်တယ်။ သတိပြုပေးရမှာက အချစ်နဲ့ အလုပ်ရောထွေးနေတတ်တယ်။ ချစ်သူမရှိသူများ ချစ်သူရနိုင်တယ်။ အိမ်ထောင်ရေး ကတော့ အိမ်အပြောင်းလဲဖြစ်တတ်သလို၊ မိမိနဲ့တော်စပ်တဲ့ သူအသည်းအသန်ဖြစ်တတ်တာကို သတိပြုပေးစေချင်ပါတယ်။
ယတြာ
အမတော်မြနန်းနွယ်ကို နွားနိုနဲ့ပေါက်ပေါက်ကပ်ပေးပါ။

***********************************
Sagittarius ( Nov 22- Dec 21 )
ခုကာလဟာ အရေးပါသော ဆုံးဖြတ်ချက်၊ လုပ်ရပ်များစွာရှိနေတတ်ပါတယ်။ အခက်အခဲ များကြားမှ အောင်မြင်တတ်ပါတယ်။ တစ်ခုသတိထားပေးရမှာကတော့ ရန်သူများ ဝိုင်းနေတတ်တယ်။ အိမ်ကတောင့် အကြောင်းမဟုတ်ဘဲ ရန်လုပ်ခံနေရတတ်တယ်။ ရှုံးပြီးမှ ဘဝသစ်ပြန်စသလိုဖြစ်နေတတ်ပါတယ်။ အခုချိန်မှာ တိုးတက်နိုင်ပေမယ်၊ အခက်အခဲ အတားအဆီးများကို ကျော်လွှားရပေအုံးမည်။
အလုပ်အကိုင်
အကြီးအကဲထံမှ အကူအညီ ရတတ်တယ်၊ တိုးတက်မှုလမ်းများကိုရှာဖွေနိုင်သောကာလဖြစ်ပါတယ်။ အလုပ်ထဲမှာ မာနချင်းပြိုင်နေပေမယ်၊ သည်းခံလေလေ မိမိဘဝမြင့်မားလေလေ ဖြစ်တတ်ပါတယ်။ လုပ်ငန်းရှင်များ တိုးတက်တဲ့ ဘဝပိုင်ဆိုင်နေရတတ်တယ်။ ကြန့်ကြာနေသော လုပ်ငန်းများပြန်လည်ပတ်နိုင်တယ်။
ငွေကြေး
ငွေဝင်ပေမယ်, ငွေမမြဲတတ်ပေ၊ မိမိသားသမီး, အမေတို့ ဆွေမျိုးတွေကြောင့် ငွေကုန်ကြေးကျများနေတတ်ပါတယ်။ တစ်ခုသတိထားပေးရမှာက မဲစုခြင်းများကို မလုပ်မိပါစေနဲ့။ ငွေအတွက် အလုပ်လက်နဲ့ လုပ်နေရတတ်တယ်။ အဝေးရောက်သူဆီက ငွေဝင်တတ်တယ်။ 


Share on Google Plus

0 comments:

Post a Comment