ပရိသတ်ကိုသွားစေချင်တာ အဓိကကလောပေါ့နော်... ချမ်းချမ်း




ပရိသတ်ကိုသွားစေချင်တာ အဓိက ကလောပေါ့နော်။ ကလောကအေးချမ်းတယ်။ တအားလည်းလှတယ်။ ဓာတ်ပုံရိုက် လို့အရမ်းကောင်းတယ်။ ဘယ်နေရာကြည့်ကြည့် ထင်းရှူးပင်တွေချည်းပဲ။ ပြီးတော့ ချင်းတောင်။ အစ်မကတော့ တစ်ခါပဲရောက်ဖူးသေးတယ်။ အရမ်းလှတယ်။ သူ့ရဲ့ဖွဲ့စည်းပုံက ရှေးဟောင်းဆန်တယ်။ သူတို့ရဲ့ရိုးရာအင်္ကျီလေးတွေဝတ်ပြီး အိမ်လေးတွေက တကယ့်စာဗူးတောင်းလေးတွေလို တွဲ လောင်းလေးတွေ တောင်နံရံမှာကပ်ပြီးနေကြတယ်။ ဇလပ်ပန်းလေးတွေ ဘုရားကျောင်းလေးတွေ ပျပျလေး။ အရမ်းအေးချမ်းတယ်။ အဲဒီနေရာကို ရောက်စေချင်တယ်။ ပြီးတော့ လွိုင်ကော်လည်းအစ်မ တအားကြိုက်တယ်။ ဘာမှမရှိဘူးပြောပေမယ့် တအားလှတယ်။ သူ့အလှကလည်း အင်းလေးအတိုင်းပဲ။ သိပ်ကိုလှတဲ့နေရာဆိုတော့ အဲဒီနေရာတွေကို ရောက်စေချင်ပါတယ်။ 

---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်


Share on Google Plus

0 comments:

Post a Comment