ဘယ်သူနဲ့မှ ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့…










ကိုယ့်ချစ်သူနဲ့ဆက်ဆံရေးကို တခြားစုံတွဲတွေ ဆက်ဆံရေးနဲ့နှိုင်းယှဉ်နေတာဆိုးရွားတဲ့ကိစ္စတစ်ခုပါ။ တစ်ခြားစုံတွဲတွေ ပျော်ရွှင်မြူးတူးနေတာကို အားကျမယ်။ လက်ရှိချစ်သူကို ယခင်တစ်ယောက် နဲ့နှိုင်းယှဉ်မယ်… ဒါတွေက မဖြစ်သင့်ပါဘူး။ ဘာကြောင့်မဖြစ်သင့်တာလဲ။
ဘာမှမမြင်တော့ဘူး
ကိုယ့်ပတ်ဝန်းကျင်က ကိုယ်အားကျရတဲ့ပြည့်စုံပျော်ရွှင်နေတယ်ထင်ရတဲ့ စုံတွဲတွေနဲ့ ကိုယ့်ချစ်သူကို နှိုင်းယှဉ်နေပြီဆိုရင် ကိုယ်ဟာဘာမှမမြင်နိုင်တော့ဘူးလို့မှတ်လိုက်ပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ပျော်ရွှင်မှုထက် သူပျော်ရွှင်မှုကိုပဲမြင်နေတာကိုး။

ကိုယ့်မှာရှိတာကိုမေ့လျော့သွားမယ်
ကိုယ့်သူငယ်ချင်းရဲ့ချစ်သူက သူ့ကို မာစီဒီးစ်ကားကြီးနဲ့လာကြိုမယ်။ စိန်လက်စွပ်ဝယ်ပေးမယ်။ ဒါဆိုပျော်ရွှင်စရာလို့မြင်နေပြီလား။ ဒီလိုဆိုရင်တော့ ကိုယ့်ချစ်သူကိုယ့်အပေါ်ဘာတွေဖြည့်ဆည်း ပေးပြီးသားလဲဆိုတာ မေ့လျော့သွားပါလိမ့်မယ်။

စိတ်ဓာတ်ကျစေမယ်
သူ့နေရာမှာ ကိုယ်မဖြစ်လိုက်ရတာနာတယ်ဆိုတဲ့ အတွေးမျိုး
တွေးမိနေပြီဆိုရင်တော့ တွေးလေစိတ်ဓာတ်ကျစရာကောင်းလေပါ။ ဒီထက်ဆိုးတာက ချစ်သူကိုစိတ်ထဲကနေ သစ္စာဖောက်မိ လျက်သားဖြစ်နေတာပေါ့။
သူ့ကိုထိခိုက်စေမယ်
သူ့နေရာမှာ ကိုယ်မဖြစ်ရတဲ့အတွက် အားမလိုအားမရအတွေးက အတွေးနဲ့တင်ရပ်တန့်မသွားပါဘူး။ အတွေးကနေ တစ်ဆင့် အပြုအမူနဲ့ဖော်ပြလာပါတယ်။ အပြုအမူက ပိုပြီးထင်ရှားလာလေ ချစ်ရတဲ့ ချစ်သူပိုပြီး ထိခိုက်နာကျင်လေပေါ့။

သူတို့ပျော်ရွှင်မှုက ကိုယ့်ကိုမပြောင်းလဲစေပါ
သူတို့ပျော်ရွှင်တယ်ထားပါတော့။ ဒီပျော်ရွှင်မှုက ကိုယ့်ကိုယ်ပျော်ရွှင်စေသလား။ တစ်စုံတစ်ယောက်က ပျော်ရွှင် တယ်ပဲထားပါတော့။ ကိုယ်က ဒီအပေါ်ယံ ပျော်ရွှင်မှုထက် ဒီလိုပျော်ရွှင်စေတဲ့ အနှစ်သာရကိုရှာဖွေရမှာပါ။

ကိုယ့်ပျော်ရွှင်မှုတွေနဲ့ လွဲချော်ကုန်မယ်
တခြားလူတွေရဲ့ပျော်ရွှင်မှုကို အာရုံစိုက်နေရတော့ ကိုယ်နဲ့ကိုယ့်ချစ်သူရဲ့ပျော်ရွှင်မှုကို အာရိုက်မစိုက်နိုင်… အဲဒီတော့ ပျော်ရွှင်စရာအချိန်လေးတွေ လွဲချော်ကုန်တာပေါ့။

ဘယ်သူမှ ပြီးပြည့်စုံတာမရှိ
လူတိုင်းအမှားကျူးလွန်ဖူးကြပါတယ်။ သူ့ရဲ့ပြီးပြည့်စုံမှုတွေကို ချစ်မြတ်နိုးပါ။ အမှားတွေနေရာမှာ အစားထိုးပြန်လည် ဖြည့်ဆည်းပေးလိုက်ပါ။ ကိုယ့်ပတ်ဝန်းကျင်က ပျော်ရွှင်နေတဲ့စုံတွဲတွေလည်း ဒီလို မလုပ်ဘူးလို့ဘယ်သူပြောနိုင်မှာပါလဲ။

ပိုပြီးအဆိုးမြင်စေလိမ့်မယ်
သူများပျော်ရွှင်မှုကိုပဲတွေးနေမှတော့ ကိုယ်တိုင်အားမလိုအားမရဖြစ်လာပြီးပေါ့။ အဲဒီတော့ ချစ်သူအပါအ၀င် ပတ်ဝန်းကျင်ကိုပါအဆိုးမြင်လာပါပြီ။

အချိန်အင်အား ကုန်ဆုံးစေတယ်
နောက်ဆုံး တခြားပျော်ရွှင်မှုတွေ အာရုံစိုက်နေရတော့ အချိန်လည်းကုန် လူလည်းစိတ်ပင်ပန်းလာတာပေါ့။
 Whitney
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 

Share on Google Plus

0 comments:

Post a Comment