ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိနေချိန်
ကမ္ဘာကြီးကကိုယ့်အတွက်ပါပဲ။
ဘာပဲဖြစ်ဖြစ်လုပ်နိုင်
တယ်လို့ယုံကြည်နေမယ်။ အလုပ်အင်တာဗျူးကိုအံတုနိုင်မယ်။ ကိုယ်သဘောကျနေတဲ့ကောင်လေးကိုတောင်မှ
အံ့သြမင်သက်သွားစေမယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်တိုးပွားလာအောင် ဘယ်လိုပြုပြင်ဖန်တီးကြမလဲ…
ဆက်သွယ်
တစ်ယောက်နဲ့တစ်ယောက်
ပြောဆိုဆက်သွယ်ပါ။
သဘောမကျတဲ့လူနဲ့တောင်စကားပြောပါ။
ဘယ်အခြေ အနေရောက်ရောက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အမြဲရှိနေစေမှာပါ။
စာများများဖတ်
အရေးကြီးဆုံးက
ဗဟုသုတများများရှိဖို့ပါ။ များများသိလေ
များများတွေးတတ်လေပါ။
တွေးရင်းတွေးရင်း ပြဿနာတွေကို တစ်ဆင့်တက်ပြီးဖြေရှင်းတတ်လာမယ်။
အကောင်းမြင်တတ်လာမယ်။
သီချင်းနားထောင်
ကိုယ်အကြိုက်ဆုံးသီချင်း၊
ကိုယ့်ကိုလွှမ်းမိုးနိုင်စွမ်းအရှိဆုံးသီချင်းကို နံနက်ခင်းမှာ နားထောင်လိုက်ပါ။ ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုအပြည့်နဲ့ လန်းဆန်းတက်ြွကနေပါလိမ့်မယ်။
အတိတ်က အောင်မြင်မှုတွေကို သတိရ
လူတွေကနေရင်းထိုင်ရင်း
အတိတ်ကိုမေ့သွားတတ်ကြပါတယ်။ တကယ်တော့ အတိတ်က
အောင်မြင်မှုလေးတွေက
ကိုယ်စိတ်ဓာတ်ကျ၊ ယုံကြည်မှုပျောက်ဆုံးနေချိန်မှာ တွေးဖို့အကောင်းဆုံး
အားဆေးလေးတွေပါ။
အသစ်သစ်တွေလေ့လာ
ဘာသာစကား၊
နည်းပညာ၊ ပညာရပ်အသစ်သစ်တွေကို
လေ့လာပါ။
စိတ်ဝင်စားပေးပါ။ ဒါမှ လူတိုင်းနဲ့စကားပြောတဲ့အခါ ယုံကြည်မှုအပြည့်နဲ့ပြောနိုင်ဆိုနိုင်မှာပါ။
အကြောက်တရားတွေကို တိုက်ထုတ်
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု
နည်းနေချိန် ဘာကိုမှမလုပ်ဖို့ အကြောင်းပြချက်ရှာတတ်ကြပါတယ်။ အကြောင်းပြချက်တွေက ထွက်ပေါက်ကောင်းတစ်ခုမဟုတ်ပါဘူး။
ဒီလိုလုပ်နေမယ့်အစား
အကြောက်တရားတွေကို
တွန်းလှန်တိုက်ထုတ်လိုက်ပါ။
ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်ပါစေ
အပြုံးက ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုတည်ဆောက်ဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုပါ။ အဲဒါကြောင့် ဘာပဲလုပ်လုပ် ကိုယ့်ကိုယ်ကိုယ်ကျေနပ်
ပြုံးပျော်ဖို့ ဦးဆုံးကြိုးစားပါ။
Crystal
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment