ငိုခြင်းနဲ့ကျန်းမာရေး














စိတ်မကောင်းစရာကြုံရတာမျိုးဖြစ်ဖြစ်၊ ပျော်စရာအဖြစ်အပျက်ကြုံရတာမျိုးဖြစ်ဖြစ် လူသားတွေက တစ်ခါ တစ်ရံငိုတတ်ကြပါတယ်။ တကယ်တော့ လူတွေရဲ့ Lacrimal Glands က နေ့စဉ်မျက်ရည် ၁၀ အောင်စ ထုတ်လုပ်ပြီး တစ်နှစ်မှာ ဂါလန် ၃၀ နီးပါးထုတ်လုပ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် အကြိမ်ရေများများငိုကြပါတယ်။

စိတ်ပျော့ပျောင်းသွားတာကြောင့် ငိုတဲ့မျက်ရည်မှာ ရေဓာတ် ၉၈ ရာခိုင်နှုန်းပါဝင်ပြီး ခံစားချက်ကြောင့်
ကျတဲ့မျက်ရည်မှာ စိတ်ဖိစီးမှုဟိုမုန်းမြင့်မားစွာပါဝင်ကြပါတယ်။ ဒါ့အပြင် ခံစားချက်ကြောင့် မျက်ရည် ကျစဉ်မှာ ခန္ဓာကိုယ်က အဆိပ်အတောက်တွေနဲ့ ဟိုမုန်းတွေဖယ်ရှားသန့်စင်ပါတယ်။ မျက်ရည်က မျက်ကြည်လွှာကို သက်သာရာရစေပြီး မျက်လုံးကို စိုစွတ်စေပါတယ်။ ဒါတင်မက ငိုခြင်းကကျန်းမာရေးကို အထောက်အကူလည်းပြုပါသေးတယ်။

အဆိပ်အတောက်တွေကို စွန့်ထုတ်ပေးတယ်…
ခန္ဓာကိုယ်ရဲ့စိတ်ဖိစီးမှုဟိုမုန်းတွေကို မြင့်တက်စေတဲ့ Cortisol တွေကို ခန္ဓာကိုယ်က စွန့်ထုတ်ပေးပါတယ်။ ဆီးသွားသလို၊ ချွေးထွက်သလိုပဲ ငိုတဲ့အတွက် ခန္ဓာကိုယ်အတွင်းက စိတ်ဖိစီးမှုဟိုမုန်းတွေကို စွန့်ထုတ်ပေး ပြီး စိတ်ပေါ့ ပါးစေပါတယ်။

စိတ်ဖိစီးမှုကင်းစင်စေတယ်
မျက်ရည်မှာ သွေးထက် စိတ်ကိုပြောင်းလဲ စေတဲ့သတ္ထုဓာတ်တစ်မျိုးဖြစ်တဲ့ Manganese ပါဝင်ပါတယ်။ ငိုလိုက် တဲ့အခါ ဒီ Manganese ကို ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်လိုက်တဲ့အတွက်စိတ်နဲ့ခန္ဓာ ကိုယ်ကိုပေါ့ ပါးသွားစေပါတယ်။

အမြင်အာရုံကောင်းစေတယ်
ငိုလိုက်တဲ့အခါ မျက်ဆန်ကို ကြည်လင်သွားစေပြီး အမြင်ပိုကောင်းသွားစေပါတယ်။ မျက်လုံးထဲ အမှုန်အမွှားဝင်တဲ့အခါ Lacrimal Glands တွေ လှုပ်လှုပ်ရှားရှားဖြစ်လာပြီး မျက်ဝန်းကို
သက်သာစေဖို့အရည်တွေထုတ်လွှတ်ပါတယ်။

စိတ်လင်စေတယ်
ငိုလိုက်တဲ့အခါ ခန္ဓာကိုယ်က စိတ်ကြည်လင်သွားစေဖို့ emdorphins ကိုထုတ်လွှတ်ပါတယ်။ ဒါ့အပြင်
emdorphas က ငိုပြီးတဲ့အခါနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားစေပါတယ်။

ဘက်တီးရီးယားတွေကိုသေစေတယ်
ငိုတဲ့အခါထွက်လာတဲ့မျက်ရည်တွေက အကောင်းဆုံးပိုးသတ်ဆေးရည်တစ်မျိုးပါ။ လူတို့က ဘက်တီးရီးယားဆဲလ်တွေရဲ့ ပြင်ပအလွှာကိုပြိုကွဲစေပြီး ပိုးမွှားများကိုသေစေပါတယ်။

နှာခေါင်းကိုစိုစွတ်စေတယ်
ငိုတဲ့အခါ နှာရည်ပါထွက်လာပြီး နှာခေါင်းနဲ့နှာခေါင်း
လမ်းကြောင်းတစ်လျှောက် စိုစွတ်ပြီးနေထိုင်ရ သက်သာသွားစေပါတယ်။

ဆက်ဆံရေးကောင်းလာစေတယ်…
လူနှစ်ယောက် ပဋိပက္ခဖြစ်ချိန်၊ ရန်ဖြစ်ချိန်၊ စိတ်ဆိုးဒေါသထွက်နေချိန် ငိုလိုက်မယ်ဆိုရင် တင်းကျပ်နေတဲ့စိတ်ကို ပျော့ပြောင်းသွားစေပြီး
အမြင်ကြည်လင်လာစေပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ဆက်ဆံရေးပိုကောင်းလာစေပါတယ်။
  ရန်နိုင်


 
Share on Google Plus

0 comments:

Post a Comment